Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

G-Dragon ၏ ကိုယ်ပိုင်အင်စတာဂရမ်အကောင့် အဟက်ခံရပြီးနောက် ဥပဒေအရအရေးယူမည်ဟု YG မှ ခြိမ်းခြောက်သတိပေး

Wed, Oct 05 2016

SEOUL, စက်တင်ဘာလ (21) ရက် (Yonhap) -- တောင်ကိုရီးယားနာမည်ကျော် ရက်ပ်အဆိုတော် G-Dragon ၏ ကိုယ်ရေးကိုယ်တာဓာတ်ပုံများကို အများပြည်သူသို့ဖြန့်ဝေခဲ့သော ဟက်ကာကို YG Entertainment မှ ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း အေဂျင်စီကဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါ သည်။ “G-Dragon ရဲ့ ကိုယ်ပိုင်အကောင့်အဟက်ခံခဲ့ရပြီး သူဟာကိုယ်ရေးကိုယ်တာချိုးဖောက်ထိပါးခြင်း ခံရတဲ့ ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပါတယ်” ဟု အေဂျင်စီကဖော်ပြချက်တွင် ပြောကြားထားပါသည်။ “ကျွန်တော်တို့အနေနဲ့ အဆိုပါကိစ္စကိုဖြစ်ပွားစေတဲ့ဟက်ကာနှင့် ကောလဟာလသတင်းတွေကို ရည်ရွယ်ချက်ရှိရှိဖြန့်ဝေတဲ့ မည်သူကိုမဆို စုံစမ်းစစ်ဆေးသူများနဲ့ ရှာဖွေဖော်ထုတ်သွားမှာပါ” မကြာသေးမီက နာမည်ကြီးလူငယ်အဖွဲ့ Big Bang အဖွဲ့ခေါင်းဆောင်သည် သူ၏ကိုယ်ပိုင်ဘဝဓာတ်ပုံ များအားဝေမျှရန်အတွက် သူငယ်ချင်းအယောက် (150) ရှိသော ကိုယ်ပိုင်အင်စတာဂရမ်အကောင့် တစ်ခုဖွင့်ခဲ့ပါသည်။ အဆိုပါဟက်ကာသည် ကိုယ်ရေးကိုယ်တာပုံများကို အဆိုတော်ထားရှိထားသော သီးသန့်ဖော်ပြချက်မှ အများပြည်သူတွေ့မြင်နိုင်သည့်ဖော်ပြချက်သို့ ပြောင်းလဲခဲ့ပါသည်။ ယခုလူမှု ကွန်ရက်တွင်ပျံ့နှံ့နေသည့်ပုံများထဲတွင် G-Dragon နှင့် ဂျပန်အမျိုးသမီးသရုပ်ဆောင် Nana Komatsu တို့၏ပုံများလည်းပါဝင်ပြီး ၎င်းတို့နှစ်ဦးတွဲနေသည်ဟူသော ကောလဟာလသတင်းများ လည်း ထွက်ပေါ်လာသည်။ “အွန်လိုင်းပေါ်မှာပျံ့နှံ့နေတဲ့တချို့ကောလဟာလဓာတ်ပုံတွေဟာ အစစ်လို့ထင်ရအောင် တစ်စုံတစ် ယောက်က ပြုပြင်ဖန်တီးထားပြီး (အဆိုတော်နှင့် အမျိုးသမီးသရုပ်ဆောင်) တို့ထိခိုက်နစ်နာမှုဖြစ် အောင်လုပ်ထားတာပါ” ဟု အေဂျင်စီကပြောကြားခဲ့သည်။ “အွန်လိုင်းနဲ့ဆိုရှယ်မီဒီယာတွေမှာပျံ့နှံ့နေတဲ့ အခြေအမြစ်မရှိတဲ့ကောလဟာလတွေနဲ့ အနုပညာရှင် ရဲ့ပုံရိပ်၊ ကိုယ်ရေးကိုယ်တာနဲ့ ဂုဏ်သိက္ခာကိုထိခိုက်နစ်နာစေတဲ့ ဘယ်လိုထိပါးမှုကိုမဆို ကျွန်တော်တို့ ပြင်းထန်စွာအရေးယူသွားမှာပါ”

jaeyeon.woo@yna.co.kr

(2016) ခုနှစ် ဧပြီလ (25) ရက်နေ့က Beijing မြို့တွင် ကျင်းပခဲ့သည့် ကားပြပွဲတစ်ခုတွင် ဓာတ်ပုံအရိုက်ခံနေသည့် နာမည်ကြီး အမျိုးသားအဖွဲ့ BigBang မှ G-Dragon။ (Yonhap)

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။