contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

လာမည့်အောက်တိုဘာလတွင် စစ်မှုထမ်းတော့မည့် Super Junior အဖွဲ့ဝင် Ryeowook

Wed, Oct 05 2016

SEOUL, စက်တင်ဘာလ (21) ရက် (Yonhap) - တောင်ကိုရီးယားနာမည်ကြီးလူငယ်အဖွဲ့ Super Junior ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သော Ryeowook သည် လာမည့်လတွင် စစ်မှုထမ်းတော့မည်ဟု သူ၏အေဂျင်စီကုမ္ပဏီ S.M. Entertainment မှ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါသည်။ (21) လကြာမြင့်မည့် မဖြစ်မနေစစ်မှုထမ်းရမည့်တာဝန်ကိုမထမ်းဆောင်ခင် သူသည် အောက်တိုဘာ လ (11) ရက်နေ့တွင် မြောက်ပိုင်း Chungcheong စီရင်စုရှိ Jeungpyeong ဒေသတွင် (5) ပတ်ကြာ စစ်ရေးလေ့ကျင့်မှုတစ်ခုကို စတင်ပြုလုပ်ရမည်ဖြစ်သည်။ အဖွဲ့လိုက်အနုပညာလှုပ်ရှားမှုများအပြင် ဇန်နဝါရီလ၌ တစ်ကိုယ်တော်တေးအယ်လ်ဘမ်ထွက်ရှိခဲ့ပြီး ထိုတေးအယ်လ်ဘမ်နှင့်ပတ်သက်၍ အရောင်းမြှင့်တင်ရေးများအား တက်ကြွလှုပ်ရှားစွာလုပ်ဆောင် လျက်ရှိပါသည်။ သူသည် ရေဒီယို DJ သမားအဖြစ်လဲ လုပ်ကိုင်ခဲ့ပါသေးသည်။ စစ်မှုမထမ်းခင် Bada နှင့်တွဲဖက်သီဆိုထားသော သီချင်းသစ် "Cosmic" ကို စက်တင်ဘာလ (23) ရက်နေ့ မနက် (12) နာရီတွင် Station ဒစ်ဂျစ်တယ်ဂီတရုပ်သံလိုင်းတွင် ထုတ်လွှင့်ပြသရန်စီစဉ်နေပါ သည်။ ကျန်းမာသန်စွမ်းသော တောင်ကိုရီးယားနိုင်ငံသားအားလုံးအနေဖြင့် စစ်မှုထမ်းရမည့်တာဝန်ကို အပြည့်အဝထမ်းဆောင်ရန်လိုအပ်သည်။

jaeyeon.woo@yna.co.kr


(2016) ခုနှစ်၊ ဇန်နဝါရီလ (25) ရက်နေ့က Seoul မြို့တွင် တစ်ကိုယ်တော် တေးအယ်လ်ဘမ်ဖျော်ဖြေပွဲ ကျင်းပပြုလုပ်သည့် Super Junior အဖွဲ့ဝင် Ryewook သီဆိုနေဟန် (Yonhap)

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။