Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

box office ထိပ်ဆုံးတွင်ဆက်လက်စံချိန်တင်နေသည့်ကိုရီးယားစုံထောက်ဇာတ်ကား

Thu, Oct 06 2016

By Shim Sun-ah

SEOUL, စက်တင်ဘာလ (19 ) ရက် (Yonhap) -- တောင်ကိုရီးယားဒါရိုက်တာ Kim Jee-woon ရိုက်ကူး သည့်နောက် ဆုံးထွက်ရှိထားသောအက်ရှင်ဇာတ်ကားသည် အချက်အလက်များအရ ယခုတစ်ပတ် box office ၏ ထိပ်ဆုံးတွင်ပြန်လည်ရပ်တည်နေပြီး ကြည့်ရှုသူ (2) သန်းကျော်ရှိကြောင်း စက်တင်ဘာလ (19) ရက်နေ့ တွင်ဖော်ပြထားသည်။ ကိုရီးယားရုပ်ရှင်အစည်းအရုံးမှ box office ၏ လက်ရှိအချိန်စာရင်းဇယားအရ ထိုသည်းထိပ်ရင်ဖိုစုံထောက် ဇာတ်ကားသည် ဒုတိယပတ်တွင် လက်မှတ်အားလုံး၏ (53.2) ရာခိုင်နှုန်းရောင်း ထွက်ခဲ့ပြီး ကြည့်ရှု့သူ အရေအတွက် (6) သန်းကျော်ရှိခဲ့သည်။ ထိုဇာတ်ကားသည် ယခုနှစ်၏ (7) ကားမြောက် အအောင်မြင်ဆုံး မှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။

"The Age of Shadows" ဇာတ်ကားကြော်ငြာပိုစတာ။ (Yonhap)

Chuseok ပိတ်ရက်ရှည်ကာလဖြစ်သည့် ဗုဒ္ဓဟူးနေ့မှ တနင်္ဂနွေနေ့အထိ Song Kang-ho နှင့် Gong Yooတို့ အဓိကပါဝင်သရုပ်ထားသော ထိုဇာတ်ကားသည် ရုပ်ရှင်ဝါသနာအိုး (3.37) သန်းကို ဆွဲဆောင်ဖမ်းစားနိုင်ခဲ့ သည်။ ထိုဇာတ်ကားသည် (1910-45) ခုနှစ် ဂျပန်ကိုလိုနီလက်အောက်ခံကာလအတွင်း ကိုရီးယားတော်လှန်ရေး သမားများနှင့် ဂျပန်နိုင်ငံအတွက် နှစ်ဖက်စုံထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ကိုရီးယားနိုင်ငံဖွား ဂျပန်လူမျိုးရဲအရာရှိတစ်ယောက်အကြောင်းကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားခြင်းဖြစ်သည်။

(1959) ခုနှစ် ဂန္တဝင်မြောက်ရုပ်ရှင်ဇာတ်ကားကိုပြန်လည်ရိုက်ကူးထားသည့်"Ben-Hur"ဇာတ်ကားသည် ကြည့်ရှု သူပေါင်း (591,308) ရှိပြီး ဒုတိယနေရာတွင်ရပ်တည်နေသည်။

(1959) ခုနှစ် သည်းထိပ်ရင်ဖိုဇာတ်ကားကိုပြန်လည်ရိုက်ကူးထားသော၊ "Ben-Hur" ဇာတ်ကားမှဇာတ်ဝင်ခန်း။ (Yonhap)

တတိယနေရာတွင် ရပ်တည်နေသောရုပ်ရှင်ဇာတ်ကားမှာ အမေရိကန်ရုပ်ရှင်ဇာတ်ကား"The Magnificent Seven"ဖြစ်သည်။ ထိုဇာတ်ကားသည် တစ်ပတ်အတွင်း လက်မှတ်ပေါင်း (391,031) စောင်အထိရောင်းချနိုင်ခဲ့ သည်။ နာမည်တူရုပ်ရှင်ဇာတ်ကားဖြစ်သည့် (1960) ခုနှစ်အနောက်တိုင်းရုပ်ရှင်ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထား သောထိုရုပ်ရှင်ဇာတ်ကားတွင် တောင်ကိုရီးယားနာမည်ကျော်မင်းသား Lee Byung hun ကအဓိကနေရာတွင်ပါ ဝင်သရုပ်ဆောင်ထားသည်။ ကိုရီးယားရာဇဝင်ဇာတ်ကား"Map Against the World"သည်ဒုတိယပတ်အတွင်း ကြည့်ရှုသူပေါင်း (297,463) ဖြင့် စတုထ္ထနေရာတွင် ရပ်တည်နေသည်။ ဒါရိုက်တာ Kang Woo-suk ရိုက်ကူးပြီး Cha Seung-won အဓိကပါဝင်သရုပ်ဆောင်ထားသော အဆိုပါရုပ်ရှင်ဇာတ်ကားသည် အသေးစိတ်မြေပုံဆွဲရန် နိုင်ငံအနှံ့ခရီးသွား ခဲ့သည့် (1392-1910) ခုနှစ် Jeseon ခေတ်တွင်ထင်ရှားခဲ့သောမြေပုံဆွဲဆရာနှင့် ပထဝီဝင်ပညာရှင်တစ်ယောက် ဖြစ်သူ Kim Jeong-ho ၏ ဘဝဇာတ်လမ်းအကြောင်းရိုက်ကူးပုံဖော်ထားခြင်း ဖြစ်သည်။ ဒါရိုက်တာ Tim Burton နှင့် သရုပ်ဆောင်မင်းသား Johnny Deppတို့ ရိုက်ကူးတင်ဆက်ထားသော Disney ၏ "Alice Through the Looking Glass" ရုပ်ရှင်ဇာတ်ကားသည် ပဉ္စမမြောက်နေရာတွင် ရပ်တည်နေသည်။ အဆိုပါဇာတ်ကားလက်မှတ်ပေါင်း (134,182) စောင်ရောင်းချနိုင်ခဲ့သည်။

sshim@yna.co.kr

"Map Against the World" ကိုရီးယားရုပ်ရှင်၏ဇာတ်ဝင်ခန်းတစ်ခန်း (Yonhap)

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။