Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

ပွဲဦးထွက်အယ်လ်ဘမ်ထွက်ရှိခဲ့တဲ့ K-pop Star 5 ဒုတိယဆုရှင် Ahn Ye-eun

Wed, Dec 14 2016

SEOUL၊ နိုဝင်ဘာလ (28) ရက် (Yonhap) -- တောင်ကိုရီးယားဂီတပြိုင်ပွ္ဂဲရှိုးဖြစ်တဲ့ "K-pop Star 5 ရဲ့ ဒုတိယဆုရှင် Ahn Ye-eun ဟာ ပွဲဦးထွက်တေးအယ်လမ်ဘမ် ထွက်ရှိခဲ့တယ်လို့ ယင်းအဆို တော်ရဲ့ ပြည်တွင်းဖြန့်ချိသူများက နိုဝင်ဘာလ (28) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

များစွာ ကြိုတင်မျှော်လင့်ထားတဲ့ ယင်းတေးအယ်လ်ဘမ်ကို ထိုရှိုးပွဲအပြီး (6) လအကြာမှာ ထွက်ရှိခဲ့ တယ်လို့ Sony Music Entertainment Korea Inc က ဆိုပါတယ်။

"Ahn Ye-eun" ရဲ့ အယ်လ်ဘမ်မှာ သီချင်း (9) ပုဒ်ပါဝင်ပြီး ချစ်သူတစ်ဦးအပေါ် ပြင်းပြတဲ့အချစ် ခံစားချက်များ၊ နေ့စဉ်အချစ်ဇာတ်လမ်းအကြောင်းနဲ့ ဖြူစင်သန့်ရှင်းတဲ့ ခံစားချက်မအကြောင်းကို ရေးဖွဲ့ထားတာဖြစ်ပါတယ်။

ယင်းအဆိုတော်ကိုယ်တိုင် သူမရဲ့သီချင်းအားလုံးကိုရေးစပ်ပြီး ထုတ်လုပ်ထားတာပါ။

နိုင်ငံအတွင်း သမ္မတ Park Geun-hye နဲ့ သူမရဲ့လူယုံတော် Choi Soon-sil တို့ ပါဝင်ပတ်သက်နေ တယ်ဆိုတဲ့ မကောင်းသတင်းတွေ ထွက်ပေါ်နေတာကြောင့် အယ်လ်ဘမ်ထွက်ရှိဖို့ ရွှေ့ဆိုင်းခဲ့ရတဲ့ အတွက် တောင်းဆိုမှုတွေကို ငြင်းဆန်ခဲ့ရတယ်လို့ Ahn ကပြောပါတယ်။ ဒါပေမယ့် သူမရဲ့ သီချင်း တွေကနေတဆင့် သူမရဲ့စိတ်အတွင်းနာကျင်မှုတွေကို အခြားသူများနဲ့အတူ မျှဝေပေးပြီး လူတိုင်းနဲ့ အချိန်ကုန်ခံကာကုစားနိုင်ဖို့ မျှော်လင့်တယ်လို့ ထိုအဆိုတော်က ပြောကြားလိုက်ပါတယ်။

ကိုရီးယားဂီတမှာ ကြီးမားတဲ့ မျိုးဆက်တစ်ခုကို မွေးထုတ်ပေးဖို့အတွက် "K-pop Star" ပြိုင်ပွဲရဲ့ မဏာမ အကဲဖြတ်ခြင်းတွေကို အာရှ၊ မြောက်အမေရိက၊ တောင်အမေရိက၊ ဥရောပနှင့် ဩစတေး လျတို့မှာ ကျင်းပပါတယ်။ဆုရရှိသူဟာ ၎င်းကြိုက်နှစ်သက်ရာ ခေါင်းစဉ်နဲ့ပွဲဦးထွက်အယ်လ်ဘမ် ထွက် ခွင့်ရရှိမှာဖြစ်ပြီးတော့ ကားသစ်နှစ်စီးနဲ့အတူ ငွေသားဆုများ ရရှိမှာဖြစ်ပါတယ်။ ထိုလူကြိုက်များတဲ့ ရှိုးပွဲရဲ့ ပဉ္စမမြောက်ရာသီပြိုင်ပွဲများကို (2015) ခုနှစ်၊ နိုဝင်ဘာလ (22) ရက်နေ့မှ (2016) ခုနှစ်၊ ဧပြီလ (10) ရက်နေ့အထိ ထုတ်လွှင့်ပြသခဲ့ပါတယ်။

deserts@yna.co.kr

Sony Music Entertainment Korea Inc. မှရရှိတဲ့ (2016) ခုနှစ်၊ နိုဝင်ဘာလ (28) ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ သူမကိုယ်တိုင်အမည်ပေးထားတဲ့ တောင်ကိုရီးယားအဆိုတော် Ahn Ye-eun ရဲ့ အယ်လ်ဘမ်ကာဗာပုံ။ (Yonhap)

Provided by Yonhap News.


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။