contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

SBS ဇာတ်လမ်းတွဲသစ်မှာ ပါဝင်သရုပ်ဆောင်မယ့် အဆိုတော်-သရုပ်ဆောင် Suzy

Wed, Dec 14 2016

SEOUL၊ နိုဝင်ဘာလ (28) ရက် (Yonhap) -- အကြားအမြင်ဆရာမတစ်ဦးနှင့် လက်တွေ့ဘဝမှာ ဖြစ်လာမယ့် သူမရဲ့အိပ်မက်တွေကို ရပ်တန့်စေဖို့ တွန်းလှန်သွားမယ့် အစိုးရရှေ့နေတစ်ဦးတို့ အကြောင်းကို ပုံဖော်ရိုက်ကူးမယ့် SBS ဇာတ်လမ်းတွဲသစ်မှာ အဆိုတော်-သရုပ်ဆောင် Suzy ဟာ အဓိကဇာတ်ဆောင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ ဒရာမာဇာတ်လမ်းတွဲထုတ်လုပ်ရေး ကုမ္ပဏီက နိုဝင်ဘာလ (28) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

"While You Were Sleeping" ဟု အစမ်းအမည်ပေးထားတဲ့ ယင်းဇာတ်လမ်းတွဲမှာ အမျိုးသမီး အဆိုတော်အဖွဲ့miss A ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Suzy က သရုပ်ဆောင်မင်းသား Lee Jong suk နဲ့ တွဲဖက်သရုပ်ဆောင်မှာဖြစ်တယ်လို့ iHQ ရဲ့ပြောကြားချက်အရသိရပါတယ်။

ဒီဇာတ်လမ်းတွဲမှာ Suzy ဟာ မတော်မဆထိခိုက်မှုတွေမဖြစ်ခင် အိပ်မက်ထဲမှာ ကြိုတင်မြင်နိုင်စွမ်း ရှိတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်မှာပါ။ ယခုနှစ်အစောပိုင်းမှာ "Uncontrollably Fond" အမည်ရှိ KBS အချစ်ဇာတ်လမ်းတွဲမှာ မျက်နှာပြောင်တတ်တဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းမှာ ခုဇာတ်လမ်းတွဲဟာ သူမရဲ့ ပထမဦး ဆုံးရုပ်သံဇာတ်လမ်းတွဲ ဖြစ်လာပါတယ်။

လာမယ့်နှစ်မှာ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားတဲ့ ယင်းဇာတ်လမ်းတွဲကို နာမည်ကြီးဇာတ်လမ်းတွဲ "Pinocchio" နဲ့ "I Can Hear Your Voice" တို့ကိုရေးသားခဲ့တဲ့ Park Hye-ryun ကရေးသား မှာဖြစ်ပြီးတော့ "Doctors" ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာ Oh Choong-hwan က စီစဉ်ရိုက်ကူးမှာ ဖြစ်ပါတယ်။

hague@yna.co.kr

ရက်စွဲမဖော်ပြထားတဲ့ အဆိုတော်-သရုပ်ဆောင် Suzy ရဲ့ပုံ ။ (Yonhap)

Provided by Yonhap News.