Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

Blue Dragon Awards ဆုပေးပွဲအခမ်းအနားမှာ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုရရှိသွားတဲ့ 'Inside Men' ရုပ်ရှင်ဇာတ်ကား

Thu, Dec 15 2016

SEOUL၊ နိုဝင်ဘာလ (25) ရက် (Yonhap) -- တောင်ကိုရီးယားသည်းထိတ်ရင်ဖိုမှုခင်းဇာတ်ကား "Inside Men" ဟာ နိုဝင်ဘာလ (25) ရက်နေ့မှာ နိုင်ငံရဲ့ဒုတိယထိပ်တန်းအဆင့်ရှိတဲ့ 2016 Blue Dragon Awards ဆုပေးပွဲအခမ်းအနားမှာ ထိပ်တန်းဆုကို ရရှိခဲ့ပါတယ်။

Seoul မြို့အရှေ့ပိုင်းရှိ Kyunghee တက္ကသိုလ်မှာ ကျင်းပပြုလုပ်တဲ့ ဆုပေးပွဲအခမ်းအနားမှာ "Inside Men" ရုပ်ရှင်ဇာတ်ကားဟာ ပြည်တွင်းအကောင်းဆုံးဇာတ်ကားဆုနဲ့ အကောင်းဆုံးသရုပ်ဆောင်မင်း သားဆုများ ရရှိခဲ့ပါတယ်။

Lee Byung-hun၊ Cho Seung-woo နှင့် Baek Yun-shik တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ထိုရုပ်ရှင်ဇာတ်ကားဟာ တောင်ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးသမားများ၊ လူချမ်းသာများနှင့် ဥပဒေဆိုင် ရာ အခွင့်အာဏာရပုဂ္ဂိုလ်များကြား ရှုပ်ထွေးတဲ့ ဆက်ဆံရေးများနဲ့ စနစ်တကျစီစဉ်ထားတဲ့ ရာဇဝတ် မှုကို ပုံဖော်ရိုက်ကူးထားတာပါ။

ဒါရိုက်တာ Woo Min-ho ရိုက်ကူးတဲ့အဆိုပါရုပ်ရှင်ဇာတ်ကားမှာ Lee ဟာ အငြှိုးကြီးတဲ့ နိုင်ငံရေး သမားလူယုံတော် Ahn Sang-guအဖြစ် အဓိကပါဝင်သရုပ်ဆောင်ခဲ့ပြီး ဆုချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။

(2016) ခုနှစ်၊ နိုဝင်ဘာလ (25) ရက်နေ့မှာ Seoul မြို့အရှေ့တောင်ပိုင်းရှိ Kyunghee တက္ကသိုလ်မှာ ကျင်းပတဲ့ 2016 Blue Dragon Awards ဆုပေးပွဲအခမ်းအနားရဲ့ ကော်ဇောနီထက်တွင် တက်ရောက်လျှောက်လှမ်း လာတဲ့သရုပ်ဆောင် Lee Byung-hun ။ (Yonhap)

ဒါရိုက်တာ Park Chan-wook ရိုက်ကူးထားတဲ့"The Handmaiden"ရုပ်ရှင်ဇာတ်ကားမှ Kim Min hee က အကောင်းဆုံးသရုပ်ဆောင်မင်းသမီးဆုရရှိခဲ့ပြီး"The Wailing" and "The Priests" ရုပ်ရှင် ဇာတ်ကားမှ Kunimura Jun နှင့် Park So-dam တို့က အကောင်းဆုံးဇာတ်ပို့မင်းသားဆုနဲ့ ဇာတ်ပို့ မင်းသမီးဆုတွေရရှိခဲ့ပါတယ်။

"Dongju: The Portrait of A Poet" ရုပ်ရှင်ဇာတ်ကားမှ Park Jung-min က အကောင်းဆုံးမျက်နှာ သစ်သရုပ်ဆောင်မင်းသားဆုရရှိခဲ့ပြီး "The Handmaiden" ရုပ်ရှင်ဇာတ်ကားမှ Kim Tae-ri က အကောင်းဆုံးမျက်နှာသစ်သရုပ်ဆောင်မင်းသမီးဆုရရှိခဲ့ပြီးတော့ အကောင်းဆုံးမျက်နှာသစ်ဒါရိုက် တာဆုကို "The World of Us" ၏ဒါရိုက်တာ Yoon Ga-eun ကရရှိခဲ့ပါတယ်။

sshim@yna.co.kr

(2016) ခုနှစ်၊ နိုဝင်ဘာလ (25) ရက်နေ့မှာ Seoul မြို့အရှေ့တောင်ပိုင်းရှိ Kyunghee တက္ကသိုလ်မှာ ကျင်းပတဲ့ 2016 Blue Dragon Awards ဆုပေးပွဲအခမ်းအနားရဲ့ ကော်ဇောနီထက်တွင် တက်ရောက်လျှောက်လှမ်းနေတဲ့ "The Wailing" ဇာတ်ကားရဲ့ ဒါရိုက်တာ Na Hong-jin ။ (Yonhap)

Provided by Yonhap News.


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။