Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

ဓာတ်ပုံများပေါက်ကြားပြီးနောက် G-Dragon မှာ ဂျပန်မင်းသမီးနှင့်တွဲနေသည်ဟူသော ကောလဟာလများ ထွက်ပေါ်

Wed, Oct 05 2016

SEOUL, စက်တင်ဘာလ. (18) ရက် (Yonhap) -- နာမည်ကြီးတောင်ကိုရီးယားအမျိုးသားအဖွဲ့ BigBang ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ G-Dragon မှာ လွန်ခဲ့သည့်သီတင်းပတ်က ၎င်း၏အင်စတာဂရမ်ဓာတ်ပုံများ ပေါက်ကြားပြီးနောက် ဂျပန်အမျိုးသမီးသရုပ်ဆောင်နှင့်တွဲနေသည် ဟူသောကောလဟာလများထွက်ပေါ် လာခဲ့ပါသည်။ G-Dragon နှင့် Nana Komatsu တို့ပါဝင်သည့်ဓာတ်ပုံများသည် တောင်ကိုရီယားပေါ့ပ်စတား၏ကိုယ်ပိုင် အင်စတာဂရမ်အကောင့် အဟက်ခံခဲ့ရပြီးနောက် စက်တင်ဘာလ (18) ရက်နေ့တွင် အွန်လိုင်းအသိုင်းအဝိုင်း များကြားတွင် ပျံ့နှံ့လာခဲ့ပါသည်။ ဓာတ်ပုံတစ်ပုံ၏အောက်တွင် အမည်မှန်မှာ BigBang အဖွဲ့ဝင် Taeyang ဖြစ်သည့် "_youngbae_" ဟူသော အသုံးပြုသူ ID ဖြင့် “မင်းသီချင်းတစ်ပုဒ်ရေးသင့်တယ်။ အဲဒီသီချင်းကို ‘Lover Boy’ လို့အမည်ပေးသင့်တယ်” ဟု မှတ်ချက်ရေးသားထားခဲ့သည်။

G-Dragon

အကောင့်ကိုဖျက်ပစ်လိုက်ပေမယ့်လည်း၊ တွဲနေကြတယ်ဆိုတဲ့ ကောလဟာလတွေက ဓာတ်ပုံတွေမပျံ့ခင် အခုနှစ်အစောပိုင်းကတည်းကစတင်ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ G-Dragon နဲ့ Komatsu တို့ဟာ ဖက်ရှင်မဂ္ဂဇင်း Nylon Japan ရဲ့ မေလမျက်နှာဖုံးအကြောင်းအရာမှာ တင့်တယ်နေခဲ့ပါတယ်။ ၎င်းတို့ရဲ့ရင်းနှီးတဲ့ဓာတ်ပုံရိုက်ကွင်းအရ ဂျပန်မဂ္ဂဇင်းကနေပြီးတော့ နာမည်ကျော် နှစ်ဦးဟာမေလမှာ Tokyo မှာကျင်းပတဲ့ BigBang ရဲ့ ပရိသတ်တွေ့ဆုံပွဲပြီးတဲ့နောက် ညစာစားခဲ့ကြတယ် လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ BigBang ကိုစီမံနေတဲ့ YG Entertainment ကတော့ G-Dragon နဲ့ Komatsu တို့ရဲ့ဆက်ဆံရေးနဲ့ ပတ်သက်ပြီး အတည်ပြုခဲ့ခြင်းမရှိဘဲ အဲဒါဟာစတားတွေရဲ့ကိုယ်ရေးကိုယ်တာကိစ္စပဲဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။

Nana Komatsu

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။