Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

'Running Man' အစီအစဉ်မှရရှိတဲ့ အနုပညာကြေးတွေကို လှူဒါန်းသွားမယ့် Song Ji-hyo နဲ့ Kim Jong-kook

Wed, Jan 04 2017

SEOUL၊ ဒီဇင်ဘာလ (19) ရက် (Yonhap) -- ပြီးခဲ့တဲ့အပတ်က အငြင်းပွားဖွယ်ဖြစ်ခဲ့တဲ့ "Running Man" ရသစုံလင်ရှိုးအစီအစဉ်မှ မမျှော်လင့်ဘဲ ရုတ်တရက်နှုတ်ထွက်ခဲ့ရတဲ့ သရုပ်ဆောင်မင်းသမီး Song Ji-hyo နဲ့ အဆိုတော် Kim Jong-kook တို့ဟာ ၎င်းတို့ရဲ့ လက်ကျန်ရရှိမယ့် အနုပညာကြေး အားလုံး ကို ပရဟိတအတွက် လှူဒါန်းသွားမယ်လို့ သူတို့ရဲ့ အေဂျင်စီ တွေက ဒီဇင်ဘာလ (19) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ယင်း SBS ရုပ်သံရှိုးရဲ့ မူလအဖွဲ့ဝင်တွေဖြစ်တဲ့ Song နဲ့ Kim တို့ဟာ (7) နှစ်ကြာပြီးနောက် အစီ အစဉ်မှ နှုတ်ထွက်တော့မယ်လို့ ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့တာပါ။ သို့ပေမယ့်လည်း ရုပ်သံ ထုတ်လုပ်သူတွေက ၎င်းတို့နှစ်ယောက်ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ထုတ်ပယ်ခဲ့တယ်ဆို တဲ့အကြောင်း ထွက်ပေါ်လာတာကြောင့် နောက်ပိုင်းမှာ ယင်းအစီအစဉ်ကြည့်ရှုသူပရိသတ်တွေ ကြားမကျေနပ်ချက်တွေ ကျယ်ပြန့်လာခဲ့ပါတယ်။

နာမည်ကြီးရုပ်သံအစီအစဉ်မှုး Kang Ho-dong ကို ဇန်နဝါရီလမှာ ယင်းအစီအစဉ်ရဲ့ season အသစ်မှာ ပါဝင်ဖို့ စီစဉ်ထားခဲ့ပြီး အငြင်းပွားမှုတွေဖြစ်ပွားပြီးနောက်တစ်နေ့မှာပဲ ဆုံးဖြတ်ချက်ပြန် ပြောင်းသွားတာဖြစ်ပါတယ်။

ဖိအားတွေကြောင့် အဆိုပါရှိုးကို ဖေဖော်ဝါရီလမှာ အပြီးအပိုင်ဖျက်သိမ်းတော့မယ်လို့ SBS က ဒီဇင် ဘာလ (16) ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

"Song Ji-hyo နဲ့ Kim Jong-kook တို့ဟာ နောက်တစ်ပတ်ကနေ အစီအစဉ်အဆုံးသတ်မယ့် ဖေဖေါ် ဝါရီလအထိ သူတို့ရရှိမယ့် အနုပညာကြေးအားလုံးကို လူမှုအဖွဲ့အစည်းအတွက် အသုံးပြုသွားဖို့ သဘောတူပြီးပါပြီ။" Song ရဲ့အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ "ဘယ်အချိန် ဘယ်နေရာ မှာ လှူဒါန်းမယ်ဆိုတာကိုတော့ ဆွေးနွေးနေတုန်းပါပဲ။"

ပြီးခဲ့တဲ့အပတ်က အဖြစ်အပျက်တွေကိုပြန်လည်ဆင်ခြင်သုံးသပ်ပြီး သူတို့ရဲ့အနုပညာကြေးတွေကို ကောင်းတဲ့နေရာတွေမှာသုံးဖို့ သရုပ်ဆောင်တွေက သဘောတူခဲ့တာဖြစ်တယ်လို့ Song ရဲ့အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက လှူဒါန်းမယ့်အစီအစဉ်နဲ့ပတ်သက်ပြီး အတည်ပြုပြောကြားသွားတာပါ။

hague@yna.co.kr
Kim Jong-kook (ဝဲ) နဲ့ Song Ji-hyo ။ (Yonhap)

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။