contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

ဇန်နဝါရီလ (15) ရက်နေ့မှာ ဂီတလောကသို့ တစ်ကျော့ပြန်လည်ဝင်ရောက်လာမယ့် အဆိုတော် Rain

Thu, Jan 05 2017

SEOUL၊ ဒီဇင်ဘာလ (19) ရက် (Yonhap) -- တောင်ကိုရီးယားအဆိုတော်-သရုပ်ဆောင် Rain ဟာ တခြားအဆိုတော်တွေနဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ အယ်လ်ဘမ်အသစ်နဲ့အတူ နောက်လမှာ ဂီတ လောကကို တစ်ကျော့ပြန်လည်ဝင်ရောက်လာတော့မယ်လို့ ၎င်းရဲ့အေဂျင်စီက ဒီဇင်ဘာလ (19) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ကမ္ဘာတစ်ဝှမ်း နာမည်ကြီးလူကြိုက်များတဲ့ အသက် (34) အရွယ် အဆိုပါသရုပ်ဆောင် ကြယ်ပွင့်ဟာ (3) နှစ်အတွင်း သူ့ရဲ့ပထမဆုံးအယ်လ်ဘမ်ကို ဇန်နဝါရီလ (15) ရက်နေ့မှာ ထွက်ရှိဖို့ စီစဉ်ထား တယ်လို့ Rain ကုမ္ပဏီကပြောကြားခဲ့ပြီး ယင်းတေးအယ်လ်ဘမ်ရဲ့ နမူနာပိုစတာကို ၎င်းရဲ့ဝက်ဘ် ဆိုက်မှာ ပြသထားပါတယ်။

ကိုယ်ပိုင်တေးသီချင်းပေါင်းစုံပါဝင်တဲ့ သူ့ရဲ့ (6) ကြိမ်မြောက်တေးအယ်လ်ဘမ် "Rain Effect "ကို (2014) ခုနှစ်၊ ဇန်နဝါရီလမှာ ထွက်ရှိခဲ့တာပါ။

"Rain ဟာ အယ်လ်ဘမ်သစ်ထွက်တိုင်းမှာ တမူထူးခြားတဲ့ ပုံစံမျိုးတွေထူးချွန်ပြောင် မြောက်တဲ့ တင်ဆက်မှုတွေနဲ့ထိပ်တန်းအရည်အသွေးမြင့်ရှိုးပွဲတွေမှာ အမြဲသီဆိုဖျော်ဖြေနေကျပါ။" လို့ အေဂျင်စီ ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

ယင်းအဆိုတော်ဟာ လျှို့ဝှက်ရိုက်ကူးထားတဲ့ တေးသီချင်းဗီဒီယိုအပါအဝင် အယ်လ်ဘမ်သစ်ထုတ် လုပ်ဖို့ ပြီးစီးနေပြီဖြစ်ပြီး တစ်ကျော့ပြန်လာဖို့ အစမ်းလေ့ကျင့်ပွဲကို ကျင်းပဖို့ပဲ ကျန်တော့တယ်လို့ သိရ ပါတယ်။

၎င်းရဲ့နောက်ထပ်ဖျော်ဖြေပွဲကို ဒီဇင်ဘာလ (30) ရက်နေ့၊ စင်ကာပူနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားပါ တယ်။

hague@yna.co.kr
(2016) ခုနှစ်၊ ဒီဇင်ဘာလ (19) ရက်နေ့က အေဂျင်စီဝက်ဘ်ဆိုက်ဒ်မှာပြသထားတဲ့ Rain ရဲ့ တစ်ကျော့ပြန်လည်ဝင်ရောက်လာမှုအတွက် နမူနာပိုစတာ။ (Yonhap)

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။