Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

ဟောင်ကောင်မှာ ပရိသတ် (4000) နဲ့ တွေ့ဆုံနှုတ်ဆက်ခဲ့တဲ့ သရုပ်ဆောင် Park Bo-gum

Thu, Jan 05 2017

SEOUL၊ ဒီဇင်ဘာလ (18) ရက် (Yonhap) -- "Love in the Moonlight" ရုပ်သံဇာတ်လမ်းတွဲ ရဲ့သရုပ်ဆောင်ကြယ်ပွင့် Park Bo-gum ဟာ နိုင်ငံတကာပရိသတ်တွေနဲ့ တွေ့ဆုံဖို့အတွက် ၎င်းရဲ့ ဒုတိယမြောက်အာရှခရီးစဉ်ဖြစ်တဲ့ ဟောင်ကောင်မှာ ပရိသတ်ပေါင်း (4000) ခန့်နဲ့ တွေ့ဆုံခဲ့တယ်လို့ ၎င်းရဲ့ အေဂျင်စီက ဒီဇင်ဘာလ (18) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာလ (17) ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပရိသတ်တွေ့ဆုံပွဲမှာ ဆွဲဆောင်မှုရှိတဲ့ အိမ်ရှေ့စံ မင်းသား Lee Yeong အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Park ဟာ ကမ္ဘာလှည့်ခရီးသွားတွေကြား လူကြိုက် အများဆုံးနေရာတစ်နေရာဖြစ်တဲ့ ဟောင်ကောင်ရဲ့ Victoria ပန်းခြံထဲမှာ ရိုက်ကူးထားတဲ့ သူ့ရဲ့ ပုံတွေကို ပြသခဲ့ပြီး ပရိတ်သတ်တွေကို ခရစ္စမတ်သီချင်း သီဆိုပြခဲ့တယ်လို့ Blossom Entertainment က ပြောကြားခဲ့တာပါ။

"ခရစ်စ္စမတ်မတိုင်ခင် ပရိသတ်တွေနဲ့အတူ တန်ဖိုးရှိတဲ့အချိန်တွေကို ဖြတ်သန်းရတာအရမ်းဝမ်းသာ ပြီး ကျေးဇူးတင်ပါတယ်။" လို့ Park က ပြောပါတယ်။ "နောင်တချိန်ချိန်မှာ ဟောင်ကောင်က ကျွန်တော့် ရဲ့ပရိသတ်တွေနဲ့ တိုက်ရိုက်စကားပြောနိုင်အောင် နိုင်ငံခြားဘာသာစကားတွေ ကြိုးကြိုးစားစား လေ့လာသင်ယူပါ့မယ်။"

(2015-16) ခုနှစ်မှာပြသခဲ့တဲ့ "Reply 1988" ရုပ်သံဇာတ်လမ်းတွဲမှာ သူ့ရဲ့သရုပ်ဆောင်ပိုင်းကြောင့် ပရိသတ်အသည်းစွဲဖြစ်လာခဲ့တဲ့ အသက် (23) အရွယ်အဆိုပါသရုပ်ဆောင်မင်းသားဟာ ပရိသတ် တွေ့ဆုံပွဲခရီးစဉ်ကို ဒီဇင်ဘာလ (10) ရက် နေ့က မလေးရှားနိုင်ငံမှာ စတင်ခဲ့ တာပါ။

ဟောင်ကောင်ခရီးစဉ်ပြီးတဲ့နောက်မှာလည်း သူဟာ အင်ဒိုနီးရှား၊ ထိုင်ဝမ်၊ တိုကျို၊ ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံတွေကို ဆက်လက်ထွက်ခွာဖို့ စီစဉ်ထားပြီး နောက်နှစ်အစောပိုင်းလောက်မှ ဆိုးလ်ကို ပြန်ရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

sshim@yna.co.kr
Blossom Entertainment မှရရှိတဲ့ ရက်စွဲမဖော်ပြထားတဲ့တောင်ကိုရီးယားသရုပ်ဆောင်မင်းသား Park Bo-gum ပုံ။ (Yonhap)

Provided by Yonhap News.

Copyright © 2017 MPT. All rights reserved.