Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

နားထိခိုက်ဒဏ်ရာရပြီးနောက် အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းလိုက်တဲ့ BTS အဖွဲ့ဝင် Suga

Fri, Jan 06 2017

SEOUL၊ ဒီဇင်ဘာလ (22) ရက် (Yonhap) -- တောင်ကိုရီးအမျိုးသားအဆိုတော်အဖွဲ့ Bangtan Boys ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Suga ဟာ နားထိခိုက်ဒဏ်ရာရခဲ့တာကြောင့် ယခုနှစ်မှာ ဆက်လက်သီဆို ဖျော်ဖြေနိုင်မှာမဟုတ်တော့ဘူးလို့ ထိုအဖွဲ့ရဲ့စီမံခန့်ခွဲမှုအေဂျင်စီက ဒီဇင်ဘာလ (22) ရက်နေ့မှာ ပြော ကြားလိုက်ပါတယ်။

အသက် (23) နှစ်အရွယ် ယင်းအဓိကရက်ပ်အဆိုတော်ဟာ တံခါးဘောင်နဲ့တိုက်ခဲ့မိတာကြောင့် နားထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Big Hit Entertainment က ၎င်းရဲ့လူမှုမီဒီယာအကောင့်မှာ ပြောကြားခဲ့တာပါ။

" ဒဏ်ရာကို ပိုဆိုးစေတဲ့ လှုပ်ရှားမှုတွေကိုရှောင်ကြဉ်သင့်တယ်လို့ ပလတ်စတစ်ဆာဂျရီ ဆရာဝန် တွေက ပြောကြားထားတာကြောင့် သူဟာ အစမ်းလေ့ကျင့်မှုတွေ၊ ဖျော်ဖြေပွဲတွေမှာ ပါဝင်နိုင်တော့မှာ မဟုတ်သလို လာမယ့်အပတ်အတွက် ပြန်လည်အားဖြည့်ဖို့အတွက်ပဲ အာရုံစိုက်ထားတယ်" လို့ အေဂျင်စီက ဆိုပါတယ်။

အဲဒီနေ့နောက်ပိုင်းမှာ Nonsan အနောက်ပိုင်းမြို့နဲ့ Geumsan အနီးအနားဒေသတွေမှာ ကျင်းပပြု လုပ်ဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေပွဲ (2) ပွဲမှာ ပါဝင်သီဆိုနိုင်တော့မှာမဟုတ်ဘဲ ပရိသတ်တွေကို နှုတ်ဆက် ဖို့အတွက်သာ စင်ရှေ့ထွက်လာတော့မယ်လို့ သိရပါတယ်။ သူဟာ လာမယ့်ရက်တွေမှာ ရုပ်သံအစီအ စဉ်တွေမှာ ပါဝင်မှာကိုလည်း ရှောင်ကြဉ်ထားတယ်လို့ အေဂျင်စီက ပြောကြားခဲ့တာပါ။

အဖွဲ့ဝင် (7) နှစ်ဦးပါတဲ့ ယင်းအဆိုတော်အဖွဲ့ဟာ ယခုနှစ်အတွင်းမှာ ပြည်တွင်းပြည်ပမှာ တဟုန်ထိုး လူကြိုက်များလာခဲ့ပါတယ်။

hague@yna.co.kr
Big Hit Entertainment မှရရှိတဲ့ Bangtan Boys အဖွဲ့မှ Suga ရဲ့ပုံ ။ (Yonhap)

Provided by Yonhap News.