Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

စစ်မှုထမ်းပြီး ပြန်လာတဲ့ Super Junior အဖွဲ့ဝင် Shindong

Fri, Jan 06 2017

SEOUL၊ ဒီဇင်ဘာလ (23) ရက် (Yonhap) -- တောင်ကိုရီးအမျိုးသားအဆိုတော်အဖွဲ့ Super Junior မှ Shindong ဟာ သူ့ရဲ့မဖြစ်မနေစစ်မှုထမ်းတာဝန် ပြီးဆုံးခဲ့တယ်လို့ ၎င်းရဲ့အေဂျင်စီက ဒီဇင်ဘာလ (23) ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အသက် (31) နှစ်အရွယ် ယင်းအဆိုတော်-ရုပ်သံတင်ဆက်သူဟာ ၎င်းရဲ့ (21) လကြာစစ်မှုထမ်း မိန့်တာဝန်ကို ပြီးဆုံးသွားပြီလို့ S.M. Entertainment က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြား ခဲ့တာပါ။ Shindong ဟာ KBS 2TV ရဲ့ခရီးသွားရှိုးဖြစ်တဲ့ "Bate Trip" ရှိုးမှာ အခြား Super Junior အဖွဲ့ဝင် Leeteuk နဲ့အတူ အနုပညာဖျော်ဖြေရေးလုပ်ငန်းတွေကို ပြန်လည်စတင်သွားမယ်လို့ သိရပါတယ်။

Shindong ဟာ (2005) ခုနှစ်မှာ အဖွဲ့ရဲ့ပထမဆုံးတေးအယ်လ်ဘမ်ဖြစ်တဲ့ "Super Junior 05" နဲ့ ပထမဆုံးပွဲဦးထွက်ခဲ့ပြီး "Sorry, Sorry"၊ "U" နဲ့ "Mr. Simple" စတဲ့နာမည်ကြီးတေးသီချင်းတွေနဲ့အ တူ ကမ္ဘာအဝှမ်းလူကြိုက်များမှုတွေရရှိခဲ့တာပါ။

Shindong ဟာ ဂီတနဲ့ပတ်သတ်တဲ့အနုပညာလူပ်ရှားမှုတွေအပြင် ရုပ်သံနဲ့ရေဒီယိုရှိုးတွေမှာ ပါဝင် လာခဲ့ပြီး သူ့ရဲ့တစ်ကိုယ်တော်အနုပညာလှုပ်ရှားမှုတွေကို ချဲ့ထွင်လာခဲ့ပါတယ်။

(2014) ခုနှစ်၊ ဒီဇင်ဘာလမှာ သူဟာ ပထမဦးဆုံးလက်ထပ်ခဲ့တဲ့ Super Junior အဖွဲ့ဝင်တစ်ဦးဖြစ် ခဲ့ပြီးနောက် နောက်နှစ်မတ်လမှာ စစ်မှုထမ်းမိန့်တာဝန်ကို ဆောင်ရွက်ဖို့ အဖွဲ့မှ ထွက်ခွာခဲ့တာပါ။

jwc@yna.co.kr
(2016) ခုနှစ်၊ စက်တင်ဘာလ (10) ရက် Seoul မြို့ မြောက်ပိုင်းရှိ Goyang မှာ ကျင်းပပြုလုပ်တဲ့ ပွဲအခမ်းအနားမှာ သီဆိုဖျော်ဖြေနေတဲ့ တောင်ကိုရီးယားယောက်ျားလေးအဆိုတော်အဖွဲ့ Super Junior အဖွဲ့မှ Shindong ။ (Yonhap)
Super Junior အဖွဲ့ဝင် Shindong ။ (Yonhap)

Provided by Yonhap News.