Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

Ricky Martin ရဲ့တေးအယ်လ်ဘမ်အသစ်မှာပါဝင်မယ့် Red Velvet အဖွဲ့မှ Wendy

Mon, Jan 09 2017

SEOUL၊ ဒီဇင်ဘာလ (23) ရက် (Yonhap) -- တောင်ကိုရီးယားမိန်းကလေးအဆိုတော်အဖွဲ့ဖြစ်တဲ့ Red Velvet အဖွဲ့မှ Wendy ဟာ နိုင်ငံတကာပေါ့ပ်ကြယ်ပွင့်အဆိုတော် Ricky Martin ရဲ့ ထွက်ရှိ တော့မယ့် တစ်ကိုယ်တော်တေးအယ်လ်ဘမ်မှာ ပူးပေါင်းတင်ဆက်သွားမယ်လို့ သူမရဲ့အေဂျင်စီက ဒီဇင်ဘာလ (23) ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

အဆိုပါ "VENTE PA'CA" သီချင်းကို လာမယ့် ဒီဇင်ဘာလ (27) ရက်နေ့ သန်းခေါင်ယံအချိန်မှာ iTunes နဲ့Spotify ဝက်ဘ်ဆိုက်အပါအဝင် ပြည်တွင်းပြည်ပတေး သီချင်းဝက်ဘ်ဆိုက်တွေမှာ ရရှိ နိုင်တော့မှာဖြစ်တယ်လို့ S.M. Entertainment က ပြောကြားခဲ့တာပါ။

S.M. Entertainment ကဖော်ပြထားတဲ့ Red Velvet မိန်းကလေးအဆိုတော်အဖွဲ့မှ Wendy ပုံ။ (Yonhap)

Reggae နဲ့ပေါ့ပ်အကတို့ရောနှောပေါင်းစပ်ထားတဲ့ အဆိုပါသီချင်းဟာ စက်တင်ဘာလက စပိန်ဘာ သာစကားဖြင့် ထွက်ရှိခဲ့တာဖြစ်ပြီး ယခုအကြိမ်မှာတော့ အင်္ဂလိပ်ဘာသာစကားနဲ့ ထွက်ရှိဖို့စီစဉ်ထား တာပါ။

ကိုလံဘီယာအဆိုတော် Maluma က featuring သီဆိုထားတဲ့ ယခင် version ဟာ ဒေသ (18) ခုရဲ့ iTunes chart တွေကို သိမ်းပိုက်လွှမ်းမိုးနိုင်ခဲ့ပြီး မက္ကဆီကို၊ အာဂျင်တီးနားနဲ့ချီလီနိုင်ငံတို့မှ Radio Airplay Chart တွေမှာလည်း ထိပ်ဆုံးကို ရောက်ရှိခဲ့တာပါ။၎င်းသီချင်းဟာ မက္ကဆီကို၊ အာဂျင်တီးနား နဲ့ ဥရုဂွေးနိုင်ငံတွေရဲ့ Spotify Chart တွေမှာလည်း နံပါတ် (1) ဖြစ်လာခဲ့ပြီးတော့ ထွက်ရှိတဲ့ပထမဆုံး တစ်ပတ်အတွင်းမှာပဲ အင်တာနက်ကနေတိုက်ရိုက်နားဆင်သူအရေအတွက် (560,000,000) ကျော် စံချိန်တင်ခဲ့တာပါ။

ပူးပေါင်းတင်ဆက်ထားတဲ့ အဆိုပါတစ်ကိုယ်တော်တေးအယ်လ်ဘမ်ဟာ S.M. နဲ့ Sony Music Entertainment တို့ပူးပေါင်းပြုလုပ်တဲ့ပရောဂျက်တစ်ခုဖြစ်ပါတယ်။

yujeoungkr@yna.co.kr
S.M. Entertainment ကဖော်ပြထားတဲ့ နိုင်ငံတကာပေါ့ပ်ကြယ်ပွင့်အဆိုတော် Ricky Martin ရဲ့ တစ်ကိုယ်တော်တေးအယ်လ်ဘမ်အသစ်ကာဗာပုံ။ (Yonhap)

Provided by Yonhap News.