Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

(သတင်းဖန်တီးသူ) သရုပ်ဆောင်ပိုင်းမှာ စိန်ခေါ်မှုအသစ်နဲ့ရင်ဆိုင်နေရတဲ့ သရုပ်ဆောင်မင်းသား Lee Kwang-soo

Mon, Jan 09 2017

SEOUL၊ ဒီဇင်ဘာလ (24) ရက် (Yonhap) -- တောင်ကိုရီးယားသရုပ်ဆောင်မင်းသား Lee Kwang-soo အတွက်တော့ ဒီနှစ်ဟာ အလုပ်များတဲ့နှစ်တစ်နှစ်ပါ။ ပြီးခဲ့တဲ့နှစ်တွေထဲက ပါဝင်ခဲ့တဲ့နာမည်ကြီးရသစုံလင်ရှိုး ဖြစ်တဲ့ "Running Man" အဖွဲ့ဝင်တစ်ယောက်ဖြစ်ရုံသာမက မော်ဒယ်လ်ဟောင်းတစ်ယောက်လည်းဖြစ်တဲ့ ယင်းအနုပညာရှင်ဟာ ဟာသကနေ ရာဇဝင်ဇာတ်ကားအထိ ကျရာအခန်းမှာ ဘက်ပေါင်းစုံပါဝင်သရုပ်ဆောင်ပြီး သူ့ရဲ့အနုပညာစွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။

မင်းသား Lee Kwang-soo ပုံများ။ (Yonhap)

သူ့ရဲ့ Pan-Asia ကျော်ကြားမှုဟာလည်း (2010) ခုနှစ်ကသူစတင်ပါဝင်ခဲ့တဲ့ SBS ရုပ်သံရှိုး "Running Man" ရဲ့ ကြယ်ပွင့်အဖြစ် ဆက်လက်ရပ်တည်နေပါတယ်။ တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတော်တော်များများ မှာ ယင်းရှိုးကို လူကြိုက်များခဲ့ပြီး သူ့ရဲ့ပရိသတ်တွေက သူ့ကို အာရှမင်းသား လို့ ခေါ်ဆိုခဲ့ကြတာပါ။ လက်ရှိမှာ တော့ သူဟာ တရုတ်နိုင်ငံမှာကြော်ငြာ (6) ခုရိုက်ကူးထားတယ်လို့လည်းသိရပါတယ်။

သို့သော်လည်း ပျာယာခတ်တတ်တဲ့ အသက် (31) နှစ်အရွယ်ယင်းသရုပ်ဆောင်အတွက် ရွေးရခက်မယ့်ပုံမျိုးကို ရိုက်ကူးထားတာဖြစ်ပါတယ်။

"Running Man" မှာ ပျော်စရာကောင်းတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ထိတ်လန့်မှုမရှိတဲ့ဟာသ သရုပ်ဆောင် အဖြစ်ပါဝင် သရုပ်ဆောင်ထားတဲ့ သူ့ရဲ့ပုံစံဟာ ထုတ်လုပ်သူတွေအနေနဲ့ ဒရာမာဇာတ်ကားတွေမှာ အလားတူ ဇာတ်ကောင်ပုံစံမျိုးနဲ့ သူ့ကို ပါဝင်သရုပ်ဆောင်စေခဲ့ပါတယ်။

တစ်နည်းအားဖြင့်တော့ ဒါဟာ သူ့ရဲ့နဂိုပုံစံကို ပိုပြီးမြှင့်တင်ပေးဖို့ ကူညီရာရောက်ပေမယ့်လည်း တခြားတစ် ဖက်က ကြည့်မယ်ဆိုရင် ဒါဟာ သူ့ရဲ့သရုပ်ဆောင်နေကျပုံစံကနေ ရုန်းထွက်ဖို့ သူ့အတွက် ပိုပြီးခက်ခဲစေမှာပါ။ သူ့ကို နောက်ထပ်ဇာတ်ကားမှာ ရယ်စရာကောင်းပြီး စိတ်ထားကောင်းတဲ့ပုံစံနဲ့ မြင်တွေ့ရမှာဖြစ်ပေမယ့်လည်း သူ့ရဲ့ဇာတ်ကောင်ပုံစံဟာ သူလုပ်လေ့လုပ်ထမရှိတဲ့ပုံတွေဖြစ်နေပြီး ပိန်ရှည်ရှည်ဖြစ်နေတဲ့ (အရပ် (190) စင်တီ မီတာ) သူ့ရဲ့ပုံစံက ကိုးရိုးကားရားပုံစံပေါက်နေတယ်။

"ဒီဒရာမာဇာတ်ကား (3) ကားလုံးကို ကြိုတင်ရိုက်ကူးထားတဲ့အတွက် ဘယ်အချိန်ထုတ်လွှင့်မယ်ဆိုတာကို တော့ ကျွန်တော်တို့မသိခဲ့ပါဘူး။ သေချာတော့မသိပေမယ့် ဒီဇာတ်ကားအားလုံးကို တစ်ချိန်တည်းပြသဖို့ ပြီးဆုံး ခဲ့လို့ ကျွန်တော်တို့လည်း ဝေခွဲမရဖြစ်နေတယ်။" လို့ ယင်းသရုပ်ဆောင်ရဲ့စီမံခန့်ခွဲမှုအေဂျင်စီ KINGKONG Entertainment ရဲ့ CEO Lee Jin-sung ကဆိုပါတယ်။

tvN ဇာတ်လမ်းတွဲ "Entourage" အတွက် Lee Kwang-soo ရဲ့ပိုစတာဓာတ်ပုံ။ (Yonhap)

နောက်ထပ်မမျှော်လင့်ထားတဲ့အကြောင်းအရာကတော့ ကြည့်ရှုသူပရိသတ်တွေဆီက အငြင်းပွားဖွယ်ကိစ္စတွေ နဲ့ပတ်သက်ပြီး ပရိသတ်တွေဆီက အကြီးအကျယ်တုန့်ပြန်မှုခံတဲ့နောက် "Running Man" ရဲ့ သရုပ်ဆောင် တွေနဲ့ ထုတ်လုပ်သူတွေဟာ ယင်းရှိုးကို ဖေဖော်ဝါရီလမှာ အဆုံးသတ်ဖို့ ပြီးခဲ့တဲ့အပတ်ကသဘောတူလိုက်ကြ ပါတယ်။CEO ရဲ့ခုလိုဆုံးဖြတ်ချက်ဟာ ယင်းသရုပ်ဆောင်အတွက် ပေါ့ပေါ့တန်တန်ကိစ္စတော့မဟုတ်ပါဘူး။ဒီနာ မည်ကြီးပရိုဂရမ်ကြောင့်သာ အခုသိနေကြတဲ့ Lee Kwang-soo ဖြစ်လာတာပါ။

""Running Man" ကို တော်တော်ချစ်ခင်ကြတာကြောင့် ဒီလိုမျိုးဖြစ်ရပ်အတွက် ကျွန်တော်တို့အနေနဲ့ စိတ် မကောင်းဖြစ်ရတယ်။" လို့ CEO ကဆိုပါတယ်။ "ဒါပေမယ့် (Lee) ရဲ့သရုပ်ဆောင်အလုပ်အတွက်တော့ ဘယ်အချိန်ဟာ ရှိုးကနေထွက်ဖို့ အချိန်ကောင်းဖြစ်မယ်ဆိုတာကို ကျွန်တော်တို့စဉ်းစားနေတုန်းပါ။"

"Lee ကို ဟာသသရုပ်ဆောင်ခန်းတွေအတွက်ကမ်းလှမ်းချက်များတယ်ဆိုတာ မှန်ပေမယ့်လည်း သူဟာ နှစ် အတော် ကြာပြီဖြစ်တဲ့ သူ့ရဲ့သရုပ်ဆောင်ပိုင်းအရည်အသွေးတွေကို အခြေခံတဲ့ တခြားဇာတ်ကောင်ပုံစံတွေ အတွက်လည်း ကမ်းလှမ်းချက်တချို့လည်းရှိနေပါတယ်။" လို့ သူကထပ်မံပြောကြားသွားပါတယ်။

ယခုအခါမှာတော့ ယင်းသရုပ်ဆောင်ဟာ Running Man ရဲ့ ကျန်ရှိနေတဲ့အပိုင်းတွေကို အဆုံးသတ်ဖို့နဲ့ (2017) ခုနှစ်အစောပိုင်းမှာ အာရှတစ်ဝှမ်းက ပရိသတ်တွေနဲ့ တွေ့ဆုံနိုင်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

hague@yna.co.kr
KBS ဟာသဇာတ်လမ်းတွဲ "Sound of Your Heart" မှ Lee Kwang-soo ပုံ။ (Yonhap)

Provided by Yonhap News.