Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

K-pop မိန်းကလေးအဆိုတော်အဖွဲ့တွေကြား နှစ်စဉ်အယ်လ်ဘမ်ရောင်းချရာမှာ ထိပ်ဆုံးကရပ်တည်နေတဲ့ TWICE အဖွဲ့

Tue, Jan 10 2017

SEOUL၊ ဒီဇင်ဘာလ (27) ရက် (Yonhap) – TWICE အဖွဲ့ဟာ တောင်ကိုရီးယားမိန်းကလေး အဆိုတော် အဖွဲ့တွေကြား ယခုနှစ်ရဲ့ အရောင်းရဆုံးအယ်လ်ဘမ်အဖြစ် ထိပ်ဆုံးကရပ်တည်နေတယ်လို့ ယင်းအဖွဲ့အေဂျင် စီက ဒီဇင်ဘာလ (27) ရက်နေ့ကပြောကြားထားတာပါ။

အဖွဲ့ဝင် (9) ဦးပါယင်းအဆိုတော်အဖွဲ့ဟာ သူတို့ရဲ့တတိယမြောက်နောက်ဆုံးထွက် EP ဖြစ်တဲ့ "TWICEcoaster.LANE1" ကို အောက်တိုဘာလ (24) ရက်နေ့ကထွက်ရှိခဲ့တာဖြစ်ပြီး အယ်လ်ဘမ်ပေါင်း (347,000) ကျော်ရောင်းချနိုင်ခဲ့တာပါ။

ပုံမှန်အားဖြင့် ယင်း EP ပေါင်း (50,000) (သို့) အဲဒီ့ထက်ပိုပြီးရောင်းချနိုင်ခဲ့တာဟာ တောင်ကိုရီးယားက ယင်း အဆိုတော်အဖွဲ့အတွက် အောင်မြင်မှုတစ်ခုလို့ ယူဆလို့ရတယ်လို့ ဂီတလောကမှကျွမ်းကျင်တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

(2015) ခုနှစ် အောက်တိုဘာလမှာ ယင်းအဖွဲ့ပွဲဦးထွက်ရှိချိန်ကစပြီး TWICE အဖွဲ့ဟာ EP ရောင်းရနှုန်းမှာ ပုံမှန်မြင့်တက်နေဆဲဖြစ်ပါတယ်။ ယင်းအဖွဲ့ရဲ့ ပွဲဦးထွက် EP "The Story Begins" ဟာ မကြာသေးမီကထွက်ရှိ ခဲ့တဲ့အယ်လ်ဘမ်လပဲအယ်လ်ဘမ်ပေါင်း (100,000) ရောင်းချနိုင်ခဲ့ပြီး ဒုတိယမြောက် EP "Page Two" ဟာ ပထမမြောက် EP ရဲ့နှစ်ဆနီးပါး အယ်လ်ဘမ်ပေါင်း (180,000) အထိရောင်းချနိုင်ခဲ့ပါတယ်။

"(TWICE) ဟာ ပွဲဦးထွက်ချိန်ကစပြီး (14) လအတွင်း အယ်လ်ဘမ်ပေါင်း (627,000) ကျော်ရောင်းချနိုင်ခဲ့ တာပါ။ ဒါဟာ ဘယ်မိန်းကလေးအဆိုတော်အဖွဲ့အတွက်မဆို ရနိုင်ဖို့ခက်ခဲတဲ့စံချိန်ဖြစ်တယ်။" လို့ JYP Entertainment ရဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

jwc@yna.co.kr JYP Entertainment ကရရှိတဲ့ ရက်စွဲမဖော်ပြထားတဲ့ "TWICE" မိန်းကလေးအဆိုတော်အဖွဲ့ပုံ။ (Yonhap)

Provided by Yonhap News.