Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

ဒီဇင်ဘာလ (28) ရက်နေ့တွင် ထုတ်လွှင့်ပြသမည့် ‘Legend of the Blue Sea’ အထူးအပိုင်းသစ်

Wed, Jan 11 2017

SEOUL၊ ဒီဇင်ဘာလ (28) ရက် (Yonhap) -- Jun Ji-hyun နဲ့ Lee Min ho တို့ပါဝင်သရုပ်ဆောင်ထားတဲ့ “Legend of the Blue Sea” ဒရာမာဇာတ်လမ်းတွဲ၏အထူးအပိုင်းသစ်ကို ယခုအပတ်အတွင်း ထုတ်လွှင့်ပြသတော့မှာဖြစ်ကြောင်း ထုတ်လွှင့်ပြသမယ့် SBS TV မှ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

အထူးအပိုင်းသစ်ကို ဒီဇင်ဘာလ (28) ရက်နေ့မှာထုတ်လွှင့်ပြသမှာဖြစ်ပြီး အဲ့ဒီ့အပိုင်းဟာ ဇာတ်လမ်းအကျဉ်းချုပ်လည်းဖြစ်ပါတယ်။

လက်ရှိမှာ အဆိုပါစိတ်ကူးယဉ်အချစ်ဇာတ်လမ်းဟာ 2013-14 ခုနှစ်အတွင်းရေပန်းစားခဲ့တဲ့ “My Love from the Star” ဒရာမာနဲ့ဆင်တူတဲ့ ၎င်းရဲ့ဇာတ်အိမ်နဲ့ နှေးကွေးတဲ့ဇာတ်လမ်းတိုးတက်မှုတွေကြောင့် ပြည်သူလူထုရဲ့အပြင်ဒအထန်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အဆိုပါထုတ်လွှင့်မယ့်အထူးအပိုင်းသစ်ကြောင့် အပိုင်း (14) ကို ဇန်နဝါရီလ (4) ရက်မှာမှရွှေ့ဆိုင်း ထုတ်လွှင့်တော့မှာဖြစ်ပါတယ်။

“ (Jun ပါဝင်သရုပ်ဆောင်ထားတဲ့) Joseon (ဂျိုဆွန်း) မင်းဆက်ခေတ်ကာလက ရေသူမလေး Shim Chung နဲ့ (Lee ပါဝင်သရုပ်ဆောင်ထားတဲ့) Heo Joon-jae တို့ကြားကအချစ်ဇာတ်လမ်းအပေါ်အခြေတည်ရိုက်ကူးထားတဲ့ အထူးအပိုင်းသစ်ကြောင့် ဒရာမာရဲ့ပထမတစ်ဝက်လောက်ကို ဇာတ်ကားတစ်ကားကိုကြည့်ရှုလိုက်ရသလိုမျိုး ကြည့်ရှုသူတွေ အကြမ်းဖျင်းသိရှိနိုင်မှာဖြစ်ပါတယ်” လို့ SBS မှပြောကြားခဲ့ပါတယ်။

yujeoungkr@yna.co.kr
SBS စီးရီး “Legend of the Blue Sea” မှပုံ။ (Yonhap)

Provided by Yonhap News.