Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

JYJ အဖွဲ့ မှ Jaejoong နှင့် Super Junior အဖွဲ့ မှ Sungmin တို့ စစ်မှုထမ်းကာလပြီးပြန်လည်ရောက်ရှိ

Wed, Jan 11 2017

SEOUL ဒီဇင်ဘာလ (30) ရက် (Yonhap) -- အမျိုးသားအဆိုတော်အဖွဲ့ JYJ မှ Jaejoong နှင့် Super Junior မှ Sungmin တို့သည် သောကြာနေ့က ၄င်းတို့၏ 2 နှစ်နီးပါး စစ်မှုထမ်းကာလပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

ရာပေါင်းများစွာသော ပရိတ်သတ်တို့သည် အနှုတ် 10 ဒီဂရီ စင်တီဂရိတ်ရှိသော အေးလွန်းသည့်ရာသီဥတုကို အံတုကာ ထိုအဆိုတော်များ၏အပြန်ကို ဂုဏ်ပြုကြိုဆိုရန်စောင့်ဆိုင်းခဲ့ကြပါတယ်။

ပြည်တွင်း၊ ပြည်ပမှပရိတ်သတ် 500 ကျော်က Jaejoong တပ်ခွဲရှေ့တွင် “ငါတို့စောင့်နေတယ် Jaejoong” နှင့် “JJ ၏ စတင်မှုအသစ်” ဟုရေးသားထားသော လက်ကိုင်ပိုစတာများ ကိုင်ဆောင်ကာ စုဝေးခဲ့ကြပါတယ်။

အမျိုးသားအဆိုတော်အဖွဲ့ JYJ မှ Jaejoong ဒီဇင်ဘာလ (30) ရက် 2016 ခုနှစ် တွင် ၄င်း၏စစ်မှုထမ်းကာလပြီးဆုံးပြီးနောက် ပရိတ်သတ်များနှင့် သတင်းထောက်များအားအလေးပြုနေပုံ။ (Yonhap)

“ကျွန်တော် ဘေးမသီရန်မခပဲ တာဝန်တွေကို ထမ်းဆောင်နိုင်ခဲ့အောင် အားပေးကျတဲ့လူတွေနဲ့ ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်တွေကို ကျေးဇူးတင်ပါတယ်။” လို့ Seoul မြို့တောင်ပိုင်း Yongin ရှိ 55th တပ်ခွဲတွင်တာဝန်ထမ်းဆောင်ခဲ့တဲ့ Jaejoong ကပြောကြားခဲ့ပါတယ်။

Seoul မြို့အနောက်ပိုင်း Incheon ရှိ 17th တပ်ခွဲတွင် တာဝန်ထမ်းဆောင်ခဲ့တဲ့ Sungmin ကလည်း သူ့ရဲ့ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။

Super Junior အဖွဲ့ဝင်ဟာ 2014 တွင် လက်ထပ်ပြီးနောက် လေးအကြာ မတ်လ (31) ရက်တွင် Jaejoong နှင့်တစ်ရက်တည်း စစ်မှုထမ်းဆောင်ရန် စာရင်းထုတ်ပြန်ခံခဲ့ရပါတယ်။

တောင်ကိုရီးယားနိုင်ငံမှ ကျန်းမာသန်စွမ်းသူ အမျိုးသားများအားလုံးဟာ မြောက်ကိုရီးယားနိုင်ငံနှင့် မျက်နှာချင်းဆိုင်ရှိ ကြီးမားတဲ့ခံတပ်နယ်နိမိတ်စည်းမျဉ်းတွင် 2 နှစ်ခန့်တာဝန်ထမ်းဆောင်ရန် ဥပဒေကို လိုက်နာကြရပါတယ်။

JYJ အဖွဲ့ဝင်သည် စနေနေ့တွင် ပရိတ်သတ်များနှင့်တွေ့ဆုံမည့်ပွဲပြုလုပ်ရန် ရွေးချယ်ခံထားရပါတယ်။

yujeoungkr@yna.co.kr
Super Junior မှ Sungmin ဒီဇင်ဘာလ (30) ရက် 2016 ခုနှစ် တွင် ၄င်း၏စစ်မှုထမ်းကာလပြီးဆုံးပြီးနောက် ပရိတ်သတ်များနှင့် သတင်းထောက်များအားအလေးပြုနေပုံ။ (Yonhap)

Provided by Yonhap News.