Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

တောင်ကိုရီးယားရုပ်ရှင် “Master” သည် Box Office ၌ ထိပ်ဆုံး 5 mln တွင်ရှိနေ

Thu, Jan 12 2017

SEOUL၊ ဇန်နဝါရီလ (1) ရက် (Yonhap) -- တောင်ကိုရီးယားမှ သည်းထိတ်ရင်ဖိုအက်ရှင်ဇာတ်ကား “Master” သည် နှစ်သစ်ကူးနေ့များမှစ၍ ကြည့်ရှု့သူ 5 သန်းကျော်အထိ ဆွဲဆောင်နိုင်ခဲ့ကြောင်း ရုပ်ရှင်နယ်ပယ် အချက်အလက်များမှ တနင်္ဂနွေနေ့တွင်ဖော်ပြခဲ့ပါတယ်။

ရုပ်ရှင်ဖြန့်ဖြူးရေးကုမ္ပဏီ CJ E&M အရ၊ ယင်းရုပ်ရှင်၏ တရားဝင်ပြသပြီးနောက် တခဲနက်အားပေးမှုရလာ ခဲ့သည်မှာ 13 ရက်မြောက်ရောက်ခဲ့ပါပြီဟုသိရပါတယ်။ စာရင်းကောက်ယူမှုများအား တနင်္ဂနွေနေ့ မနက် 7 နာရီ တွင် စတင်ခဲ့ပြီး၊ စနေ၊ တနင်္ဂနွေအားလပ်ရက်များ၏ ရောင်းအားကို ဂယက်ရိုက်စေခဲ့တယ်ဟု ၎င်းမှထပ်မံ ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာလကပြသခဲ့သည့်ရုပ်ရှင် Master အနေဖြင့် အချိန်တိုအတွင်းမှာ ကြည့်ရှုသူ 5 သန်းအထိ ရောက်ရှိခဲ့ခြင်းသည် ဒေသတွင်းပရိတ်သတ်များနှင့် ရုပ်ရှင်စိတ်ဝင်စားသူများ၏ သက်သေဖြစ်ကြောင်း ဖြန့်ဖြူးရေး ကုမ္ပဏီက ထပ်မံပြောကြားခဲ့ပါတယ်။

ရုပ်ရှင်လုပ်ငန်းတွင် အောင်မြင်လာသည့်အတွက်ကြောင့်၊ Master အနေဖြင့် တောင်ကိုရီုးယား Box Office ရောင်းအား၏ 43.6 ရာခိုင်နှုန်းအထိ သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

နိုင်ငံတွင်းအားပေးမှုအများအပြားရရှိထားသည့်အပြင်၊ ဒါရိုက်တာများလည်းဖြစ်သည့် ယင်းရုပ်ရှင်၏ အဓိက အမျိုးသားသရုပ်ဆောင် Kang Dong-won နှင့် Kim Woo-bin တို့သည် အာရှနိုင်ငံများသို့ ပရိသတ်များနှင့် တွေ့ဆုံနိုင်သည့် ဖျော်ဖြေရေးခရီးစဉ်တစ်ခုသွားရန် မျှော်လင့်နေပါတယ်။ သရုပ်ဆောင်များမှ မျှော်မှန်းထား သည့် ရုပ်ရှင်ဝါသနာအိုးများနှင့် တွေ့ဆုံနိုင်ရန် အဆိုပါဖျော်ဖြေပွဲအား ဟောင်ကောင်နှင့် စင်ကာပူတို့၌ ယခုလ နောက်ပိုင်းတွင် ကျင်းပသွားပါလိမ့်မည်။

၎င်းရုပ်ရှင်သည် ကြီးမားသည့်ဘဏ္ဍာရေးဆိုင်ရာ မကောင်းသတင်းတစ်ခုအပေါ်တွင် လူလိမ်တစ်ဦး၊ ၎င်း၏ လှည့်ဖြားတတ်သော ညာလက်ရုံးနှင့် စုံစမ်းစစ်ဆေးရေးရဲတို့အကြားရှိ အသိဉာဏ်ဆိုင်ရာစစ်ပွဲအား သရုပ်ဖော် ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။

deserts@yna.co.kr

Provided by Yonhap News.