Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

(Yonhap အင်တာဗျူး) “ဟန်ချက်ရန်” အသားပေးထားတဲ့ သက်တမ်းကြာပြီးရင့်ကျက်နေတဲ့ Shinhwa အဖွဲ့ရဲ့ 13 ခုမြောက် အယ်လ်ဘမ်

Thu, Jan 12 2017

SEOUL ဇန်နဝါရီလ (2) ရက် (Yonhap) -- 19 နှစ်တောက်လျောက် အဖွဲ့ဝင်များနှင့် အနုပညာလုပ်ငန်းများကို ရပ်တန့်ခြင်းလုံးဝမရှိခဲ့ပဲ လုပ်ကိုင်ခဲ့ပြီး Shinhwa အဖွဲ့သည် အထင်ကရအဖွဲ့တစ်ခုဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

1998 ခုနှစ်တွင် ပထမဆုံးပွဲဦးထွက်ခဲ့သော အဆိုတော်အဖွဲ့ဟာ သူတို့ရဲ့ 13 ခွေမြောက် စတူဒီယိုအယ်လ်ဘမ် “13th Unchanging-Touch” ကို တနင်္လာနေ့နံနက် 12 နာရီအချိန်တွင် စတင်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ ဒီအယ်လ်ဘမ်ဟာ 2 နှစ်အတွင်း ပထမဆုံးထွက်ရှိခဲ့တဲ့ သူတို့ရဲ့အပြည့်ပါတဲ့ အခွေတစ်ခွေလည်းဖြစ်ပြီး နိုဝင်ဘာလက ရှေ့ပြေးအနေနဲ့ နောက်ဆုံးထွက်ရှိထားတဲ့ EP အယ်လ်ဘမ်တစ်ခုဖြစ်တဲ့ “Shinhwa 13 Unchanging Part 1-Orange” နောက်ပိုင်း ပထမဆုံး သူတို့ရဲ့ အခွေလည်းဖြစ်ပါတယ်။

“unchanging” ကခေါင်းစဉ်တွင်ပါဝင်နေတာကိုကြည့်ခြင်းက သူတို့ရဲ့ကြိုးစားထားပြီး စစ်မှန်တဲ့ဖော်မြူလာ ဖြစ်တဲ့ အဖွဲ့ဝင်တွေရဲ့ အလွန်အမင်းယောင်္ကျားပီသတဲ့ ခန္ဓာကိုယ်ကြွက်သားများရဲ့ ပုံရိပ်တွေကို ပြသတဲ့ ပုံစံမှာပဲ စွဲကပ်နေတုန်းပဲဆိုတာ စိတ်ကူးကြည့်နိုင်ပါတယ်။

အမှန်တကယ်တော့ Shinhwa သည် ‘အသည်းကျော်သတ္တဝါကြီး’ လို့အဓိပ္ပါယ်ရတဲ့ K-pop ရဲ့ နဂိုမူလ ‘jimseung-dol’ ဖြစ်ပါတယ်။

မပြောင်းလဲတဲ့ ဖိအားအောက်မှာ ကျန်ရှိတဲ့ ဆီလျော်မှုကို ပြောင်းလဲရန် ခေါင်းစဉ်က အထင်အမြင်မှားစေနိုင်ပါတယ်။

အဲ့ဒါကြောင့် သူတို့ဟာ jimseung-dol အယူအဆနဲ့လုပ်နေတာဖြစ်ပြီး သူတို့ခေါ်တဲ့ “homme fatal” ပုံစံမျိုး ထင်မြင်ခံစားစေပါတယ်။

Shinhwa ကုမ္ပဏီမှ ထောက်ပံ့ပေးသော ယခုပုံအတွက် Shinhwa အဖွဲ့သားများ ဓာတ်ပုံအရိုက်ခံနေပုံ။ (Yonhap)

“အဖွဲ့ဝင်တွေက လတ်လတ်ဆတ်ဆတ်ပုံရိပ်တွေ တင်ဆက်နိုင်ဖို့အတွက် အချိန်တော်တော်များများ ယူပြီးအားသွန်ခွန်စိုက်ကြိုးစားထားပါတယ်” လို့ ‘Shinhwa’ ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Andy Lee က Seoul မြို့ထဲတွင် Yonhap News Agency နဲ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့တယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ‘Shinhwa’ အကြောင်းပြောကြတဲ့အခါမှာ အချိန်ကြာကြာရပ်တည်ခဲ့တဲ့ အထင်ကရအဖွဲ့တစ်ခုရဲ့ပုံရိပ်တစ်ခု လူတွေရဲ့စိတ်ထဲမှာပေါ်လာတာပါ” လို့ Shin Hye-sung ကလည်း သဘောတူခဲ့ပါတယ်။

“တကယ်လို့ကျွန်တော်တို့ရဲ့စတိုင်ကို ‘Brand New’ (အယ်လ်ဘမ်မှ) ပြင်ဆင်မယ်ဆိုရင် ကျွန်တော်တို့သီချင်းတွေကို လက်ခံဖို့လွယ်ကူပြီး ကျွန်တော်တို့အတွက်လည်းလွယ်ကူမှာပါ (ဖျော်ဖြေဖို့)။ ကျွန်တော်တို့အသစ်တွေကိုပဲ အမြဲတမ်းရှာဖွေနေခဲ့ပြီး ကျွန်တော်တို့အတွက် အဆင်ပြေလွယ်ကူစေတာတွေကို ဖယ်ထားပါခဲ့တယ်။” လို့ Hye-sung က မှတ်ချက်ပြုခဲ့ပါတယ်။

ခေါင်းစဉ်သီချင်း “Touch” အပါအဝင် အယ်လ်ဘမ်ထဲတွင် သီချင်း 10 ပုဒ်ပါဝင်ပါတယ်: “Heaven” နဲ့ “Super Power” အပါအဝင် သီချင်းအသစ် ငါးပုဒ်ပါဝင်ပြီး “13 Unchanging Part 1-Orange” မှ သီချင်းငါးပုဒ်ကို ပြန်လည်တီးခတ်ထားတာဖြစ်ပါတယ်။

“Part-1 ထဲကနေ ပရိတ်သတ်တွေအတွက် ပြန်ပြင်ဆင်ထားတဲ့သီချင်းတွေပါဝင်ပြီး ခေတ်မှီဆန်းပြားပြီး သားနားတဲ့ခံစားချက်ကို အဓိကအယ်လ်ဘမ်ထဲကိုထည့်ပြီး ဟန်ချက်ညီအောင် ကျွန်တော်တို့ကြိုးစားထားတယ်” လို့ Lee Min-woo က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ အကုန်လုံးဟန်ချက်ညီတာကို အသားပေးထားပြီး တစ်ယောက်တည်းဖျော်ဖြေတာမျိုးကို ဆန့်ကျင်ပြီး (သီချင်းတွေ) ခြောက်ယောက်လုံးသီဆိုထားတာပါ။”

Shinhwa ကုမ္ပဏီမှ ထောက်ပံ့ပေးသော ယခုပုံအတွက် Shinhwa အဖွဲ့သားများ ဓာတ်ပုံအရိုက်ခံနေပုံ။ (Yonhap)

“Touch” အင်အားပြင်းတဲ့ စိတ်ထိခိုက်ဖွယ်ကောင်းတဲ့ အီလက်ထရောနစ်နံပါတ်တစ်ခုဖြစ်ပြီး ကွဲကွာနေတဲ့ ချစ်သူတွေရဲ့ နောင်တတရားတွေနဲ့ နာကျင်မှုတွေအကြောင်း ရေးသားထားတာဖြစ်ပါတယ်။ အဖွဲ့ရဲ့ချီးမြှောက်မှုလုံလောက်စွာမရရှိခဲ့တဲ့ ဒီသီချင်းရဲ့နာမည်ကြီးတေးရေးဆရာ Kim Yi-na ကြောင့် ဒီသီချင်းဟာ မထွက်ရှိခင်ကတည်းက ပရိတ်သတ်ရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ပြီးဖြစ်ပါတယ်။

“Kim Yi-na က သေသေချာချာလေ့လာခဲ့မယ်လို့ ကျွန်တော်ထင်တယ် (သီချင်းစာသားများရေးသောအခါ)။ သီချင်းစာသားတွေက အဖွဲ့ဝင်တိုင်းရဲ့ ကိုယ်ပိုင် ကွဲပြားတဲ့ကာလာတွေကို သေချာစဉ်းစားထားပြီး ရေးထားတာပါ။” လို့ Kim Dong-wan က ပြောကြားခဲ့ပါတယ်။

Min-woo က သူမရဲ့အလုပ်ကို ကောင်းမွန်တဲ့ “ဟန်ချက်တည်ဆောက်မှု” အဖြစ်မြင်ပါတယ်။

“တစ်ခါတစ်လေ အရမ်းတွက်ချက်ထားတဲ့ သီချင်းစာသားတွေက သီချင်းနဲ့သိပ်ပြီး လိုက်ဖက်မှုမရှိတတ်ဘူး။ ဒါပေမယ့် ဒီတစ်ခုကတော့ ချွင်းချက်ပေါ့။” လို့ သူကပြောခဲ့ပါတယ်။

သူတို့ရဲ့ကြာရှည်တဲ့အောင်မြင်မှုမျိုးဟာ အထူးသဖြင့် အခုလက်ရှိ နည်းကုန်လမ်းကုန်ပြိုင်ဆိုင်နေကြတဲ့ ဂီတအသိုင်းအဝိုင်းမှာ ရှားလွန်းပါတယ်။ အထူးသဖြင့် အဖွဲ့တွင်းမှာ အတွင်းပဋိပက္ခတွေ အဖွဲ့ဝင်အားလုံးမှာ တစ်ယောက်နဲ့တစ်ယောက်ဖျန်ဖြေပေးတဲ့ စရိုက်မျိုးရှိနေပါတယ်လို့ သူတို့ပြောကြပါတယ်။

“ပဋိပက္ခတွေဆိုတာ ဘယ်အဖွဲ့အခြေအနေတွေရဲ့ အပေါ်ယံမှာမဆိုရှိမှာသေချာပါတယ်။ ဒါပေမယ့် ပဋိပက္ခလေးတွေရှိလာတဲ့ အချိန်တွေမှာ ကျွန်တော်တို့ဆီမှာ တစ်ယောက်နဲ့တစ်ယောက် ဖျန်ဖြေပေးတဲ့ အဖွဲ့ဝင်တွေရှိနေပါတယ်။” လို့ Eric Mun ကပြောခဲ့ပါတယ်။

Shinhwa အဖွဲ့အနေနဲ့ ဖေဖော်ဝါရီလ (4) ရက်နေ့တွင် Taiwan တွင် ဖျော်ဖြေပွဲတစ်ပွဲပြုလုပ်ရန်ရှိပြီး အဲ့နောက်မှာ Busan နဲ့ Daegu မြို့တို့တွင် ရှိုးပွဲများ ဖျော်ဖြေရန်အစီအစဉ်ရှိပါတယ်။

odissy@yna.co.kr

Provided by Yonhap News.