contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

ချိန်းတွေ့နေကြသည်ဆိုသည့် ကောလဟာလများအား ငြင်းဆိုပြီး လိုအပ်ပါက ဥပဒေအရ ဆောင်ရွက်မည်ဖြစ်ကြောင်း ချိန်းခြောက်လိုက်တဲ့ Kim Soo-hyun နှင့် An So-hee

Tue, Feb 14 2017

SEOUL ဖေဖော်ဝါရီလ (7) ရက် (Yonhap) -- တောင်ကိုရီးယား သရုပ်ဆောင်မင်းသား Kim Soo-hyun နှင့် ယခင် Wonder Girls အဖွဲ့ဝင် An So-hee တို့သည် ချိန်းတွေ့နေကြပြီး မကြာခင် လက်ထပ်ရန် စီစဉ်နေကြတယ်ဆိုသော အတင်းအဖျင်းစကားများအား နှစ်ဦးစလုံးမှ ဖေဖော်ဝါရီလ (7) ရက်နေ့က ငြင်းဆိုခဲ့ပါတယ်။

ထိုကောလဟာလမှာ “လုံးဝ မမှန်ကန်ကြောင်း” နှင့် “တရားဥပဒေဆိုင်ရာ အရေးယူမှု အပါအဝင် ပြင်းထန်တဲ့အရေးယူမှုများ” ဆောင်ရွက်မည်ဖြစ်ကြောင်း Kim နှင့် An တို့နှစ်ဦးစလုံးရဲ့ ကိုယ်စား အလားအလာရှိသူများကို စုံစမ်းရှာဖွေသည့် အေဂျင်စီ Keyeast Co., မှ ပြောကြားခဲ့ပါတယ်။

(2016) ခုနှစ်၊ နိုဝင်ဘာလ (14) ရက်နေ့တွင် Seoul မြို့လယ်ရှိ Lotte ဟိုတယ်၌ ကျင်းပသည့် မီဒီယာပွဲတစ်ပွဲတွင် ဓာတ်ပုံအရိုက်ခံနေသည့် သရုပ်ဆောင် Kim Soo-hyun (Yonhap)

(2013-2014) ခုနှစ်က အောင်မြင်ခဲ့သည့် ကိုရီးယား TV ရုပ်သံဇာတ်လမ်းတွဲ “My Love From the Star” ရဲ့ ငွေကြယ်ပွင့်သရုပ်ဆောင် Kim သည် An နှင့် ဧပြီလနှောင်းပိုင်းတွင် လက်ထပ်ရန် စီစဉ်နေကြောင်း ဖေဖော်ဝါရီလ (6) ရက်နေ့က တရုတ်နိုင်ငံ၏ အကြီးဆုံးအင်တာနက်ပေါ်တယ် Sina.com တွင် ထွက်ပေါ်ခဲ့ပါတယ်။

၎င်းတို့နှစ်ဦးအား ထိုသို့အတင်းအဖျင်းအပြောခံရခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ပါ။ Kim နှင့် အဆိုတော်မှ မင်းသမီးဖြစ်လာသည့် သူမတို့ ချိန်းဆိုမှုများရှိနေကြောင်း (2015) ခုနှစ် နှောင်းပိုင်းတုန်းကလည်း ကောလဟာလများ ထွက်ပေါ်ခဲ့ပါသေးတယ်။ ထိုသတင်းများကို နှစ်ဦးစလုံးက ငြင်းဆိုခဲ့ကြပါတယ်။

ရိုက်စားဝက်ဘ်ဆိုဒ်များရဲ့ ကလစ်ထောင်ချောက်များမှတစ်ဆင့် ထိုအတင်းအဖျင်းသည် ပြန့်ပွားလာရခြင်း ဖြစ်မည်ဟု Keyeast က ယုံကြည်နေပါတယ်။

ထိပ်တန်းမင်းသမီးတစ်ဦးနဲ့ ချစ်ကြိုက်နေတဲ့ ပြင်ပကမ္ဘာမှ ဂြိုလ်သားတစ်ဦးရဲ့ အကြောင်းကို ရိုက်ကူး ထားသည့် “My Love from the Star” တွင် ပါဝင်သရုပ်ဆောင်ပြီး Kim သည် အောင်မြင်ကျော်ကြားသူတစ်ဦး ဖြစ်ခဲ့ပါတယ်။ ထိုဇာတ်လမ်းတွဲသည် နိုင်ငံတွင်းမှာသာမက တရုတ်နိုင်ငံတွင်လည်း လူကြိုက်များခဲ့ပါတယ်။

An သည် ယခင်နှစ်က အလွန်အောင်မြင်ခဲ့သော ကိုရီးယား zombie ဇာတ်လမ်း “Train to Busan” နှင့် ယခုလက ပြသသော Lee Byung-hum ၏ “Single Rider” ရုပ်ရှင်တို့တွင် ပါဝင်သရုပ်ဆောင်ထားပါတယ်။

odissy@yna.co.kr
(2017) ခုနှစ်၊ ဇန်နဝါရီလ (16) ရက်နေ့က Seoul တောင်ပိုင်းရှိ ရုပ်ရှင်ရုံတစ်ရုံတွင် သူမပါဝင် သရုပ်ဆောင်ထားသည့် ရုပ်ရှင်အတွက် မီဒီယာတွေ့ဆုံပွဲတွင် မင်းသမီး An So-hee မှ သတင်းထောက်များ မေးမြန်းသည်များကို ဖြေကြားနေသည့်ပုံ။ (Yonhap)

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။