Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

ဖျော်ဖြေပွဲတွင် သီချင်းအသစ်များကို ပွဲထုတ်မယ့် Bangtan Boys

Wed, Feb 15 2017

SEOUL ဖေဖော်ဝါရီလ (8) ရက် (Yonhap) -- အတိုကောက်နာမည် BTS ဖြင့် လူသိများတဲ့ တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ Bangtan Boys အဖွဲ့သည် မကြာမီကျင်းပတော့မှာဖြစ်တဲ့ ၎င်းတို့ရဲ့ဖျော်ဖြေပွဲတွင် သီချင်းအသစ်များဖြင့် ဖျော်ဖြေရန်ပြင်ဆင်နေကြကြောင်း ထိုအဖွဲ့ရဲ့အေဂျင်စီက ဖေဖော်ဝါရီလ (8) ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီလ (18-19) ရက်များတွင် Seoul မြို့အနောက်ပိုင်းမှ Gocheok Sky Dome တွင် အဖွဲ့ဝင်ခုနစ်ဦးဖျော်ဖြေတင်ဆက်မည့် “2017 BTS Live Trilogy Episode III The Wings Tour” ပွဲတွင် သီချင်းအသစ်များဖြစ်တဲ့ “Not Today” နှင့် “Spring Days” တို့ကိုလည်း ထည့်သွင်းဖျော်ဖြေသွားမည် ဖြစ်ကြောင်းသိရပါတယ်။

“You Never Walk Alone” ဟု အမည်ပေးထားတဲ့ အယ်လ်ဘမ်အသစ်ကို လာမည့် တနင်္လာနေ့ည သန်းခေါင်ယံအချိန်တွင် ထွက်ရှိရန်ရွေးချယ်ထားပါတယ်။

“(2014) ခုနှစ်က စတင်ခဲ့သော ‘BTS Live Trilogy Episode’ ကိုပိတ်သိမ်းမယ့် နောက်ဆုံးအစီအစဉ်ပါ” လို့ Big Hit က ပြောကြားခဲ့ပါတယ်။

“သီချင်းအသစ်တွေနဲ့ ဖျော်ဖြေတင်ဆက်မယ့် အစီအစဉ်က ပရိသတ်တွေအတွက် လက်ဆောင်တစ်ခုဖြစ်ပါလိမ့်မယ်။”

ထိုအယ်လ်ဘမ်တွင် သီချင်းအသစ်လေးပုဒ်ဖြစ်သော “Spring Days”၊ “Not Today”၊ “Outro: Wings” နှင့် “A Supplementary Story: You Never Walk Alone” တို့ အပါအဝင် သီချင်း (18) ပုဒ် ပါဝင်မှာဖြစ်ပါတယ်။ လူငယ်တွေရဲ့ ရင့်ကျက်ဖွံ့ဖြိုးမှုတွေ ပါဝင်ထားပြီး BTS ရဲ့ ဒုတိယနဲ့နောက်ဆုံး LP အယ်လ်ဘမ်ဖြစ်တဲ့ “Wings” နဲ့ မတူညီပဲကွဲပြားသည်မှာ “You Never Walk Alone” တွင် ပင်ပန်းနွမ်းလျနေတဲ့ လူငယ်၊ လူရွယ်တွေအတွက် မျှော်လင့်ချက်များနဲ့ နွေးထွေးတဲ့နှစ်သိမ့်မှုများ ပါဝင်မှာဖြစ်ကြောင်း ထိုအေဂျင်စီကပြောကြားခဲ့ပါတယ်။

yujeoungkr@yna.co.kr
idol ဖျော်ဖြေတင်ဆက်မှုအေဂျင်စီ Big Hit Entertainment မှ ရရှိသော တောင်ကိုရီးယားအမျိုးသား အဆိုတော်အဖွဲ့ Bangtan Boys အဖွဲ့၏ပုံ (Yonhap)

Provided by Yonhap News.


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။