Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

(LEAD) ‘Infinite Challenge’ ခေတ္တရပ်နားခြင်းကြောင့် ရောင်းအား ဝမ် 2 ဘီလီယံခန့် MBC ဆုံးရှုံးနိုင်

Wed, Feb 15 2017

SEOUL ဖေဖော်ဝါရီလ (8) ရက် (Yonhap) – သက်ဆိုင်ရာနယ်ပယ်ကနေ ဖေဖော်ဝါရီလ (8) ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ခန့်မှန်းချက်တွေအရ ရုံးပိတ်ရက်မှာထုတ်လွှင့်ပြသတဲ့ နာမည်ကြီးရှိုး “Infinite Challenge” ခေတ္တရပ်နားတာကြောင့် ရောင်းအား ဝမ် (2) ဘီလီယံ (အမေရိကန်ဒေါ်လာ (1.75) မီလီယံ) လောက် သူ့ရဲ့ကွန်ယက်ဖြစ်တဲ့ MBC TV ဆုံးရှုံးရနိုင်တယ်လို့ သိရပါတယ်။

(2005) ခုနှစ်မှာစတင်ထုတ်လွှင့်ခဲ့တဲ့ မစ်ရှင်ထမ်းဆောင်ရတဲ့လက်တွေ့ဘဝအစီအစဉ်ဟာ တောင်ကိုရီးယားရဲ့ ကြည့်ရှုသူအများဆုံး ဒရာမာမဟုတ်တဲ့အစီအစဉ်တွေထဲက တစ်ခုဖြစ်ပြီး ထုတ်လွှင့်ပြသတဲ့ရုပ်သံလိုင်းအတွက် အဓိကငွေရှာပေးတဲ့အစီအစဉ်လည်းဖြစ်ပါတယ်။

(2017) ခုနှစ်၊ ဒီဇင်ဘာလ၊ (29) ရက်နေ့က Seoul မြို့မြောက်ပိုင်းမှာကျင်းပတဲ့ 2016 MBC Entertainment Awards တွင် ဓာတ်ပုံအရိုက်ခံနေသော “Infinite Challenge” အဖွဲ့သားများ။ (Yonhap)

ပြန်လည်ဖွဲ့စည်းဖို့အတွက် စနေနေ့ညနေခင်းအစီအစဉ်ကို ဇန်နဝါရီလ (28) ရက်နေ့မှာ ခုနှစ်ပတ်ကြာ ခေတ္တရပ်နားမှာဖြစ်ပါတယ်။ အဲ့ဒီ့အစီအစဉ်ကို အပိုင်းလေးပိုင်းပါရှိတဲ့ ဟာသအထူးအစီအစဉ် “golden timeslot” အပြင် ပြန်လည်ထုတ်လွှင့်ပြသမှုတွေနဲ့အစားထိုးပြသမှာဖြစ်ပါတယ်။

Yoo Jae-suk နဲ့ Park Myeong-soo အပါအဝင် နာမည်ကြီးအနုပညာရှင်တွေပုံမှန်ပါဝင်တင်ဆက်ကြတဲ့ “Infinite Challenge” ဟာ အပိုင်းတစ်ပိုင်းစီနဲ့ ကြော်ငြာ (40) ကိုဆွဲဆောင်ထားနိုင်ပြီး စုစုပေါင်းရောင်းအား ဝမ် (540) မီလီယံတန်ကြေးရှိတာကြောင့် ခုနှစ်ပတ်အတွင်းမှာ ဒီအစီအစဉ်ရဲ့ရောင်းအားဟာ ဝမ် (3.8) မီလီယံ ရှိမှာဖြစ်ပါတယ်။

ဇန်နဝါရီလ (28) ရက်နေ့မှာထုတ်လွှင့်ပြသတဲ့ ဟာသအထူးအစီအစဉ်သစ် timeslot အတွက် ကြော်ငြာ အရေအတွက်ဟာ (20) အထိကျဆင်းသွားခဲ့ပါတယ်။ မင်းသား Kwon Sang-woo နဲ့ Jung Jun-ha တို့ပါဝင် တင်ဆက်ထားတဲ့ ဒီရှိုးကိုကြည့်ရှုသူအရေအတွက်ဟာ (5-6) ရာခိုင်နှုန်းအတွင်းသာရှိခဲ့ပြီး “Infinity Challenge” ရဲ့ ပျမ်းမျှ (11-15) ရာခိုင်နှုန်းထက် အများကြီးလျော့နည်းနေတာလဲဖြစ်ပါတယ်။

ရုံးတက်ရက်အတွင်းပြသခဲ့တဲ့ လူကြည့်များတဲ့တီဗီဇာတ်လမ်းတွဲတွေကို ပြန်လည်ပြသတဲ့ ရုံးပိတ်ရက် နေ့လည်ခင်းမှာ ပုံမှန်အနေနဲ့ ကြော်ငြာနှုန်းထားတွေဟာ မူလထုတ်လွှင့်ပြသချိန်အောက် ထက်ဝက်ကျော် ကျဆင်းလေ့ရှိပါတယ်။

နောက်လာမယ့် တကျော့ပြန် “Infinite Challenge” အတွက်ကြော်ငြာဈေးနှုန်းကို အခုထိ မဆုံးဖြတ်ရသေးပါဘူးလို့ နိုင်ငံတွင်းလည်ပတ်ဆောင်ရွက်နေတဲ့ Korea Broadcasting Advertising Corporation ကပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အမှတ်ပေးမှုတွေကျဆင်းနေရင် မလွှဲမရှောင်သာဘဲ ဈေးတွေကျသွားနိုင်ချေရှိပါတယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

အထူးအစီအစဉ်တွေနဲ့ တကျော့ပြန်အစီအစဉ်တွေက ပိုကောင်းကောင်းမတင်ဆက်နိုင်ဘူးဆိုရင် ကြောငြာ ဝယ်တဲ့သူတွေတိုးလာမှာမဟုတ်ဘဲ အဆိုပါကွန်ယက်ဟာ ရောင်းအား ဝမ် (2) ဘီလီယံအထိ အရှုံးပေါ်သွားနိုင်ပါတယ်။

“‘Infinite Challenge’ အတွက်ကြော်ငြာအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်ပတ်လုံးလုံး ထက်ဝက်ကျဆင်း သွားပါတယ်။ ‘Infinite Challenge’ တကျော့ပြန်လာတဲ့အချိန်အထိ ဒီ့ထက်လည်းအခြေအနေဆိုးသွားနိုင်သလို ဒီအတိုင်းဆက်ဖြစ်ရင်လည်းဖြစ်နေလောက်တယ်” လို့ကြော်ငြာကဏ္ဍကျွမ်းကျင်သူတွေက ခန့်မှန်းပါတယ်။

odissy@yna.co.kr

Provided by Yonhap News.


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။