Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

'Three Meals a Day: Fishing Village' Season 3 အား နောက်လတွင်ထုတ်လွှင့်မည်

Wed, Oct 05 2016

SEOUL, စက်တင်လာလ. (19) ရက် (Yonhap) -- ဖြစ်ရပ်မှန် TV ၏ အချက်အပြုတ်ရှိုး "Three Meals a Day: Fishing Village" Season သုံးကို မင်းသား Lee Seo-jin နှင့် အဓိကဇာတ်ရုပ်များတွင် မျက်နှာသစ်နှစ်ဦးတို့ဖြင့် နောက်လတွင် ထုတ်လွှင့်မည်ဖြစ်ကြောင်း ထုတ်လုပ်သူမှပြောကြားခဲ့သည်။ Fishing village စီးရီးသည် tvN ရုပ်သံလိုင်းမှ အောက်တိုဘာ (2014) ခုနှစ် မှ (2015) ခုနှစ် စက်တင်ဘာလအထိထုတ်လွှင့်ပြသခဲ့သည့် “Three Meals a Day” ၏ အစီအစဉ်ခွဲ အချက်အပြုရသ စုံလင်ရှိုးဖြစ်သည်။ ၎င်းသည်အနုပညာရှင်များကို ကျေးလက်ဒေသတွင် သုံးရက်တာသွားရောက်နေထိုင် စေကာ ၎င်းတို့တွေ့ကြုံရသည့် မည်သည့်အစားအစာအသစ်အဆန်းနှင့်မဆို တစ်နေ့လျှင်အစားအစာသုံးမျိုး ပြင်ဆင်ချက်ပြုတ်ရခြင်းဖြစ်သည်။ လာမည့် season ၏ အများဆုံးကြိုတင်မျှော်မှန်းထားကြသည့်ပထမပိုင်းကို အောက်တိုဘာလ (14) ရက်နေ့ ညနေ (9:15) တွင် ထုတ်လွှင့်မည်ဖြစ်ကြောင်း ရုပ်သံလိုင်းမှပြောကြားခဲ့သည်။ အနောက်တောင်ကမ်းခြေရှိ Manjae ကျွန်းတွင်ရိုက်ကွင်းတည်ခဲ့သည့် ယခင် season နှစ်ခုနှင့်မတူညီသည့် အချက်မှာ season အသစ်ကို ကျွန်းအသစ်တွင်ရိုက်ကူးထားခဲ့ခြင်းဖြစ်ပြီး နေရာအမည်ကိုတော့ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိပါ။ ကျေးလက်ရွာစီးရီးများနှင့် ရင်းနှီးပြီးသားဖြစ်သည့် Lee ၏ပါဝင်မှုနှင့်အတူ မင်းသား Eric Mun နှင့် Yoon Kyun-sang တို့လည်းပါဝင်မည်ဖြစ်သည်။ အမျိုးသားအဖွဲ့ “Shinhwa” မှ Mun သည် "Oh Hae-young Again" ဟူသည့်ဒရမ်မာစီးရီးတွင် အဓိက ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် အလွန်အမင်းနာမည်ကြီးကျော်ကြားနေခဲ့သူဖြစ်သည်။ “Eric ရဲ့ဝါသနာဟာ ငါးမြှားခြင်းဖြစ်တာကြောင့် သူဟာဒီရှိုးအတွက်သင့်တော်သူဖြစ်ပါတယ်” ဟု ရှိုး၏ ထုတ် လုပ်သူဖြစ်သူ Na Young-seok မှပြောကြားခဲ့သည်။ “ဒါ့အပြင် Lee Seo-jin နဲ့ Eric တို့ဟာ အရင်ကလည်း ဒရမ်မာတစ်ခုမှာ အတူတစ်ကွဆုံဖူးကြပြီးသားဖြစ်ပါတယ်”။ Yoon မှာ လတ်တလောထွက်ရှိပြီး ရေပန်းစားနေသည့် SBS ဒရမ်မာစီးရီး “Doctors” မှ ရောက်ရှိလာခြင်း ဖြစ်သည်။ “သူဟာ သန်မာပြီး ချီးကျူးစရာကောင်းတဲ့ အမျိုးသားတစ်ဦးပါ။ သုံးယောက်ထဲမှာ အငယ်ဆုံးဖြစ်ပေမယ့် လည်း သူရဲ့စီနီယာတွေနဲ့အတူ ကောင်းကောင်းအဆင်ပြေနိုင်မှာပါ” ဟု ထုတ်လုပ်သူမှပြောကြားခဲ့သည်။ ယခင်အင်တာဗျူးတွင် Yoon မှ Na ၏ ရသစုံလင်ရှိုးတွင်ပါဝင်ရန် စိတ်ဝင်စားမှုကို ပြသခဲ့သည်။ Season အသစ်၏ အထူးပွဲ "Three Meals a Day: Fishing Village" ကို သောကြာနေ့တွင် season နှစ် ၏နောက်ဆုံးပိုင်းအတွင်း ပြသသွားမည်ဖြစ်သည်။

deserts@yna.co.kr

မင်းသား Eric၊ Lee Seo-jin နှင့် Yoon Kyun-sang (Yonhap)

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။