contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

စစ်မှုထမ်းဆောင်ကြတဲ့ အဆိုတော် Kwanghee နှင့် Lim Hyung-joo

Fri, Mar 17 2017

SEOUL၊ မတ်လ (13) ရက် (Yonhap) -- K-pop အမျိုးသားတေးဂီတအဖွဲ့ ZE:A အဖွဲ့မှ Kwanghee နှင့် အော်ပရာပေါ့ပ်အဆိုတော် Lim Hyung-joo တို့သည် မတ်လ (13) ရက်နေ့က စတင်စစ်မှုထမ်းဆောင်ခဲ့ကြကြောင်း သိရပါတယ်။

မတ်လ (13) ရက်နေ့က ရသစုံလင်အစီအစဉ်တစ်ခုဖြစ်တဲ့ “Infinite Challenge” ၏ တင်ဆက်သူခြောက်ဦးထဲမှ တစ်ဦးအဖြစ် လူသိများသည့် Kwanghee သည် Chungcheong နယ်တောင်ပိုင်း Nonsan ရှိ အခြေခံသင်တန်းကျောင်းသို့ ဝင်ရောက်ခဲ့ပြီး Lim ကို Gyeonggi နယ်ရှိ Paju သို့ ပို့ဆောင်ခဲ့ကြကြောင်း သိရပါတယ်။

အခြေခံသင်တန်း ငါးပတ်ပြီးဆုံးသွားပါက Kwanghee သည် စစ်တပ်တွင် စတင်ပြီး စစ်မှုထမ်းဆောင်ရမည်ဖြစ်ပြီး Lim ကတော့ နယ်မြေတပ်မတော်တွင် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

ကျန်းမာသန်စွမ်းသော ကိုရီးယားအမျိုးသားတိုင်းသည် အသက် (35) နှစ်မတိုင်မီ (21) လကြာ စစ်မှုတာဝန်ကို မဖြစ်မနေထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

(2017) နှစ်၊ မတ်လ (12) ရက်နေ့က Instagram အကောင့်တွင်တင်ထားသော ဂျပန် စတုတ္ထမြောက်မျိုးဆက်ဖြစ်သည့် ကိုရီးယားမျိုးနွယ်စုနာမည် Choo Sung-hoon ဖြင့် လူသိများသည့် UFC ကစားသမား Yoshihiro Akiyama နှင့် Kwanghee (ဘယ်)။ (Yonhap)

“ကျွန်တော်ဘေးအန္တရာယ်ကင်းစွာနဲ့ ပြန်လာမှာပါ။ အားလုံး ကျန်းကျန်းမာမာနေနိုင်ဖို့ မျှော်လင့်ပါတယ်၊ ပြီးတော့ ကျေးဇူးပြုပြီး ကျွန်တော့်ကိုလည်း မမေ့ကြပါနဲ့၊” လို့ အသက် (29) နှစ်အရွယ် K-pop အဆိုတော်က လေ့ကျင့်ရေးစခန်းတွင် ၎င်းကိုလာရောက်အားပေးကြသည့် ပရိသတ်များကို ပြောကြားခဲ့ပါတယ်။

Kwanghee သည် စစ်မှုတာဝန် မထမ်းဆောင်မီ MBC တွင် ပြသသော “Infinite Challenge” နှင့် “Radio Star” တို့တွင် ပါဝင်သရုပ်ဆောင်ထားပါတယ်။

ပေါ့ပ်အဆိုတော်ကိုလည်း လာရောက်အားပေးသည့် ပရိသတ်များရှိခဲ့ပါတယ်။

“မငိုကြပါနဲ့။ ကျွန်တော် ကောင်ကောင်းမွန်မွန်နဲ့ ပြန်လာခဲ့ပါ့မယ်၊” လို့ “Salley Garden” အမည်ဖြင့် ၎င်း၏ ပရိသတ်များဖွဲ့စည်းထားသော fan club မှ မျက်ရည်စိုနေသော ပရိသတ်များကို ပြောကြားခဲ့ပါတယ်။

စစ်မှုမထမ်ဆောင်မီ Lim က လူမှုကွန်ယက်တွင် ပရိသတ်များအတွက် အမှာစကားတစ်ခုကို ရေးသားထားခဲ့ပါတယ်။

“ကျွန်တော် စစ်မှုထမ်းဆောင်ဖို့အတွက် ခဏတာ နှုတ်ဆက်စကားပြောရတော့မယ်။ ဒါပေမယ့် ကျွန်တော့်ကို စောင့်နေကြပါ။ ကျွန်တော်ပိုပြီး ခံ့ခံ့ညားညားနဲ့ ပြန်လာခဲ့ပါမယ်။ ကျွန်တော့်ကို အဲ့အချိန်ထိမမေ့ကြသေးပဲ စောင့်နေကြမယ် မှတ်လား။” လို့ သူက ရေးသားထားခဲ့ပါတယ်။

sshim@yna.co.kr
(2017) ခုနှစ်၊ မတ်လ (13) ရက်နေ့တွင် Gyeonggi နယ် Paju ရှိ စစ်လေ့ကျင့်ရေးစခန်းသို့ မဝင်ခင် ၎င်း၏ပရိသတ်များကို အလေးပြုနေသော ပေါ့ပ်အဆိုတော် Lim Hyung-joo။ ယခုဓာတ်ပုံသည် ၎င်း၏အေဂျင်စီဖြစ်သော DGNcom မှ ရရှိခြင်းဖြစ်ပါတယ်။ (Yonhap)

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။