Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

(LEAD) မင်းသမီး Kim Min-hee နှင့် ချစ်ကြိုက်နေကြောင်း ဒါရိုက်တာ Hong Sang-soo အတည်ပြုပြောကြား

Mon, Mar 20 2017

SEOUL၊ မတ်လ (13) ရက် (Yonhap) -- ဇွန်လပိုင်းက စတင်ထွက်ပေါ်လာသော ဆုများရရှိထားသည့် ရုပ်ရှင်များကို ဖန်တီးသည့် ကိုရီးယားဒါရိုက်တာ Hong Sang-soo နှင့် မင်းသမီး Kim Min-hee တို့၏ဆက်ဆံရေးနှင့် ပတ်သက်သည့် မီဒီယာများ၏ ထင်မြင်ချက်ကို ထိုဒါရိုက်တာက မတ်လ (13) ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ဝန်ခံခဲ့ပါတယ်။

“ဒီကိစ္စကို ဒီနေရာမှာ ပြောသင့်၊ မပြောသင့်တော့ ကျွန်တော်မသိဘူး၊ ဒါပေမယ့် ကျွန်တော်တို့ ချစ်ကြိုက်နေကြပါပြီ။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် တကယ့်အချစ်စစ်နဲ့ချစ်နေကြတာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ဘဝ ခရီးလမ်းကို လျောက်လှမ်းနေကြပါပြီ၊” လို့ Seoul တွင် ပြုလုပ်ခဲ့သည့် ၎င်းနောက်ဆုံးရိုက်ကူးထားသည့်ရုပ်ရှင် “On the Beach At Night Alone” သတင်းစာရှင်းလင်းပွဲတွင် ၎င်းတို့နှစ်ဦး၏ဆက်ဆံရေးနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

(2017) ခုနှစ်၊ မတ်လ (13) ရက်နေ့တွင် Seoul ရှိ ပြဇာတ်ရုံတစ်ရုံမှာ ကျင်းပပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဓာတ်ပုံအရိုက်ခံနေကြသည့် “On the Beach at Night Alone” ဒါရိုက်တာ Hong Sang-soo (ဘယ်) နှင့် ခေါင်းဆောင်မင်းသမီး Kim Min-hee။ (Yonhap)

(2015) ခုနှစ်တွင် ထိုမင်းသမီးနှင့် ရိုက်ကူးခဲ့သည့် “Right Now, Wrong Then” ဇာတ်ကားပြီးနောက် ပြတ်ဆဲသွားကြပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးကတည်းက ကိုရီးယားနိုင်ငံအတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် လူမြင်ကွင်းတွင် အတူတကွမြင်တွေ့ရခြင်း ဖြစ်ပါတယ်။

ယခုပွဲမတိုင်မီ 67th Berlin International Film Festival ကို “On the Beach” ဇာတ်လမ်းအတွက် ယခင်လက အတူတကွ တက်ရောက်ခဲ့ကြပြီး Kim က ထိုဇာတ်လမ်းတွင် Best Actress ဆုအတွက်ချီးမြှင့်သည့် Sliver Bear ကို လက်ခံရရှိခဲ့ပါတယ်။

ထိုပွဲတွင် ၎င်းတို့၏ဆက်ဆံရေးနှင့် ပတ်သက်ပြီး မီဒီယာများကို တရားဝင်အတည်ပြုပြောကြားခဲ့ခြင်း မရှိသော်လည်း တစ်ဦးနှင့်တစ်ဦး ချစ်ခြင်းမေတ္တာပြသသည့် အရိပ်အငွေ့များ မြင်တွေ့ခဲ့ရပါတယ်။ Hong သည် ၎င်း၏ ဇနီးနှင့် နိုဝင်ဘာလအတွင်းက ကွာရှင်းခဲ့ပါတယ်။

“အစကတော့ ကျွန်တော်ဒီကိစ္စကို ပြောပြစရာအကြောင်းမရှိဘူးလို့ တွေးခဲ့တာ…ဒါက ကျွန်တော်တို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စလေ၊” လို့ သတင်းများနှင့် ပတ်သက်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ရခြင်းအကြောင်းကို မေးမြန်းသောအခါ ထိုဒါရိုက်တာက ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“ကျွန်မတို့ရဲ့နှလုံးသားတွေနဲ့ ရင်းပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်နေကြတာပါ။ ကျွန်မတို့ရဲ့ အနာဂတ်မှာကြုံတွေ့ရမယ့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ရမယ့် အခြေအနေတွေအားလုံးကို လက်ခံနိုင်ပါတယ်” လို့ပြောပြီး Kim က ၎င်းတို့ရဲ့ ဆက်ဆံရေးကို အတည်ပြုခဲ့ပါတယ်။

Berlin ရုပ်ရှင်ပွဲတော်တုန်းကို တက်ရောက်ခဲ့တုန်းကလို မတ်လ (13) ရက်နေ့ကလည်း ၎င်းတို့နှစ်ဦး၏ ညာဘက်လက်သူကြွယ်တွင် လက်စွပ်ဆင်တူကို ဝတ်ဆင်ထားကြပါတယ်။

ဆုရရှိသည့် အဆိုပါရုပ်ရှင်ထဲတွင် Germany နိုင်ငံသို့သွားရောက်သည့် ခရီးတိုမှ ပြန်ရောက်ပြီး မကြာမီ ပင်လယ်ကမ်းခြေ မြို့လေးတစ်မြို့မှာ သူငယ်ချင်းတွေနဲ့ အတူတကွ သောက်စားနေချိန်မှာ အိမ်ထောင်ရှိ ရုပ်ရှင်ဒါရိုက်တာတစ်ဦးနှင့် သူမရဲ့ ဆက်ဆံရေးကို တစ်စိမ့်စိမ့်တွေးနေတဲ့ သရုပ်ဆောင်မင်းသမီး Young-hee အဖြစ် Kim က ပါဝင်သရုပ်ဆောင် ထားပါတယ်။

ဒါရိုက်တာ၏ လက်တွေ့ဘဝတွင် ကြုံတွေ့ရသော ကိုယ်တွေ့အတွေ့အကြုံဖြစ်တဲ့ အဓိကဇာတ်ဆောင်များရဲ့ အပြင်းအထန်ထောက်ခံသည့် သဘောဆောင်သော စကားပြောဆိုပုံများကြောင့် ဖောက်ပြန်သောဆက်ဆံရေး ဖြစ်ပေါ်လာပုံကို အခြေတည်ရိုက်ကူးထားသောကြောင့် ထိုရုပ်ရှင်ဇာတ်ကားကို မီဒီယာများက စိတ်ဝင်စားနေကြခြင်း ဖြစ်ပါတယ်။

ထိုရုပ်ရှင်သည် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိရုပ်ရှင် ဟုတ်၊ မဟုတ်မေးမြန်းသောအခါ Hong က ပြောကြားခဲ့သည်မှာ “ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတစ်ခုကို ဖန်တီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်ဆုံးအချိန်ထိ ကျွန်တော် ဘယ်ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိရုပ်ရှင်မှ လုပ်ချင်စိတ်ရှိမှာ မဟုတ်ဘူး။”

ထိုရုပ်ရှင်ထဲတွင် ပါဝင်သည့် ဇာတ်ပို့သရုပ်ဆောင်များ ဖြစ်ကြသည့် Seo Young-hwa၊ Kwon Hae-hyo နှင့် Park Ye-joo တို့လည်း သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ကြပါတယ်။

ကိုးလအတွင်း လူမြင်ကွင်းသို့ ပထမဆုံးထွက်ပေါ်လာသည့် ထိုစုံတွဲကြောင့် ပြည်တွင်းမီဒီယာများက ထိုပွဲကို အလွန်စိတ်ဝင်စားခဲ့ကြပါတယ်။

Seoul ရှိ ထိုင်ခုံ (400) ပါရှိသောပြဇာတ်ရုံတွင် ကျင်းပခဲ့သည့် ထိုရုပ်ရှင်၏ သတင်းစာရှင်းလင်းပွဲ လက်မှတ်ကို ကြိုတင်မှာယူခြင်းကို ထင်ထားသည်ထက် အချိန်စောစောပိတ်ခဲ့ရပြီး၊ များစွာသော ဂျာနယ်လစ်များက မလာဖြစ်သည့်လက်မှတ်များကို ရရှိရန် စောင့်ဆိုင်းနေခဲ့ကြပါတယ်။

ထိုရုပ်ရှင်ဇာတ်ကားကို တောင်ကိုရီးယားတွင် မတ်လ (23) ရက်နေ့မှာ ပြသရန် စီစဉ်ထားပါတယ်။

sshim@yna.co.kr
ဒါရိုက်တာ Hong Sang-soo ၏ ရုပ်ရှင်ဇာတ်လမ်းအသစ် “On the Beach at Night Alone” ၏ အရောင်းမြှင့်တင်ရေး ပိုစတာတစ်ခု (Yonhap)

Provided by Yonhap News.


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။