Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

ရည်းစားကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် စွဲချက်တင်ခံရတဲ့ တောင်ကိုရီးယား rap အဆိုတော် Iron

Mon, Mar 20 2017

SEOUL၊ မတ်လ (14) ရက် (Yonhap) -- တောင်ကိုရီးယား rap အဆိုတော် Iron သည် ၎င်း၏ရည်းစားအား ယခင်နှစ်က ကိုယ်ထိလက်ရောက်ကျူးလွန်မှုဖြင့် စွဲချက်တင်ခံထားရကြောင်း ရှေ့နေများက မတ်လ (14) ရက်နေ့က ပြောကြားခဲ့ပါတယ်။

ထိုအသက် (25) နှစ်အရွယ် သံသယရှိသူသည် (2016) ခုနှစ်၊ စက်တင်ဘာလက Seoul မြို့လယ်ရှိ သူ၏အိမ်တွင် ၎င်း၏ရည်းစားနှင့် ချစ်တင်းနှောနေကြစဉ် ခိုင်းစေသည်များကို မလိုက်လျောသဖြင့် သူမ၏ဦးခေါင်းကို လက်သီးဖြင့်ထိုးခဲ့သောကြောင့် တရားစွဲဆိုခံထားရခြင်း ဖြစ်ပါတယ်။

ရက်သတ္တပတ်အနည်းငယ်အကြာတွင် ထိုနေရာမှာပင် ၎င်း၏ရည်းစားက လမ်းခွဲရန်ပြောသောအခါ သူမကို လည်ပင်းညှစ်ပြီး လက်သီးဖြင့်ထိုးမှုဖြင့်လည်း စွပ်စွဲခံထားရကြောင်း ရှေ့နေများက ပြောကြားခဲ့ပါတယ်။ ဓားစားခံမှာ ပွန်းပဲ့ဒဏ်ရာများနှင့် အရိုးအက်ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ထိုအဆိုတော်သည် မီးဖိုချောင်ထဲမှ ယူလာသော လက်နက်တစ်ခုဖြင့် ၎င်း၏ပေါင်ကို ကိုယ်တိုင်ထိုးခဲ့ပြီး ရဲကိုတိုင်ကြားပါက ထိုဒဏ်ရာသည် သူမကြောင့်ရခဲ့ကြောင်း စွပ်စွဲရန်ခြိမ်းခြောက်ခဲ့ကြောင်း ရှေ့နေများက ဆိုခဲ့ပါတယ်။

Iron သည် (2014) ခုနှစ်နှင့် (2015) ခုနှစ်များတွင် ဆေးခြောက်သုံးစွဲမှုဖြင့် ထောင်ဒဏ် (8) လနှင့် နှစ်နှစ်စောင့်ကြည့်ရန် နိုဝင်ဘာလတုန်းက ဒေသတွင်း တရားရုံးက အမိန့်ချခဲ့ကြောင်း သိရပါတယ်။

scaaet@yna.co.kr
ဓာတ်ပုံအရိုက်ခံနေသော rap အဆိုတော် Iron ၏ ရက်စွဲမပါရှိသည့်ဓာတ်ပုံ

Provided by Yonhap News.


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။