Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

တရုတ်နိုင်ငံ၏ ဝက်ဘ်ဆိုဒ် Weibo တွင် လူပြောများနေသော မှုခင်းဇာတ်လမ်းတွဲသစ် ‘Tunnel’: အေဂျင်စီ

Thu, Apr 06 2017

SEOUL၊ မတ်လ (30) ရက်နေ့ (Yonhap) -- တောင်ကိုရီးယား ကေဘယ်ရုပ်သံလိုင်း OCN တွင် ပြသသော အချိန်ခရီးသွားသည့် မှုခင်းဇာတ်လမ်းတွဲသစ် “Tunnel” သည် တရုတ်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Weibo တွင် လူပြောများနေကြကြောင်း အလားအလာရှိသူများကို စုံစမ်းရှာဖွေသည့် အေဂျင်စီတစ်ခုက မတ်လ (30) ရက်နေ့က ပြောကြားခဲ့ပါတယ်။

မတ်လ (30) ရက်နေ့အစောပိုင်းက တရုတ်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Weibo တွင် ယခင်အပတ်က စတင်ထုတ်လွှင့်ပြသခဲ့သော “Tunnel” ဇာတ်လမ်းတွဲအကြောင်းကို ရေးသားထားသည့် ပို့စ်ပေါင်း (660,000) ကျော်ရှိကြောင်း ထိုဇာတ်လမ်းတွဲရဲ့ ခေါင်းဆောင်မင်းသား Choi Jin-hyuk ကို ကိုယ်စားပြုသည့် G-Tee Creative က ပြောကြားခဲ့ပါတယ်။

“တရုတ်မှာ တောင်ကိုရီးယားရဲ့ ယဉ်ကျေးမှုထုတ်ကုန်တွေကို တားမြစ်ပိတ်ပင်ထားတယ်ဆိုပေမယ့် (တရုတ်) က ပရိသတ်တွေက ဒီဇာတ်လမ်းတွဲကို တော်တော်စိတ်ဝင်စားနေကြတယ်၊” လို့ အေဂျင်စီက ပြောကြားခဲ့ပါတယ်။

Terminal High Altitude Area Defense လို့ လူသိများတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ဒုံးခွင်းစနစ်ကို ၎င်း၏မြေပေါ်တွင် အခြေစိုက်ခွင့်ပြုခဲ့တဲ့ Seoul ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ကြောင်း ပြသသည့်အနေဖြင့် ကိုရီးယားယဉ်ကျေးမှုဆိုင်ရာ ထုတ်ကုန်များနှင့် သရုပ်ဆောင်ငွေကြယ်ပွင့် အများအပြားကို ပြီးခဲ့သော အောက်တိုဘာလကတည်း တရုတ်နိုင်ငံတွင် တားမြစ်ပိတ်ပင်ခဲ့ခြင်း ဖြစ်ပါတယ်။

ကိုရီးယားယဉ်ကျေးမှုများကို တားမြစ်ပိတ်ပင်ထားသော်လည်း မူပိုင်ခွင့်မရှိပဲ ထုတ်လွှင့်ပြသသည့် တရုတ်နိုင်ငံရှိ တရားမဝင် ဝက်ဘ်ဆိုဒ်များတွင် ကိုရီးယားရုပ်သံအစီအစဉ်များကို အလွယ်တကူပင် ရယူနိုင်ကြောင်း သိရပါတယ်။

ဒါရိုက်တာ Bong Joon-ho ရဲ့ (2003) ခုနှစ် မှုခင်းရုပ်ရှင် “Memories of Muder” မှ Song Kang-ho ပါဝင်သရုပ်ဆောင်သည့်ဇာတ်ကောင်စရိုက်ဖြစ်တဲ့ ကြမ်းတမ်းသည့် စုံထောက်တစ်ဦးကဲ့သို့ Choi က (1986) ခုနှစ်က လူသတ်မှုစုံထောက် Park Kwang-ho အဖြစ် “Tunnel” ဇာတ်လမ်းတွဲထဲတွင် ပါဝင်သရုပ်ဆောင်ထားပါတယ်။

သူသည် လျှို့ဝှက်ဆန်းကြယ်လှိုဏ်ခေါင်းတစ်ခုမှတစ်ဆင့် အနာဂါတ် နှစ် (30) ဖြစ်တဲ့ လက်ရှိခေတ်နေ့ရက်များသို့ သွားရောက်ကာ Yoon Hyun-min နှင့် Lee Yoo-young တို့ ပါဝင်သရုပ်ဆောင်ထားသော စုံထောက် Kim Sun-jae နှင့် စိတ်ပညာရှင် Shin Jae-ee တို့နဲ့ ပူးပေါင်းခဲ့ပါတယ်။

odissy@yna.co.kr



OCN မှ ရရှိသော မှုခင်းဇာတ်လမ်းတွဲသစ်တွင် ပါဝင်သရုပ်ဆောင်ထားသော မင်းသား Choi Jin-hyuk (ညာ)။ (Yonhap)

Provided by Yonhap News.


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။