Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

Seoul တွင် ဖျော်ဖြေပွဲနောက်တစ်ပွဲကျင်းပပြီး ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်ကို ပိတ်သိမ်းမယ့် EXO

Fri, Apr 07 2017

SEOUL၊ မတ်လ (30) ရက်နေ့ (Yonhap) -- တောင်ကိုရီးယား idol အဖွဲ့ EXO သည် လာမယ့်လတွင် ၎င်းတို့အဖွဲ့ရဲ့ တတိယမြောက်ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်ရဲ့ နောက်ဆုံးဖျော်ဖြေပွဲ တစ်ပွဲကို Seoul တွင် ကျင်းပမည်ဖြစ်ကြောင်း ထိုအဖွဲ့ရဲ့အေဂျင်စီက မတ်လ (30) ရက်နေ့က ပြောကြားခဲ့ပါတယ်။

EXO အဖွဲ့သည် မေလ (27-28) ရက်နေ့များတွင် နှစ်ရက်ကြာဖျော်ဖြေပွဲကို Jamsil Olympic Stadium တွင် ကျင်းပမည်ဖြစ်ကြောင်း S.M. Entertainment က ပြောကြားခဲ့ပါတယ်။ ထိုဖျော်ဖြေပွဲ ယခင်နှစ် ဇူလိုင်လက စတင်ခဲ့သော အဖွဲ့ရဲ့ တတိယမြောက် ကမ္ဘာလှည့်ဖျော်ဖြေပွဲဖြစ်တဲ့ “EXO PLANET #3 The EXO’rDIUM” ရဲ့ နောက်ဆုံးဖျော်ဖြေပွဲ ဖြစ်ပါတယ်။

EXO အဖွဲ့သည် Seoul တွင် ပြုလုပ်မည့် နောက်ဆုံးဖျော်ဖြေပွဲမတိုင်မီ ဧပြီလ (2) ရက်နေ့မှ စတင်၍ Singapore၊ New York နှင့် Mexico City တို့တွင် ဖျော်ဖြေပွဲများ ကျင်းပရန် စီစဉ်ထားကြောင်း သိရပါတယ်။

လက်ရှိဖျော်ဖြေနေသော ကမ္ဘာလှည့်ဖျော်ဖြေပွဲခရီးစဉ်တွင် EXO အဖွဲ့မှ တရုတ်နိုင်ငံသားတစ်ဦးဖြစ်သူ Lay သည် ဆက်လက်မပါဝင်နိုင်တော့ကြောင်း ယခုလအစောပိုင်းတွင် S.M. က ကြေညာခဲ့ပါတယ်။ ခရီးစဉ်တွင် ဆက်လက်မပါဝင်နိုင်သည့် အကြောင်းအရင်ကိုတော့ အသေးစိတ်ရှင်းပြခဲ့ခြင်းမရှိပေ။



(2016) ခုနှစ်၊ ဇွန်လ (8) ရက်နေ့ Seoul တွင် ပြုလုပ်ခဲ့သော ၎င်းတို့ရဲ့ တတိယမြောက်အယ်လ်ဘမ် “EX’ACT” အတွက်ပြုလုပ်သော အရောင်းမြှင့်တင်ရေးပွဲတွင် ဓာတ်ပုံအရိုက်ခံနေကြသော တောင်ကိုရီးယား အမျိုးသားတေးဂီတအဖွဲ့ EXO။ (Yonhap)

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။