contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

လာမယ့်မေလ ဂျပန်နိုင်ငံမှာ စတင်ပွဲဦးထွက်တော့မယ့် Monsta X

Fri, Apr 07 2017

SEOUL၊ ဧပြီလ (3) ရက် (Yonhap) -- တောင်ကိုရီးယားအမျိုးသားတေးဂီတအဖွဲ့ Monsta X ဟာ Universal Music Japan နဲ့လက်တွဲပြီး လာမယ့်မေလ ဂျပန်နိုင်ငံမှာစတင်ပွဲဦးထွက်တော့မှာဖြစ်တယ်လို့ အဆိုပါအဖွဲ့ရဲ့ အေဂျင်စီက ဧပြီလ (3) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

မေလ (17) ရက်နေ့မှာ ၎င်းတို့ရဲ့ဂျပန်လိုသီဆိုထားသော ပွဲဦးထွက် single အယ်လ်ဘမ် “Hero” ကိုဖြန့်ချိနိုင်ဖို့အတွက် အဆိုပါအဖွဲ့ရဲ့အဖွဲ့ဝင်ခုနှစ်ဦးဟာ Universal Music Japan ရဲ့အမှတ်တံဆိပ်သစ် Mercury Tokyo နဲ့စာချုပ်ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း Starship Entertainment ကပြောကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါ single အယ်လ်ဘမ် မှာ ၎င်းတို့ရဲ့နာမည်ကျော်သီချင်းနှစ်ပုဒ်ဖြစ်တဲ့ “Hero” နဲ့ “Stuck” တို့ရဲ့ဂျပန်လိုသီဆိုထားသောဗားရှင်း ပါဝင်မှာဖြစ်ပါတယ်။ “Hero” ရဲ့မူရင်းကိုရီးယားဗားရှင်းရဲ့ music video သည် YouTube တွင် ကြည့်ရှုသူပေါင်း သန်း (30) ကိုဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။

အဆိုပါ single မထွက်ရှိမီ မေလ (1) ရက်နေ့မှာ Monsta X ဟာ Osaka တွင်ဖျော်ဖြေပွဲတစ်ပွဲကို ကျင်းပမှာဖြစ်ပါတယ်။

အဆိုပါအဖွဲ့ဟာ မတ်လ (21) ရက်နေ့တွင် ထွက်ရှိခဲ့တဲ့ ၎င်းတို့ရဲ့ ပထမဆုံးစတူဒီယိုအယ်လ်ဘမ် "The Clan Part 2.5: The Final Chapter” ရဲ့ခေါင်းစဉ်သီချင်း “Beautiful” အတွက် အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိပါတယ်။

အဆိုပါအယ်လ်ဘမ်ဟာ ထွက်ရှိချိန်ကတည်းက U.S. Billboard's World Albums' Chart အပြင် Japanese iTunes ရဲ့ K-pop chart များရဲ့ ထိပ်ဆုံးမှာရှိခဲ့တာဖြစ်ပါတယ်။

sshim@yna.co.kr



(2016) ခုနှစ်၊ စက်တင်ဘာလ (30) ရက်နေ့မှာ ရိုက်ကူးခဲ့တဲ့ Monsta X အဖွဲ့၏ပုံ။ (Yonhap)

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။