Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

အေဂျင်စီကိုဆန့်ကျင်တရားစွဲဆိုမှုမှာရှုံးနိမ့်ခဲ့တဲ့ EXO မှ Tao

Wed, May 10 2017

SEOUL၊ ဧပြီလ (28) ရက် (Yonhap) -- နာမည်ကျော်အမျိုးသားတေးဂီတအဖွဲ့ EXO ရဲ့မူလတရုတ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ Tao ဟာ ၎င်းရဲ့သီးသန့်စာချုပ်ကိုပယ်ဖျက်ပေးဖို့ အဖွဲ့ရဲ့စီမံအုပ်ချုပ်မှုအေဂျင်စီကို ဆန့်ကျင် တရားစွဲဆိုခြင်းမှာ ဧပြီလ (28) ရက်နေ့က ရှုံးနိမ့်ခဲ့ပါတယ်။

ဆိုးလ်ဗဟိုခရိုင်တရားရုံးကနေ (24) နှစ်အရွယ်အဆိုတော်ရဲ့ S.M. Entertainment နဲ့ချုပ်ဆိုထားတဲ့ ၎င်းရဲ့စီမံ အုပ်ချုပ်မှုဆိုင်ရာစာချုပ်ကိုပယ်ဖျက်ပေးဖို့တောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။

Tao ဟာ တခြားတရုတ်အဖွဲ့ဝင် Kris နဲ့ Luhan တို့ရဲ့အတည်ပြုချက်ကိုရယူခြင်းမရှိဘဲ အဖွဲ့ကထွက်ခွာခဲ့ ပြီးနောက် (2015) ခုနှစ်၊ သြဂုတ်လမှာ တရားစွဲဆိုမှုကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စာချုပ်မှာ မတရားတဲ့အချက်တွေပါရှိခဲ့ကြောင်းကို ၎င်းရဲ့တိုင်ကြားချက်မှာ ရေးသားဖော်ပြခဲ့ကြောင်း တရားရုံး အရာရှိတွေရဲ့အဆိုအရသိရှိရပါတယ်။ ဒါပေမယ့် S.M. ဘက်ကတော့ စာချုပ်နဲ့ပတ်သက်ပြီး ဘယ်လိုတရား ဥပဒေဆိုင်ရာပြဿနာမှမရှိပါဘူးလို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

(2014) ခုနှစ်၊ ဇွန်လကတည်းက S.M. ဟာ အဖွဲ့ကနေအတည်ပြုချက်ရယူခြင်းမရှိဘဲထွက်ခွာခဲ့ပြီး အခြားသော ကုမ္ပဏီများစွာနဲ့ စာချုပ်ချုပ်ဆိုထားခြင်းမရှိတဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေလုပ်ကိုင်နေကြတဲ့ တောင်ကိုရီးယားနဲ့ တရုတ်အဖွဲ့ဝင်သုံးဦးနဲ့ ဥပဒေရေးရာစစ်ပွဲကိုဆင်နွှဲနေခဲ့တာပဲဖြစ်ပါတယ်။



EXO မှ Tao ရဲ့ဓာတ်ပုံ (Yonhap)

Provided by Yonhap News.


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။