contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

လာမည့်လမှာ အယ်လ်ဘမ်အသစ်ထွက်ရှိမယ့် ‘Summer queen’ Sistar

Wed, May 10 2017

SEOUL၊ မေလ (2) ရက် (Yonhap) -- နွေရာသီမှာတင်ဆက်ခဲ့တဲ့ ၎င်းတို့ရဲ့အရှိန်ကောင်းတဲ့တင်ဆက်မှု တွေကြောင့် ‘summer queen’ လို့နာမည်ပြောင်ရထားတဲ့ အမျိုးသမီးအဆိုတော်အဖွဲ့ Sistar ဟာ ဇွန်လ အစောပိုင်းမှာ အယ်လ်ဘမ်အသစ်ထွက်ရှိတော့မှာဖြစ်တယ်လို့ တေးဂီတဆိုင်ရာသတင်းအရင်းအမြစ်တွေက မေလ (2) ရက်နေ့မှာပြောကြားခဲ့ပါတယ်။

၎င်းတို့အဖွဲ့ဟာ လက်ရှိအချိန်မှာ အယ်လ်ဘမ်အသစ်အတွက် ထုတ်လုပ်ရေးအဖွဲ့ဖြစ်တဲ့ Black Eyed Pilseung နဲ့လက်တွဲဆောင်ရွက်လျှက်ရှိကြောင်း အဆိုပါသတင်းအရင်းအမြစ်တွေက ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်ခန့်က ၎င်းတို့ရဲ့နောက်ဆုံး EP “Insane Love” ထွက်ရှိခဲ့ပြီးကတည်းကဆိုရင် အဆိုပါ အယ်လ်ဘမ်ဟာ အဖွဲ့လိုက်ပထမဆုံးအယ်လ်ဘမ်ဖြစ်ပါတယ်။ Sistar ဟာ ၎င်းတို့ရဲ့နာမည်ကျော်သီချင်းတွေ ဖြစ်တဲ့ “Touch My Body” နဲ့ “I Like That” တို့အတွက် Black Eyed Philseung နဲ့ အရင်ကလည်း လက်တွဲဆောင်ရွက်ခဲ့ဖူးပါတယ်။



ရက်စွဲဖော်ပြမထားတဲ့ K-pop အဖွဲ့ Sistar ပုံ (Yonhap)

(2010) ခုနှစ်၊ ဇွန်လမှာပွဲဦးထွက်ခဲ့တဲ့ Sistar ဟာ ၎င်းတို့ရဲ့လှုပ်ခါပြီးကရတဲ့အကသီချင်းတွေ၊ ကျန်းမာသန်စွမ်း တဲ့အလှနဲ့ စင်မြင့်ထက်ကအံ့မခန်းဖျော်ဖြေတင်ဆက်မှုတွေကြောင့် နာမည်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။

Sistar ဟာ ၎င်းတို့ရဲ့လူကြိုက်များတဲ့ နွေရာသီတေးသီချင်းတွေဖြစ်တဲ့ “So Cool”၊ “Loving U”၊ “Give It to Me”၊ “Touch My Body”၊ “Shake It” နဲ့ “I Like That” တို့ကြောင့် moniker “summer queen” ဘွဲ့ကို ရရှိခဲ့တာဖြစ်ပါတယ်။

အဖွဲ့လိုက်လှုပ်ရှားမှုတွေ တစ်နှစ်လောက်အဆက်ပြတ်နေခဲ့တဲ့အချိန်အတွင်း အဖွဲ့ဝင်တွေဟာ တစ်ဦးချင်း လှုပ်ရှားမှုတွေကိုအာရုံစိုက်ခဲ့ကြပါတယ်။

Hyolyn ဟာ နိုဝင်ဘာလတုန်းက တစ်ကိုယ်တော်အယ်လ်ဘမ် “It’s Me” ထွက်ရှိခဲ့ပါတယ်။ မတ်လမှာ သူဟာ Austin၊ Texas မှာရှိတဲ့ အနောက်တောင် (SXSW) ပွဲတော်မှာ တောင်ဘက်ရဲ့အပိုင်းတစ်ပိုင်းဖြစ်တဲ့ K-pop စင်တင်ပြပွဲမှာပါဝင်တင်ဆက်ခဲ့ပြီးနောက်မှာတော့ သူဟာ ပထမဆုံးတစ်ကိုယ်တော်မြောက်အမေရိကခရီးစဉ် သွားရောက်ခဲ့ပါတယ်။ လက်ရှိမှာ သူဟာ ပြီးခဲ့တဲ့လက ရက်ပ်ပါ Changmo နဲ့တွဲဖက်ထွက်ရှိခဲ့တဲ့ သူ့ရဲ့ တစ်ကိုယ်တော် “Blue Moon” နဲ့ ဒေသတွင်းအဓိက music chart တွေရဲ့ထိပ်ပိုင်းတွေမှာ ပါဝင်ရပ်တည် လျှက်ရှိပါတယ်။

Soyou ကတော့ ပြီးခဲ့တဲ့နှစ်ကလူကြိုက်များခဲ့တဲ့တီဗီဒရာမာ “Love in the Moonlight” နဲ့ “Guardian: The Lonely and Great God” တို့မှာသီချင်းတွေသီဆိုပြီး နာမည်ကျော်ကြားရေပန်းစားခဲ့ပါတယ်။ ဖေဖော်ဝါရီလ မှာတော့ သူဟာ EXO က Baekhyun နဲ့နှစ်ယောက်တွဲသီချင်း “Rain” ထွက်ရှိခဲ့ပါတယ်။

အဆိုတော်-သရုပ်ဆောင်ဆိုတဲ့ရပ်တည်မှုနဲ့ ဖန်သားပြင်ပေါ်မှာပိုမိုတွေ့မြင်လာရတဲ့ Dasom ဟာလည်း လက်ရှိမှာ SBS TV ဒရာမာ “Sister Is Alive” မှာညို့အားပြင်းတဲ့ Yang Dal-hee အဖြစ် ပါဝင်သရုပ်ဆောင် လျှက်ရှိပါတယ်။



ရက်စွဲဖော်ပြမထားတဲ့ K-pop အဖွဲ့ Sistar ပုံ (Yonhap)

sshim@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။