contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

နောက်တစ်ပတ်မှာ အယ်လ်ဘမ်အသစ်ထွက်ရှိမယ့် K-pop အဆိုတော် Psy

Thu, May 11 2017

SEOUL၊ မေလ (1) ရက် (Yonhap) – (2012) ခုနှစ် ပေါ့ပ်ခံစားမှု “Gangnam Style” ရဲ့ Psy ဟာ တစ်နှစ်နဲ့ ခြောက်လကြာအဆက်ပြတ်နေပြီးမှအနုပညာပြန်လည်လှုပ်ရှားဆောင်ရွက်တဲ့အနေနဲ့ လာမယ့်အပတ်မှာ ၎င်းရဲ့ ရှစ်ခွေမြောက် full-length အယ်လ်ဘမ်ထွက်ရှိတော့မှာဖြစ်ကြောင်း ၎င်းရဲ့အေဂျင်စီက မေလ (1) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အမည်ရင်း Park Jae-sang ဖြစ်တဲ့ တောင်ကိုရီးယား အဆိုတော်-ရက်ပ်ပါရဲ့အယ်လ်ဘမ်အသစ်ဟာ မေလ (10) ရက်နေ့မှာထွက်ရှိမှာဖြစ်ကြောင်း YG Entertainment ကနေပြောကြားခဲ့တာဖြစ်ပါတယ်။ Psy ရဲ့ကာတွန်း ရုပ်ပုံပါထွေလာပုံနဲ့နေ့စွဲကို ကုမ္ပဏီက ၎င်းတို့ရဲ့တရားဝင်ဘလော့ဂ်မှာလွှင့်တင်ခဲ့ပါတယ်။

“Psy ရဲ့အမှတ်အသားဖြစ်တဲ့ စိတ်လှုပ်ရှားမှုအပြင် စွမ်းအင်တွေပြည့်နှက်နေတဲ့သီချင်းနဲ့ ဗီဒီယိုအသစ်တွေကို မျှော်လင့်စောင့်စားပေးကြပါ” လို့ YG ကပြောကြားခဲ့ပါတယ်။

Psy ဟာ YouTube ပေါ်မှာကြည့်ရှုသူ 2.8 ဘီလီယံကျော်သွားတဲ့ “Gangnam Style” တေးသီချင်းဗီဒီယိုနဲ့ ကမ္ဘာတဝှမ်း နာမည်ကျော်ကြားလူကြိုက်များခဲ့တာဖြစ်ပါတယ်။ သူရဲ့တခြားနာမည်ကျော်တေးသီချင်းတွေထဲမှာ “Gentleman”၊ “Hangover” နဲ့ “Daddy” တို့လည်းအပါအဝင်ဖြစ်ပါတယ်။

ရက်ပ်ပါ-အဆိုတော်ဖြစ်သူဟာ မင်းသား Lee Byung-hun၊ မိန်းကလေးအဖွဲ့ Apink က Son Naeun တို့နဲ့ တေး သီချင်းဗီဒီယိုအသစ် ရိုက်ကူးနေကြောင်းလည်း သိရှိရပါတယ်။

Psy ရဲ့ထွက်ရှိပြီးတဲ့တေးသီချင်းဗီဒီယိုတွေမှာ ထင်ရှားတဲ့ကိုရီးယားအနုပညာရှင်အများအပြား ပါဝင်ခဲ့ဖူး ပါတယ်။ သူဟာ သူရဲ့ “Gangnam Style” ဗီဒီယိုအတွက် 4minute ရဲ့မူလအဖွဲ့ဝင် HyunA နဲ့ “Gentleman” အတွက် Brown Eyed Girls က Gain တို့နဲ့ လက်တွဲဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။



မေလ (10) ရက်နေ့မှာထွက်ရှိလာမယ့် တောင်ကိုရီးယားအဆိုတော် Psy ရဲ့ ရှစ်ခွေမြောက် full-length အယ်လ်ဘမ်အတွက် ထွေလာရုပ်ပုံ (Yonhap)

odissy@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။