Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

မီနီအယ်လ်ဘမ်အသစ်နဲ့အတူ ဂျပန် Oricon ဇယားကို သိမ်းပိုက်လိုက်တဲ့ BTS

Thu, May 18 2017

SEOUL၊ မေလ (11) ရက် (Yonhap) – Bangtan Boys လို့လည်းလူသိများတဲ့ တောင်ကိုရီးယားအမျိုးသား အဖွဲ့ BTS ဟာ သူတို့ရဲ့ဂျပန်ဘာသာနဲ့သီဆိုထားတဲ့မီနီအယ်လ်ဘမ်အသစ်နဲ့အတူ ဂျပန်နိုင်ငံရဲ့ထိပ်တန်း တေးဂီတစာရင်းမှာ နံပါတ် - 1 နေရာကိုရောက်ရှိခဲ့တယ်လို့ ၎င်းတို့ရဲ့အေဂျင်စီက ဆိုပါတယ်။

အဖွဲ့ရဲ့စီမံခန့်ခွဲရေးအေဂျင်စီဖြစ်တဲ့ Big Hit Entertainment ရဲ့အဆိုအရ (2017) ခုနှစ်၊ မေလ (11) ရက်နေ့အထိ ကော်ပီအချပ်ပေါင်း 141,000 ကျော်အထိ ရောင်းချနိုင်ခဲ့ပြီးဖြစ်တဲ့ BTS ရဲ့ ခုနှစ်ခွေမြောက် ဂျပန်ဘာသာနဲ့သီဆိုထားတဲ့ single album “Blood Sweat & Tears” ကို (2017) ခုနှစ်၊ မေလ (10) ရက်နေ့က ထုတ်ဝေခဲ့ပြီး Oricon Daily Single စာရင်းရဲ့ထိပ်ဆုံးမှာရပ်တည်နေခဲ့ပါတာဖြစ်ပါတယ်။

အဆိုပါမီနီအယ်လ်ဘမ်မှာတော့ (2016) ခုနှစ်က တောင်ကိုရီးယားမှာထွက်ရှိပြီးဖြစ်တဲ့ “Blood Sweat & Tears”၊ ယခုနှစ်အစောပိုင်းမှာထွက်ရှိထားတဲ့ “Spring Day” နဲ့ “Not Today” တို့ပါဝင်ပါတယ်၊ ဒါပေမယ့် သီချင်းတွေကိုတော့ ဂျပန်ဘာသာနဲ့ အသစ်ပြန်လည်အသံသွင်းထားပါတာဖြစ်ပါတယ်။

ယခုအခွေကတော့ (2015) ခုနှစ်ကထွက်ရှိထားတဲ့ “For You”၊ “I Need U” နဲ့ (2016) ခုနှစ်က ထွက်ရှိထားတဲ့ “Run” တို့နောက် Oricon Daily Single Chart ပေါ်မှာ နံပါတ် (1) အယ်လ်ဘမ်အဖြစ် ဆက်လက်ရပ်တည်နိုင်တဲ့ အဖွဲ့ရဲ့လေးခွေမြောက်အယ်လ်ဘမ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အဖွဲ့ဝင် ခုနှစ်ယောက်ပါဝင်တဲ့ BTS ဟာ Tokyo မြို့မှာရှိတဲ့ Roppongi Hills မှာကျင်းပခဲ့တဲ့ အရောင်းမြှင့်တင်ရေး ပွဲမှာ ဂျပန်ပရိသတ်အယောက် 2,500 ခန့်နဲ့တွေ့ဆုံခဲ့ပါတယ်။

BTS ဟာ ဒီနှစ် Billboard Music Award ရဲ့ “Top Social Media Artist” ဆုအတွက် Justin Bieber၊ Selena Gomez၊ Ariana Grande၊ Shawn Mendes တို့နဲ့အပြိုင် ဆန်ခါတင်အဖြစ် မကြာသေးမီကမှ ရွေးချယ်ထားခြင်းခံခဲ့ရပါတယ်။



Big Hit Entertainment ကနေထုတ်ပြန်တဲ့ တောင်ကိုရီးယာအမျိုးသားအဖွဲ့ BTS ရဲ့ ကြော်ငြာပုံ (Yonhap)

odissy@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။