contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

(LEAD) Seoul မြို့၊ Gangnam မှာရှိတဲ့ လူမှုဖူလုံရေးစင်တာမှာ စစ်မှုထမ်းတာဝန် စတင်ထမ်းဆောင်နေပြီ ဖြစ်တဲ့ မင်းသား Lee Min-ho

Fri, May 19 2017

SEOUL၊ မေလ (12) ရက် (Yonhap) – မင်းသား Lee Min-ho ဟာ သူ့ရဲ့မဖြစ်မနေ စစ်မှုထမ်းရမယ့်တာဝန်အတွက်အစားထိုးအနေနဲ့ Seoul မြို့တောင်ပိုင်းမှာရှိတဲ့ လူမှုဖူလုံရေးစင်တာမှာ မေလ (12) ရက်နေ့ကစတင်ပြီး တာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်။

အဆိုပါမင်းသားဟာ မျက်နှာဖုံးအနက်တပ်ထားပြီး ဘောင်းဘီအနက်ရောင်နဲ့မီးခိုးရောင်ဂျာကင်တို့ကို ဝတ်ဆင်ထားကာ Gangnam ရပ်ကွက်ရုံးကို မနက် ၈း၄၅ ဝန်းကျင်မှာရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ရာပေါင်းများစွာသောပရိသတ်တွေဟာလည်း သူ့ကိုစောင့်ဆိုင်းနေခဲ့ပါတယ်။

သူဟာ (2006) ခုနှစ်နဲ့ (2011) ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ကားမတော်တဆမှုနှစ်ခုအတွင်းရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် ပြည်သူ့ဝန်ဆောင်မှုလုပ်သားအနေနဲ့ တာဝန်ပေးခြင်းခံရတာဖြစ်တယ်လို့ သူ့ရဲ့စီမံခန့်ခွဲရေး အေဂျင်စီ MYM Entertainment ရဲ့အဆိုအရသိရှိရပါတယ်။



စစ်မှုထမ်းတာဝန်စတင်ထမ်းဆောင်ဖို့အတွက် (2017) ခုနှစ်၊ မေလ (12) ရက်နေ့မှာ Gangnam ရပ်ကွက်ရုံးကို ရောက်ရှိလာတဲ့မင်းသား Lee Min-ho (Yonhap)

နောက်ခံစကားပြောအနေနဲ့ လုပ်အားပေးပါဝင်ခဲ့တဲ့ MBC TV documentary "DMZ, the Wild" အတွက် မီဒီယာရှင်းလင်းပွဲမှာ အဆိုပါမင်းသားဟာ ရှေ့တန်းကစစ်သားတွေနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းကို မကြာသေးမီက ဝေမျှပြောကြားသွားခဲ့ပါသေးတယ်။

“ကျွန်တော်မကြာခင်စစ်မှုထမ်းဆောင်ရတော့မှာဖြစ်ပြီး (ပရိသတ်တွေကို) နှုတ်ဆက်စကားဆိုရမှာ ဝမ်းနည်းမိ ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်မသွားရသေးခင်အချိန်လေးမှာ အလုပ်တစ်ခုလောက်ထပ်ပြီး လုပ်ချင်မိပါတယ်” လို့လည်းပြောကြားသွားခဲ့ပါတယ်။

သူဟာ သူရဲ့တရားဝင်တာဝန်ကိုစတင်ထမ်းဆောင်ဖို့အတွက် ရပ်ကွက်ရုံးကိုရောက်ရှိပြီးမကြာမီမှာပဲ Suseo လူမှုဖူလုံရေးစင်တာကို ထွက်ခွာသွားခဲ့ပါတယ်။ အဆိုပါစင်တာကို ရပ်ကွက်ရုံးကပဲ လုပ်ကိုင်ဆောင်ရွက်တာ ဖြစ်ပါတယ်။



စစ်မှုထမ်းတာဝန်စတင်ထမ်းဆောင်ဖို့အတွက် (2017) ခုနှစ်၊ မေလ (12) ရက်နေ့မှာ Gangnam ရပ်ကွက်ရုံးကို ရောက်ရှိလာတဲ့ မျက်နှာဖုံးအနက်တပ်ထားတဲ့ မင်းသား Lee Min-ho (Yonhap)

jaeyeon.woo@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။