contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

(Yonhap Feature) K-pop ရဲ့ Hall-of-Fame လျှောက်လမ်း - တချို့ကြယ်ပွင့်တွေပါပြီးတော့ တချို့ကဘာလို့ မပါတာပါလဲ

Fri, May 19 2017

SEOUL၊ မေလ (11) ရက် (Yonhap) – Psy ရဲ့ (2012) ခုနှစ်က ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ “Gangnam Style” ကိုတော့ ကမ္ဘာအနှံ့ကလူတွေ ရင်းနှီးပြီးသားဖြစ်မှာပါ။ တကယ်တော့ Gangnam ဆိုတာက အပျံစား ဇိမ်ခံစတိုးဆိုင်တွေနဲ့ ကိုရီုးယားနိုင်ငံရဲ့နောက်ဆုံးပေါ်ဖက်ရှင်တွေအပြင် K-pop ရဲ့ အလားအလာရှိသူ တွေကိုမွေးထုတ်ပေးတဲ့ အောင်မြင်နေတဲ့အေဂျင်စီတွေနဲ့ ပြည့်နှက်နေတဲ့ Seoul တောင်ပိုင်းမှာရှိတဲ့ လူကုံထံ ရပ်ကွက်ဖြစ်တယ်ဆိုတာကိုတော့ တောင်ကိုရီးနိုင်ငံပြင်ပကလူတွေ သိမယ်မထင်ပါဘူး။

ဒေသရဲ့အာရုံစိုက်မှုခံထားရတဲ့ Gangnam District Office ကတော့ “Gangnam Style” ရဲ့ တစ်ဟုန်ထိုး အောင်မြင်မှုကို တစ်ခါတစ်ရံအသုံးချပါတယ်။ ပြည်ပနိုင်ငံတွေကပရိသတ်တွေကိုဆွဲဆောင်ဖို့အတွက် K-pop ပွဲတွေ၊ မကြာသေးမီကမှပြီးဆုံးသွားခဲ့တဲ့ C-Festival၊ နဲ့ Idol အဆိုရှင်တွေနဲ့ ပရိသတ်တွေနဲ့တွေ့ဆုံ၊ နှုတ်ဆက်ပွဲတွေအများအပြားကိုလည်း အဆိုပါရုံးကနေစီစဉ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါရုံးဟာ “K-Star Road” လို့ အမည်ပေးထားတဲ့ Hall-of-fame-ပုံစံလျှောက်လမ်းကို ဖန်တီး တည်ဆောက်ခဲ့ပြီး Apgujeong Rodeo ဘူတာရုံကနေ Cheongdam လမ်းဆုံအထိ 1.08 ကီလိုမီတာရှည်တဲ့လမ်းတစ်လျှောက်မှာ အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့ ထူးခြားတဲ့ပုံစံ၊ စတိုင်တွေနဲ့ပုံဖော်ထားတဲ့ Apgujeong-dong မှာရှိတဲ့ “Gangnamdols” လို့ အမည်ပေးထားတဲ့ teddy ဝက်ဝံရုပ်တွေကိုတန်းစီထားပြီး “hallyu” အနုပညာရှင် (17) ယောက်ကို မော်ကွန်းတင်ထားပါတယ်။ Hallyu ဆိုတာကတော့ ကိုရီးယားပေါ့ပ်ယဉ်ကျေးမှုနာမည်ကျော်ကြားရေပန်းစားလာတဲ့ ကမ္ဘာအနှံ့အပြားကဖြစ်ရပ်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။



ကိုရီးယားတောင်ပိုင်း Apgujeong-dong မှာရှိတဲ့ K-pop-idol-themed Gangnamdol ရုပ်ထုတွေရဲ့ပုံ (Yonhap)

K-Star Road မှာတော့ စုစုပေါင်းရုပ်ထု (17) ခု (“Gangnam Style” ဗီဒီယိုထဲက Psy နဲ့လုံးဝဆင်တူတဲ့ နာမည်မရေးထားတဲ့ တစ်ရုပ်ပါထည့်တွက်ရင်တော့ (18) ရုပ်ပါ) ရှိပြီး အရုပ်တွေကတော့ Super Junior၊ 2PM၊ Shinee၊ TVXQ၊ Girls' Generation နဲ့ AOA တို့လို အင်မတန်နာမည်ကြီးတဲ့အဖွဲ့တွေအတွက်ပဲ ဖြစ်ပါတယ်။ မိုက်တယ်ဟုတ်။

ဒါပေမယ့် ပရောဂျက်ဆောင်ရွက်သူတွေကတော့ ဘယ်သူက စာရင်းအတွက် အချက်အလက်စုဆောင်းပြီး ဘယ်လိုလုပ်တာလဲ။ ဒါတွေကဘာကို ကိုယ်စားပြုတာလဲ။ ဘယ်အချက်တွေကို တာဝန်ယူသွားမှာလဲနဲ့ ချန်ထားခံရတဲ့အဖွဲ့ကြီးတွေကို ဘယ်လိုလုပ်မလဲ။ တိုက်ဆိုင်သွားတဲ့ “Gangnam” နာမည်တူကလွဲလို့၊ ဒေသတွင်းအစိုးရက အနုပညာရှင်တွေရဲ့စာရင်းကို ဘယ်လိုရွေးထုတ်ပြီး အချက်အလက်စုဆောင်းခဲ့တာလဲ စတဲ့ မေးခွန်းပေါင်းများစွာအတွက် တောင်းပန်ခဲ့ရပါတယ်။

Gangnam District Office မှာရှိတဲ့ တာဝန်ရှိသူများရဲ့ ပြောကြားချက်အရတော့ စာရင်းပြုလုပ်ဖို့အတွက် အများကြီးကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။

ပရောဂျက်ကိုတော့ ရုပ်တုပေါင်း (11) ခုနဲ့ (2015) ခုနှစ်၊ မတ်လက စတင်လုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံရဲ့ အခြေခံစံနှုန်းသတ်မှတ်ထားတဲ့ တေးသီချင်းရောင်းချမှုစာရင်းကိုကိုင်တွယ်တဲ့ အော်ပရေတာ၊ Gaon ပေါ်မှာ ရောင်းချနိုင်စွမ်းတွေကိုအခြေခံထားပြီး စာရင်းပြုလုပ်ရာမှာ အိမ်နီးချင်းနိုင်ငံတွေမှာရပ်တည်ခဲ့တဲ့ သူတို့ရဲ့ မှတ်တမ်းလေဘယ်တွေအပြင် ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာရုံးရဲ့အကြံပေးကော်မတီနဲ့ တိုင်ပင်ခဲ့ပါတယ်။

(2016) ခုနှစ်အစောပိုင်းမှာတော့ နောက်ထပ်ခြောက်ရုပ်ထပ်ထည့်ခဲ့ပါတယ်။ ရုံးကတော့ တိကျပြတ်သားတဲ့ အမှတ်ပေးပုံစံနဲ့ ရွေးချယ်တဲ့နည်းစနစ်တွေအတွက် တိကျတဲ့ရှင်းလင်းချက် အခုထိမပေးနိုင်သေးပေမယ့် ရွေးချယ်တဲ့စနစ်မှာ အနုပညာရှင်တွေရဲ့ “နိုင်ငံရပ်ခြားအနုပညာလှုပ်ရှားမှု” တွေက တော်တော်လေးအရေးပါ တယ်လို့ဆိုပါတယ်။

“ကျွန်တော်တို့ K-pop ကြယ်ပွင့်တွေရဲ့ ပြည်ပအောင်မြင်မှုကို အများကြီးထည့်သွင်းစဉ်းစားထားပါတယ်။ ဘာလို့လဲဆိုတော့ ဒေသတွင်းစီးပွားရေး အောင်မြင်မှုပိုရဖို့အတွက် ပြည်ပပရိသတ်တွေကို ဆွဲဆောင်ဖို့က ပရောဂျက်ရဲ့တစိတ်တပိုင်းတစ်ခုဖြစ်လို့ပါ” လို့ အမည်မဖော်လိုသူတစ်ဦးကပြောကြားခဲ့ပါတယ်။



ကိုရီးယားတောင်ပိုင်း၊ Apgujeong-dong မှာရှိတဲ့ K-Star လမ်းပေါ်ရှိ Girls’ Genration Gangnamdol ရုပ်တု (Yonhap)

K-Star Road ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အကောင်းတကာ့အကောင်းဆုံးပုံစံနဲ့ စာရင်းလုပ်တယ်ဆိုတာက အနုပညာရှင်နဲ့ သူတို့ရဲ့အေဂျင်စီတွေကို မျက်နှာချိုသွေးနေတာပဲဖြစ်ပါတယ်။ Gangnam District Office ကိုအထောက်အပံ့ပေးနေတဲ့ တချို့သောအေဂျင်စီတွေကို ဆိုလိုတာဖြစ်ပါတယ်၊ ဥပမာ တရားဝင် hallyu ကြယ်ပွင့်အဖြစ် အသိအမှတ်ပြုခံရဖို့နဲ့ သူတို့အကြောင်းလူသိပိုများဖို့အတွက် တချို့သောအဖွဲ့တွေကို ထည့်သွင်းဖို့ဖြစ်ပါတယ်။

“နောက်ထပ် Gangnamdols တွေ ဆောက်လုပ်ပေးဖို့အတွက် အေဂျင်စီတွေရဲ့ ချဉ်းကပ်တာကို ကျွန်ုပ်တို့ ခံနေရပါတယ်။ ဝက်ဝံရုပ်တွေက တဖြည်းဖြည်းနဲ့ idol အဖွဲ့တွေအတွက် ဂုဏ်ဒြပ်သင်္ကေတတွေ ဖြစ်လာတယ်” လို့ နောက်ထပ်သတင်းအရင်းအမြစ်တစ်ခုက ဆိုပါတယ်။

“လူသိနည်းတဲ့ အနုပညာရှင်ကို ကျွန်တော်တို့ထည့်ထားတယ်ဆိုရင်၊ ‘သူတို့ဘာလို့ ဒီမှာရှိနေတာလဲ’ လို့ လူတွေမေးနိုင်တယ်လေ။ အေဂျင်စီကြီးတွေက သူတို့ရဲ့ တက်သစ်စအနုပညာရှင်တွေက K-Star Road မှာ ပါဖို့ အရည်အချင်းမီလားဆိုပြီး မေးလာတာကို ကျွန်တော်တို့ဖြေနေရပါတယ်” လို့ တခြားတာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

ဒါပေမယ့် အဆိုပါကမ်းလှမ်းချက်ဟာ သိသိသာသာကို လမ်းကြောင်းပြောင်းသွားပါတယ်။ တေးဂီတ စီးပွားရေးအရင်းအမြစ်တစ်ခုအရ Gangnam District Office ဟာ လက်ရှိစာရင်းထဲမှာမပါသေးတဲ့ နာမည်ကြီးအနုပညာရှင်တွေကို ထည့်သွင်းစဉ်းစားဖို့ အားတက်သရော ရှာဖွေလုပ်ဆောင်ခဲ့ပြီးဖြစ်တယ်လို့ သိရှိရပါတယ်။ ရုံးက သူတို့လိုချင်တဲ့အတိုင်း လိုအပ်တာတွေရခဲ့ရင်တော့၊ နောက်ဆုံး 17 ရုပ် စာရင်းဟာ ကွဲပြားခြားနားသွားနိုင်ပါတယ်လို့ အဆိုပါအရင်းအမြစ်က ပြောပါတယ်။

ဒါပေမယ့် တချို့သော စီမံခန့်ခွဲသူတွေက စာချုပ်သက်တမ်းကုန်သွားပြီးနောက် အခြားအေဂျင်စီတစ်ခုကို ထွက်သွားမှာစိုးရိမ်တဲ့အတွက်ကြောင့် အရည်အချင်းရှိသော်ငြားလည်း တချို့သောအနုပညာရှင်တွေကို အဆိုပါလမ်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ခွင့်မပြုခဲ့ပါဘူး။

နောက်ဆုံးစာရင်းကတော့ သူတို့နိုင်ငံတွင်းမှာ ဘယ်လိုမျိုးလူကြိုက်များ၊ အောင်မြင်တယ်ဆိုတာကို မကြည့်ဘဲ ပြည်ပမှာရှိတဲ့ ပရိတ်သတ်ပမာဏကိုသာ ရှင်းရှင်းလင်းလင်း ဦးစားပေးရွေးချယ်ထားပါတယ်။ ဒါပေမယ့် နောက်ဆုံး 17 ရုပ်အတွက်ကိုတော့ (2015) ခုနှစ်နောက်ပိုင်းက ပြန်ရွေးထားတာဖြစ်ပါတယ်။ အဖွဲ့အသစ်တစ်ဖွဲ့ ရုတ်တရက်အောင်မြင်မှုတွေနဲ့ ပေါ်လာရင်ရော ဘာတွေဖြစ်လာပါမလဲ။

ဥပမာအနေနဲ့ဆိုရင်၊ မေးခွန်းထုတ်စရာမလိုတဲ့ ယနေ့ အောင်မြင်မှုအများဆုံးရနေတဲ့ အမျိုးသမီးအဖွဲ့ဖြစ်တဲ့ TWICE ဟာ K-Star Road မှာ မပါဝင်ခဲ့ပါဘူး။ အဲဒီလိုဘဲ ယခုလမှ ပြန်ပေါ်လာခဲ့တဲ့ “summer queen” Sistar လည်းမပါဝင်ခဲ့ပါဘူး။ ခေါင်းခြောက်စေတာကတော့ အဲ့လိုနာမည်ကြီးအဖွဲ့တွေမပါဘဲ၊ အဖွဲ့ကွဲသွားပြီ ဖြစ်တဲ့ 4 minute နဲ့ KARA တို့ စာရင်းထဲမှာ ပါဝင်နေသေးတာပဲဖြစ်ပါတယ်။ ဒီစာရင်းမှာပါဝင်တဲ့၊ နောက်ထပ်အမျိုးသမီးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ missA ကလည်း မကြာခင်အဖွဲ့ခွဲထွက်တော့မယ်လို့ ကြားသိရ ပါတယ်။

ပြည်ပက K-pop ပရိသတ်တွေကလည်း သူတို့ကြိုက်တဲ့ ကြယ်ပွင့်အသစ်တွေ စာရင်းထဲမှာပါလာမလား ဆိုတာကို သိချင်နေကြပါတယ်။

Idol အဆိုတော်တွေရဲ့ အာရုံစိုက်မှုတစ်ခုကို ရဖို့အတွက် K-Star Road အနီးက JYP Entertainment ရဲ့ ရုံးအရှေ့မှာ ချောင်းမြောင်းနေတဲ့ China၊ Suzhou က အထက်တန်းကျောင်းသားတစ်ဦး ဖြစ်တဲ့ Adrian Jiang က “ဒီလမ်းထဲလျှောက်ရင်းနဲ့ နာမည်ကြီး ကိုရီးယားပေါ့ပ်ကြယ်ပွင့်တွေကို လေ့လာလို့ရတာကို ကျွန်တော်ကြိုက်တယ်လေ။ ဒါပေမယ့် ကျွန်တော်က TWICE ရဲ့ပရိသတ်ပါ။ ဘယ်အချိန် TWICE ပါလာမှာလဲ” ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

ရုံးက teddy ဝက်ဝံရုပ်လေးတွေ စာရင်းကို ပြန်ပြောင်းမလားလို့ မေးတဲ့အခါ၊ ခန့်မှန်းခြေ ဝမ်သန်း (30) (US$26,430) ကုန်ကျနိုင်တဲ့အရုပ်အသစ်တွေထပ်လုပ်ဖို့ (သို့) လက်ရှိရှိနေတဲ့အရုပ်တွေကို ဖယ်ရှားဖို့ အတွက် အခုထိတော့ ဘဏ္ဍာငွေချမှတ်ပေးထားခြင်းမရှိသေးပါဘူးလို့ Gangnam District Office ရဲ့ တာဝန်ရှိသူ နောက်တစ်ဦးက ပြောပါတယ်။

“အရုပ်စာရင်းကို ထပ်တိုးပြီး၊ နှစ်စဉ်နှစ်တိုင်း အသစ်ပြောင်းလဲပေးမယ့် လူထုအနုပညာပရောဂျက်တစ်ခု အဖြစ် K-Star Road ကို ဆက်လက်လုပ်ဆောင်ဖို့ စိတ်ကူးကို ကျွန်တော်တို့ရခဲ့ပါတယ်။ လက်ရှိစာရင်းကို ထပ်ပြောင်းမှာမဟုတ်ဘူးလို့တော့ ကျွန်တော်တို့ မပြောနိုင်ပါဘူး၊ ဒါပေမယ့် နောက်ဆုံးပေါ် K-pop ခေတ် ရေစီးကြောင်းမှာ ရောင်ပြန်ဟပ်နိုင်ဖို့အတွက်တော့ ရုံးကအခုထိ ဘဏ္ဍာငွေကြိုတင်လျာထားပေးခြင်း မရှိပါဘူး” လို့ သက်ဆိုင်သူတစ်ဦးက ပြောပါတယ်။

တစ်ကိုယ်တော်အဆိုတော်တွေကို သူတို့ရဲ့ဒီဇိုင်းကြောင့် ချန်လှပ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ ဒီပရောဂျက်က Psy ကို အသိအမှတ်ပြုသင့်တယ်မဟုတ်ပါလား။

Psy အတွက်ကတော့၊ “Gangnam Style” ရဲ့ မြင်းစီးတဲ့ပုံစံ လက်နှစ်ဖက် သင်္ကေတပေါ်လာပြီးနောက်၊ လက်နှစ်ဖက်ရဲ့ 5 ပေမြင့်တဲ့ကြေးရုပ်တု ပုံစံနဲ့၊ COEX အဖြစ်လူသိများတဲ့၊ Gangnam ရဲ့ Convention and Exibition Center ရဲ့ရှေ့မှာ မော်ကွန်းတင်ထားခံရပါတယ်။

“ရုပ်တုအပေါ်မှာ ဒေသတွင်းဝေဖန်ချက်တွေရှိနေပေမယ့်လည်း ပြည်ပခရီးသွားတွေက ရုပ်တုရှေ့မှာ ဓာတ်ပုံရိုက်ရတာကို နှစ်သက်ကြတယ်လေ။ အဆိုတော်အဖွဲ့ Coldplay က Chris Martin တောင် ရုပ်တုရှေ့မှာ ရိုက်ထားတဲ့ သူ့ပုံကို Instagram ပေါ်မှာတင်လိုက်ပါသေးတယ်” လို့ တာဝန်ရှိသူက ပြောကြားခဲ့ပါတယ်။


ကိုရီးယားတောင်ပိုင်း Apgujeong-dong မှာရှိတဲ့ K-Star လမ်းအနီးက “Gangnamdol Haus” မှာ ရောင်းချခဲ့တဲ့ အသေးစား Gangnamdol များ (Yonhap)

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။