contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

စစ်မှုစတင်ထမ်းဆောင်နေပြီဖြစ်တဲ့ Super Junior ရဲ့ Kyuhyun

Fri, Jun 02 2017

SEOUL၊ မေလ (25) ရက် (Yonhap) – K-pop အဖွဲ့ Super Junior ရဲ့အဖွဲ့ဝင် Kyuhyun ဟာ သူရဲ့နှစ်နှစ်တာစစ်မှုထမ်းတာဝန်ကို မေလ (25) ရက်နေ့မှာ စတင်ထမ်းဆောင်နေပြီဖြစ်ပါတယ်။

အသက် (29) နှစ်အရွယ်အဆိုတော်ဟာ သူ့ရဲ့သုံးပတ်တာအခြေခံစစ်ပညာလေ့ကျင့်ရေးအတွက် Seoul တောင်ဘက် 213 ကီလိုမီတာအကွာမှာရှိတဲ့ Nonsan က လေ့ကျင့်ရေးစစ်စခန်းကို နေ့လည် 2 နာရီမှာ သွားရောက်သတင်းပို့ခဲ့တာဖြစ်ပါတယ်။

လေ့ကျင့်ရေးပြီးမြောက်တဲ့အခါမှာတော့ Kyuhyun ဟာ 2007 ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ ကားမတော်တဆမှု အတွင်းရရှိခဲ့တဲ့ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေကြောင့် သက်ညှာပြီးအမိန့်ချထားပေးတဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်သားအဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

“ကျင့်သားမရသေးတာမျိုးဖြစ်နိုင်ပါတယ်။ နေမကောင်းမဖြစ်ပါနဲ့၊ မငိုပါနဲ့၊ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွင် နေကြပါ” လို့ Kyunhyun က Twitter ပေါ်မှာရေးသားခဲ့ပြီး ဆံပင်တိုတိုနဲ့သူ့ရဲ့ဓာတ်ပုံကိုလည်း လွှင့်တင်ထားခဲ့ ပါတယ်။

"နောက်ပြန်ဆုံမယ့်အချိန်အထိ နှုတ်ဆက်လိုက်ပါတယ်နော်” လို့လည်း ယင်းအဆိုတော်က ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။ Kyuhyun ဟာ သူစစ်မှုစတင်ထမ်းဆောင်တဲ့ မေလ (24) ရက်နေ့ညနေခင်းမှာ "Goodbye for Now" ဆိုတဲ့ သူ့ရဲ့ digital single ကိုထုတ်လွှင့်ဖြန့်ချိခဲ့ပါတယ်။

တောင်ကိုရီးယားမှာ သန်စွမ်းကြံ့ခိုင်တဲ့ကိုရီးယားအမျိုးသားတိုင်းဟာ အသက် (35) ရက်နေ့မတိုင်မီ (21) လတာ စစ်မှုထမ်းတာဝန်ကို ပြီးမြောက်အောင်ထမ်းဆောင်ဖို့လိုအပ်ပါတယ်။

Kyuhyun ဟာ (2006) ခုနှစ်မှာ Super Junior နဲ့အတူ စတင်ပွဲဦးထွက်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဂီတနယ်ပယ်အပြင် MBC TV ရဲ့ "Radio Star" အပါအဝင် နာမည်ကြီးရှိုးအများအပြားမှာပါဝင်ပြီး လူသိများကျော်ကြားတဲ့ TV အနုပညာရှင်တစ်ယောက်ဖြစ်လာတာလည်း ဖြစ်ပါတယ်။



(2017) ခုနှစ်၊ မေလ (25) ရက်နေ့ လေ့ကျင့်ရေးစစ်စခန်းကိုမဝင်ရောက်မီ ဆံပင်တိုတိုညှပ်ထားတဲ့ Kyuhyun ရဲ့ Twitter အကောင့်မှပုံ (Yonhap)

odissy@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။