Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

နိုင်ငံပေါင်း (136) နိုင်ငံကို ကြိုတင်ရောင်းချလိုက်တဲ့ ကိုရီးယားအက်ရှင်ဇာတ်ကား

Fri, Jun 02 2017

SEOUL၊ မေလ (30) ရက် (Yonhap) – “The Villainess” လို့အမည်ရတဲ့ ကိုရီးယားအက်ရှင်ဇာတ်ကားကို ပြည်တွင်းမှာထုတ်လွှင့်ခြင်းမပြုမီ နိုင်ငံပေါင်း (136) နိုင်ငံကိုကြိုတင်ရောင်းချခဲ့တယ်လို့ ၎င်းရဲ့ဒေသတွင်း ဖြန့်ချိသူက မေလ (30) ရက်နေ့မှာပြောကြားခဲ့ပါတယ်။

အဆိုပါဇာတ်ကားကို ယခုနှစ် Cannes Film Festival ရဲ့ သန်းခေါင်ယံအခန်းကဏ္ဍမှာ ပြသသွားခဲ့တာ ဖြစ်ပါတယ်။

Next Entertainment World ရဲ့အဆိုအရ ဇာတ်ကားရဲ့ဖြန့်ချိပိုင်ခွင့်ကို ဂျပန်၊ တရုတ်၊ စင်ကာပူနဲ့ အိန္ဒိယ တို့သာမက ဘီနီလုဇ်နဲ့ စကန်ဒီနာဗီးယန်းနိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း (136) နိုင်ငံက ကုမ္ပဏီတွေကို ရောင်းချခဲ့တာဖြစ်ပါတယ်။

Jung Byung-gil ရိုက်ကူးတဲ့အဆိုပါဇာတ်ကားဟာ ရက်စက်ကြမ်းကြုတ်တဲ့လူသတ်သမားဖြစ်အောင် ပျိုးထောင်ခြင်းခံရပြီး တောင်ကိုရီးယား ပြည်နယ်ထောက်လှမ်းရေးအေဂျင်စီရဲ့ခေါ်ယူမှုကိုခံရတဲ့ မိန်းမပျို လေးအကြောင်းကို ဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။ သူမဟာ သူမရဲ့ပတ်ဝန်းကျင်က လျို့ဝှက်ချက်တွေနဲ့ ပူးပေါင်းကြံစည်မှုတွေကိုသိလိုက်ရပြီးနောက်မှာတော့ လက်စားချေဖို့အတွက် ပေါ်ထွက်လာခဲ့ပါတော့တယ်။

Kim Ok-bin၊ Shin Ha-kyun နဲ့ Bang Sung-jun တို့ပါဝင်တဲ့အဆိုပါဇာတ်ကားကို ဒေသတွင်းရုပ်ရှင်ရုံ တွေမှာ ဇွန်လ (8) ရက်နေ့မှာစတင်ပြသတော့မှာဖြစ်ပါတယ်။



New Entertainment World ကနေထုတ်ပြန်တဲ့ တောင်ကိုရီးယားအက်ရှင်ဇာတ်ကား “The Villainess” ရဲ့အရောင်းမြှင့်တင်ရေးပိုစတာ (Yonhap)

sshim@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။