contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

မှတ်တမ်းရုပ်ရှင်ကဏ္ဍအတွက် အဖွင့်ပွဲမှာပဲအမှတ်အများကြီးရခဲ့တဲ့ သမ္မတဟောင်းအကြောင်းရိုက်ကူး ထားတဲ့ရုပ်ရှင်

Mon, Jun 05 2017

SEOUL၊ မေလ (26) ရက် (Yonhap) – လစ်ဘရယ်သမ္မတဟောင်း Roh Moo-hyun ရဲ့ဘဝဇာတ်ကြောင်း ကိုရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ဟာ တောင်ကိုရီးယားရဲ့ မှတ်တမ်းရုပ်ရှင်အမျိုးအစားအတွက် အဖွင့်နေ့မှာပဲ စံချိန်တင်ရမှတ် ရယူနိုင်ခဲ့ပါတယ်။

“Our President” ဇာတ်ကားဟာ မေလ (22) ရက်နေ့က နိုင်ငံအနှံ့အပြားမှာ လက်မှတ်ပေါင်း 78,737 ရောင်းရပြီး box office ရဲ့ ဒုတိယနေရာမှာရပ်တည်နေခဲ့ကြောင်းကို ကိုရီးယားရုပ်ရှင်ကောင်စီ (KOFIC) ရဲ့ box office ဇယားအစီအစဉ်အရ သိရှိရပါတယ်။



ကိုရီးယားမှတ်တမ်းရုပ်ရှင်ဇာတ်ကား “Our President” ရဲ့အရောင်းမြှင့်တင်ရေးပိုစတာ (Yonhap)

အဆိုပါဇာတ်ကားဟာ (2014) ခုနှစ်က အင်မတန်ကျော်ကြားခဲ့တဲ့ “My Love, Don’t Cross That River” ရဲ့အောင်မြင်မှုသရဖူကို လွှဲပြောင်းရယူပြီး မှတ်တမ်းရုပ်ရှင်ဇာတ်ကားအားလုံးအတွက် box office စုစည်းမှု ရဲ့အဖွင့်နေ့မှာပဲ အမြင့်ဆုံးစံချိန်တင်ခဲ့တာဖြစ်ပါတယ်။ ဝေးလံခေါင်ဖျားတဲ့ကျေးရွာလေးက သက်ကြီးပိုင်း ဇနီးမောင်နှံတို့ကြားက အချိန်ကြာရှည်စွာတည်မြဲနေတဲ့အချစ်မေတ္တာအကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင် ဇာတ်ကားဟာ ပထမနေ့မှာပဲ လက်မှတ်ပေါင်း (8,607) ရောင်းချခဲ့ရပြီး ရုပ်ရှင်ကြည့်ရှုသူစုစုပေါင်း (4.8) သန်းကိုသာ ဆွဲဆောင်နိုင်ခဲ့ခြင်းနဲ့အတူ အဆုံးသတ်သွားခဲ့ပါတယ်။

ထောက်ခံအားပေးသူ (2) ရာခိုင်နှုန်းကနေစပြီး Millennium Democratic Party ရဲ့ ပါတီကိုယ်စားလှယ် အကြိုရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး (2002) ခုနှစ်မှာ သမ္မတရာထူးအတွက် ပါတီရဲ့ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းဖြစ်လာခဲ့တဲ့ ဝတ္တုဇာတ်လမ်းဆန်တဲ့ Roh ရဲ့လုပ်ငန်းစဉ်တွေကို “Our President” က ပြန်ပြောင်းပြသပေးထားတာဖြစ်ပါတယ်။

မှတ်တမ်းရုပ်ရှင်မှာတော့ ပြည့်သူရေးရာအတွက် သမ္မတ Roh ရဲ့ အတွင်းရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး အသစ်ရွေးကောက်တင်မြှောက်ခြင်းခံထားရတဲ့လက်ရှိသမ္မတ Moon Jae-in၊ နဲ့ လစ်ဗရယ် ပါတီဝင် နိုင်ငံရေးသမား An Hee-jung အပါအဝင် Roh ကို ထောက်ခံအားပေးသူတွေနဲ့ တွေ့ဆုံမေးမြန်းခန်း တွေနဲ့ ဗီဒီယိုတွေပါဝင်ပါတယ်။

ဒါပေမယ့် အဆိုပါရုပ်ရှင်ရိုက်ကူးသူကတော့ ရုပ်ရှင်ထုတ်လုပ်ဖို့နဲ့ ဖြန့်ချိဖို့အတွက် အခက်အခဲတွေ အတော်လေးရင်ဆိုင်ခဲ့ရပါတယ်။

အဆိုပါရုပ်ရှင်ရဲ့ ဒါရိုက်တာ Lee Chang-jae နဲ့ ထုတ်လုပ်သူ Choi Nak-yong တို့က ရုပ်ရှင်ထုတ်လုပ်ခြင်းကို ပြီးခဲ့တဲ့နှစ် ပါလီမန်ရွေးကောက်ပွဲတွေကျင်းပပြီးနောက် ရုပ်ရှင်ကိုဆန့်ကျင်ပြီး ဖိနှိပ်ချုပ်ချယ်မှုတွေဖြစ်လာမှာကိုစိုးရိမ်တဲ့အတွက်ကြောင့် ပရောဂျက်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာကိုမျှ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိဘဲ စတင်ခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ကို ပြည်တွင်းရုပ်ရှင်ရုံတွေမှာ ပြသခွင့်ရလိမ့် မယ်လို့ မမျှော်လင့်ခဲ့ကြောင်း အဆိုပါထုတ်လုပ်သူနဲ့ ဒါရိုက်တာတို့က ပြောပါတယ်။



Korea မှတ်တမ်းရုပ်ရှင် “Our President” အတွက် အရောင်းမြှင့်တင်ရေးပိုစတာ (Yonhap)

ဒါပေမယ့် Moon ကို အသစ်တက်လာမယ့်သမ္မတအဖြစ် ရွေးချယ်ပြီးနောက်မှာတော့ ရုပ်ရှင်ဖြန့်ချိခြင်းက အရှိန်အဟုန်မြင့်တက်လာတဲ့အတွက် ညှိနှိုင်းမှုတွေအပြုလုပ်ရသေးမီနဲ့ ပရိသတ်ထံကိုလက်မှတ်တွေ အကုန်မရောင်းချမီ ယခုလအစောပိုင်းမှာ Jeonju International Film Festival မှာ ပွဲဦးထွက်ပြသခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရဲ့အကြီးဆုံးရုပ်ရှင်ရုံပြသသူဖြစ်တဲ့ CJ CGV က လုပ်ကိုင်တဲ့ CGV Arthouse ဟာ ရွေးကောက်ပွဲအပြီး နောက်တစ်နေ့ဖြစ်တဲ့ မေလ (10) ရက်နေ့က အဆိုပါရုပ်ရှင်ထုတ်လုပ်တဲ့ကုမ္ပဏီနဲ့ ပူးပေါင်းဖြန့်ချိဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။

လူအများအပြားရန်ပုံငွေထည့်ကြတဲ့ အွန်လိုင်းပလက်ဖောင်းဖြစ်တဲ့ Wadiz ပေါ်မှာ အဆိုပါရုပ်ရှင်ကို လွှင့်တင်ခဲ့ပြီးတဲ့နောက် (26) မိနစ်အကြာမှာ ရုပ်ရှင်အတွက်မျှော်မှန်းထားတဲ့ ငွေကြေးပမာဏ သန်း 200 ကို မေလ (30) ရက်နေ့ကရရှိခဲ့ပါတာဖြစ်ပါတယ်။ ငွေကြေးစိုက်ထုတ်ထားတဲ့ကုမ္ပဏီရဲ့ပြောကြားချက်အရ အဆိုပါငွေကြေးတွေကို နိုင်ငံအနှံ့ရုပ်ရှင်ထုတ်လုပ်ဖို့အတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။

sshim@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။