contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

အပတ်စဉ်အလယ်ရက် TV ဒရာမာပြိုင်ပွဲမှာ ဆက်တိုက်ဦးဆောင်နေတဲ့ ‘Ruler’

Wed, Jun 14 2017

SEOUL၊ ဇွန်လ (9) ရက် (Yonhap) – ဇွန်လ (9) ရက်နေ့မှာပြသတဲ့အချက်အလက်များအရ MBC TV ရဲ့ အပတ်စဉ်ကာလဒရာမာဖြစ်တဲ့ “Ruler. Master of The Mask” ဟာ ဗုဒ္ဓဟူး-ကြာသပတေး ညနှောင်းပိုင်းဒရာမာ ပြိုင်ပွဲရဲ့ထိပ်ဆုံးမှာ ရပ်တည်နေလျှက်ရှိပါတယ်။

Nielsen Korea မှရရှိတဲ့သတင်းများအရ ကြာသပတေးနေ့ညနေမှာလွှင့်ခဲ့တဲ့ “Ruler” ရဲ့ အပိုင်း (19) နဲ့ (20) တို့ဟာ ကြည့်ရှုသူ (11.2) ရာခိုင်နှုန်းနဲ့ (12.2) ရာခိုင်နှုန်း အသီးသီးရရှိခဲ့ပါတယ်။

အဆိုပါရှိုးကို အလယ်မှာကြော်ငြာထည့်သွင်းထားသည့် နာရီဝက်နှစ်ခါစာခွဲထားသော တစ်နာရီကြာ ပုံမှန် TV ဇာတ်လမ်းတွဲအဖြစ် ပုံစံအသစ်နဲ့ ထုတ်လွှင့်နေတာဖြစ်ပါတယ်။

“Ruler” ရဲ့ဇာတ်လမ်းဇာတ်ကွက်ဟာ ထွန်းတောက်နေတဲ့ကြယ်ပွင့်မင်းသား Yoo Seung-ho မှ သရုပ်ဆောင် ထားတဲ့ လျို့ဝှက်ဆန်းကျယ်တဲ့အခြေအနေများကြောင့် ပုံရိပ်အမှန်ကိုဖုံးကွယ်ဖို့အတွက် လူလားမမြောက်ခင် ကတည်းက မျက်နှာဖုံးစွပ်ပြီးကြီးပြင်းခဲ့ရတဲ့ Joseon မင်းဆက် (1392-1910) မှ Lee Seon လို့အမည်ရတဲ့ အိမ်ရှေ့စံမင်းသား အကြောင်းဖြစ်ပါတယ်။

သူဟာ တစ်ကိုယ်ရေအသုံးပြုဖို့အတွက် အများပြည်သူအတွက်ဖြန့်ဝေပေးတဲ့ရေကို တစ်သီးပုဂ္ဂလဖြစ်အောင် လုပ်လိုက်တဲ့သူကိုရှာဖွေဖို့ “Pyeonsoohoe” လို့သိကြတဲ့ နည်းပညာအစည်းအရုံးကိုဆန့်ကျင်ကာ ယှဉ်ပြိုင် စွန့်စားခဲ့တာဖြစ်ပါတယ်။

ကလေးသရုပ်ဆောင်ကနေမင်းသမီးဖြစ်လာတဲ့ Kim So-hyun က အိမ်ရှေ့စံမင်းသားရဲ့ ချစ်ခင်နှစ်သက်မှုကို ခံရတဲ့ Han Ga-eun အဖြစ်လည်းကောင်း၊ အမျိုးသားတေးဂီတအဖွဲ့ INFINITE မှ L က မင်းသားရဲ့ ကျေးတော သားလူယုံအဖြစ်လည်းကောင်း သရုပ်ဆောင်ထားကြပါတယ်။ ပညာရှင်မင်းသား Hug Joon-ho ကတော့ အဓိကအတိုက်အခံ Daemok အဖြစ်နဲ့ ပါဝင်ထားတာဖြစ်ပါတယ်။

SBS TV ရဲ့ အချစ်ဟာသ “Suspicious Partner” ရဲ့ အပိုင်း (15) နဲ့ (16) တို့ဟာ (8) ရာခိုင်နှုန်းနဲ့ (9.6) ရာခိုင်နှုန်းအသီးသီးရရှိခဲ့ပြီး KBS 2TV အသစ်ရဲ့ ဒရာမာဇာတ်ကားဖြစ်တဲ့ “Queen for Seven Days” ရဲ့ လေးပိုင်းမြောက်ဟာလည်း (6.5) ရာခိုင်နှုန်းနဲ့ ရပ်တည်နေခဲ့ပါတယ်။



“Ruler. Master of The Mask” အတွက် အရောင်းမြှင့်တင်ရေးပုံ (Yonhap)

odissy@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။