Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

BTS ရဲ့ သီချင်းဗီဒီယို ခြောက်ပုဒ်မှာ Youtube ပေါ်တွင် ကြည့်ရှုသူ သန်း 100 ကျော်ရှိလာခဲ့

Thu, Jun 15 2017

SEOUL၊ ဇွန်လ (8) ရက် (Yonhap) – Bangtan Boys လို့ လူသိများတဲ့ K-pop အမျိုးသားအဖွဲ့ BTS က သူတို့ရဲ့ သီချင်းခြောက်ပုဒ်မှာ ကြည့်ရှုသူ (1) သန်း ကျော်သွားပြီဖြစ်တဲ့အတွက်ကြောင့် Youtube မှာ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

“Not Today” မှာ သီချင်းထုတ်ဝေပြီးနောက် ရက်ပေါင်း (109) ရက်အကြာလေးမှာပဲ၊ အရေအတွက်တွေကို ကျော်လွန်သွားတဲ့ နောက်ဆုံးသီချင်းဖြစ်တယ်လို့ သူတို့ရဲ့ စီမံခန့်ခွဲရေးအေဂျင်စီ ဖြစ်တဲ့ Big Hit Entertainment မှ ဇွန်လ (8) နေ့က ဆိုပါတယ်။

အခြားသီချင်းတွေကတော့ “Dope”၊ “Fire”၊ “Blood, Sweat & Tears”၊ “Boy in Love”၊ “Save Me” တို့ဖြစ်ပါတယ်။

2013 ခုနှစ်၊ ဇွန်လမှာ အဖွဲ့ပွဲဦးထွက်လာပြီး လေးနှစ်အကြာလေးမှာပဲ အောင်မြင်မှုတွေရရှိခဲ့ပါတယ်လို့၊ ကုမ္ပဏီကဆိုပါတယ်။

“Not Today” သီချင်းကို ဖေဖေါ်ဝါရီလက ထုတ်လွှင့်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ ထိုင်း အစရှိနဲ့ နိုင်ငံငါးနိုင်ငံရဲ့ iTunes music video chart မှာ နံပါတ် (1) အနေနဲ့ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။



BTS အဖွဲ့သီဆိုထားတဲ့ “Not Today” သီချင်းဗီဒီယိုရဲ့ ပြကွက်တစ်နေရာ (Yonhap)

jaeyeon@yna.co.kr

Provided by Yonhap News.