Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

(LEAD) နိုင်ငံပေါင်း (39) နိုင်ငံရဲ့ iTunes chart တွေမှာ ထိပ်ဆုံးရောက်နေတဲ့ G-Dragon

Thu, Jun 15 2017

SEOUL၊ ဇွန်လ (9) ရက် (Yonhap) – G-Dragon ရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ်အသစ်က နိုင်ငံပေါင်း (39) နိုင်ငံမှာရှိတဲ့ Apple ရဲ့ iTunes album charts တွေကို သိမ်းပိုက်စိုးမိုးထားပါတယ်လို့ သူ့ရဲ့အေဂျင်စီက ဇွန်လ (9) ရက်နေ့က ဆိုပါတယ်။

YG Entertainment ရဲ့ပြောကြားချက်အရ၊ အမျိုးအသားအဖွဲ့ BIGBANG ရဲ့ အဆိုတော်-ရပ်ပါမှ ထုတ်ဝေလိုက်တဲ့ “Kwon Ji Yong” လို့အမည်ပေးထားတဲ့ လေးခုမြောက် တစ်ကိုယ်တော် အယ်လ်ဘမ်မှာ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ အာဂျင်တီးနား၊ ပြင်သစ်နဲ့ ဟောင်ကောင်နိုင်ငံတို့ရဲ့ ဂီတ charts တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အခြားနိုင်ငံတွေမှာတော့ အင်ဒိုနီးရှား၊ မလေးရှား၊ မက္ကဆီကို၊ နော်ဝေး၊ စင်ကာပူနဲ့ စပိန်တို့ဖြစ်ပါတယ်။ ခေါင်းစီးသီချင်းဖြစ်တဲ့ “Untitled” ကတော့ တောင်ကိုရီးယားရဲ့ အဓိကကျတဲ့ music streaming charts အားလုံးကိုပါ လွှမ်းမိုးထားပါတယ်။

“Untitled” ကတော့ တရုတ်နိုင်ငံရဲ့ QQ Music ပေါ်ရှိ ဂီတအမျိုးအစား ငါးမျိုးလုံးရဲ့ နံပါတ်တစ်နေရာမှ သီချင်းတွေကို ဖယ်ရှားကာ နံပါတ်တစ်နေရာကို အပိုင်သိမ်းထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (9) ရက်နေ့အရတော့ အဆိုပါသီချင်းက သီချင်းအသစ်၊ ရုပ်သံဗီဒီယို၊ K-pop ရုပ်သံဗီဒီယို၊ ခေတ်ရှေ့ပြေးနဲ့ အချိန်နှင့် တပြေးညီလူကြိုက်များတဲ့ သီချင်းဇယားတွေရဲ့ ထိပ်ဆုံးမှာရှိနေခဲ့ပါတယ်။

Kwon Ji-yong ကတော့ G-Dragon ရဲ့နာမည်ရင်းဖြစ်ပါတယ်။ သီချင်းခေါင်းစဉ်တွေမှာ ဖော်ပြထားတဲ့အတိုင်း၊ အယ်လ်ဘမ်အသစ်မှာတော့ အသစ် (30) ပြည့်တော့မှာဖြစ်တဲ့ G-Dragon ရဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာနဲ့ ခံစားချက်တွေကို အဓိကအသားပေးထားတဲ့ သီချင်းစာသားတွေနဲ့အတူ၊ သူ့ရဲ့ကိုယ်ပိုင်အကြောင်းအရာတွေ တော်တော်များများပါဝင်ပါတယ်။



G-Dragon ရဲ့ အခွေအသစ်ဖြစ်တဲ့ “Kwon Ji Yong” အတွက် အယ်လ်ဘမ်ဓာတ်ပုံ (Yonhap)

“Untitled” ရဲ့ သီချင်းဗီဒီယိုကတော့ Youtube မှာတင်လိုက်ပြီး (15) မိနစ်အကြာမှာပဲ ကြည့်ရှုသူ (4.1) သန်း နီးပါး ရှိနေခဲ့ပါတယ်။

အယ်လ်ဘမ်ကို ထုတ်ဝေဖို့ နာရီပိုင်းအလိုလေးမှာပဲ၊ G-Dragon က သူ့တစ်ကိုယ်တော်အခွေရဲ့ ခေါင်းစည်းသီချင်းကို “Bullshit” ကနေ “Untitled” သို့ ပြောင်းခဲ့ပါတယ်။

YG Entertainment ကတော့ ရပ်ပါ-အဆိုတော်က ခေါင်းစည်းသီချင်းရဲ့အမည်ကို ဘာလို့ပြောင်းခဲ့တာလဲနဲ့ ပတ်သက်ပြီး ဖြေရှင်းချက်တစ်ခုမျှမပေးခဲ့ပါဘူး။ ဒါပေမယ့် လေ့လာသူတွေကတော့ အဆိုတော်က အထူးသဖြင့် သူနဲ့တစ်ဖွဲ့တည်းဖြစ်ပြီး လုပ်ဖော်ကိုက်ဖက်ဖြစ်တဲ့ T.O.P ရဲ့ မကြာသေးခင်ကဖြစ်သွားတဲ့ marijuana သတင်းဆိုးနဲ့ ဆေးဝါး အလွန်အကျွံသုံးလိုက်မှုတို့နဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာတွေကို ရှောင်ရှားနိုင်ဖို့အတွက် အနည်းငယ်စိတ်ဆွပေးသလိုဖြစ်နေတဲ့ ဟစ်ဟော့ပ် သီချင်းအမည်ကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။

T.O.P ကတော့ marijuana သုံးတဲ့အတွက်ကြောင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းမရှိသေးခင် ဆွဲချက်တင်ထားခံရပြီး နောက်တစ်နေ့မှာပဲ benzodiazepine ကို သိသိသာသာ အလွန်အကျွံသောက်သုံးလိုက်တဲ့အတွက်ကြောင့် ဇွန်လ (6) ရက်နေ့က ဆေးရုံတင်ထားခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက Seoul မှာရှိတဲ့ သူ့အိမ်မှာပဲ အသက် (21) နှစ် အရွယ်ရှိ အဆိုတော်သင်တန်းသူတစ်ဦးနဲ့အတူ လေးကြိမ်တိုင်တိုင် တားမြစ်ဆေးသုံးစွဲခဲ့ တယ်လို့ သင်္ကာမကင်းဖြစ်ခဲ့ရပါတယ်။

BIGBANG အဖွဲ့ဝင်အဖြစ် 2006 ခုနှစ်က ပွဲထွက်လာခဲ့တဲ့ G-Dragon ကတော့ “Heartbreaker” သီချင်းနဲ့ 2006 ခုနှစ်က သူ့ရဲ့တစ်ကိုယ်တော်သီဆိုမှုကို ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ 2012 ခုနှစ်မှာ “One of a kind” နဲ့ 2013 ခုနှစ်မှာ “Coup d’etat” စတဲ့ အယ်လ်ဘမ်နှစ်ခုနဲ့ကို ထုတ်ဝေခဲ့ပါတယ်။

အယ်လ်ဘမ်အသစ်ထွက်ပြီးနောက်မှာတော့၊ အဆိုတော်က ကမ္ဘာအနှံ့မှာရှိတဲ့ မြို့ကြီး (19) မြို့မှာ ဖျော်ဖြေသွားမယ့် စင်တင်ဖျော်ဖြေပွဲကို ဇွန်လ (10) ရက်နေ့က Seoul မှာ စတင်ပြုလုပ်သွားမှာဖြစ်ပါတယ်။



အဝတ်အစား အမှတ်တံဆိပ် 8seconds ကို အရောင်းမြှင့်တင်ဖို့အတွက်၊ 2017 ခုနှစ်၊ မေလ (1) ရက်နေ့က Seoul မှာ ကျင်းပခဲ့တဲ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ ဓာတ်ပုံအရိုက်ခံနေတဲ့ G-Dragon (Yonhap)

odissy@yna.co.kr

Provided by Yonhap News.