Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

လာမယ့်အပတ်မှာ ထုတ်လွှင့်တော့မယ် Lee Min-ho ရဲ့ DMZ သားရဲတိရိစ္ဆာန် မှတ်တမ်းရုပ်ရှင်

Fri, Jun 16 2017

SEOUL၊ ဇွန်လ (9) ရက် (Yonhap) -- ကြယ်ပွင့်သရုပ်ဆောင် မင်းသား Lee Min-ho ပါဝင် တင်ဆက်သွားမယ့် MBC TV ရဲ့မှတ်တမ်းရုပ်ရှင်စီးရီး၊ “DMZ, the Wild” ကို လာမယ့် အပတ်မှာ ထုတ်လွှင့်သွားမှာဖြစ်တယ်လို့၊ အဆိုပါကွန်ရက်က ဇွန်လ (9) ရက်နေ့က ဆိုပါတယ်။

ကိုရီးယားနိုင်ငံ နှစ်နိုင်ငံကို ပိုင်းခြားထားပေးတဲ့ အကျယ်အဝန်း လေးကီလိုမီတာလောက်ရှိတဲ့ ဧရိယာဖြစ်သည့် Demilitarized Zone (စစ်မဲ့ဇုန်) (DMZ) ထဲမှာရှိတဲ့ တောရိုင်းတိရိစ္ဆာန်တွေအကြောင်းကို ရိုက်ကူးထားတဲ့ အပိုင်းသုံးပိုင်းပါတဲ့ ဇာတ်လမ်းတွဲအတွက် ရုပ်သံထုတ်လွှင့်မှုကို သုံးပတ်ကြာတဲ့အထိ လာမယ့် တနင်္လာနေ့ နေ့လည် (11:10) နာရီတွင် စတင်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

လူသားတွေနဲ့ အထိအတွေသိပ်မရှိတဲ့ ဧရိယာအတွင်းမှာ ကျင်လည်ကျက်စားကြတဲ့ ဖျံ၊ အဝါရောင် စပါးကြီးမြွေနဲ့ အဝါနဲ့အနက်ရောင်စပ်တဲ့ တောင်ကြောင်စတဲ့ တိရိစ္ဆာန်တွေကို ကိုယ်တိုင်မြင်တွေ့ဖို့အတွက် Lee က ရိုက်ကူးရေး တစ်လျှောက်လုံးမှာ DMZ ထုတ်လုပ်သူအဖွဲ့နဲ့ အတူတူလိုက်ပါခဲ့ပါတယ်။



MBC TV ကပေးပို့ထားတဲ့ ယခုဓာတ်ပုံတွင် မကြာခင်ထုတ်လွှင့်မယ့် မှတ်တမ်းရုပ်ရှင် “DMZ, the Wild” မှာ တင်ဆက်သူအဖြစ်သရုပ်ဆောင်နေတဲ့ သရုပ်ဆောင် Lee Min-ho (Yonhap)

အစီအစဉ်မှာ တောဝက်တွေ အချင်းချင်းသတ်ဖြတ်နေပုံတွေ အပါအဝင် သဘာဝအကြောင်းရိုက်ကူးထားတဲ့ အခြားရှားပါးတဲ့ ဗီဒီယိုအကြမ်း ရိုက်ကွက်တွေပါ ထည့်သွင်းထားပါတယ်။

“DMZ မှာရှိတဲ့ တောရိုင်းတိရိစ္ဆာန်တွေကို နီးနီးကပ်ကပ်ရိုက်ကူးထားပြီးတော့ တော်တော်လေးကောင်းတဲ့ ဗီဒီယိုအကြမ်းကို ကျွန်တော်တို့ထုတ်ပြီးပါပြီ” လို့ MBC TV ရဲ့ကိုယ်စားလှယ်က ဆိုပါတယ်။

2006 နဲ့ 2011 ခုနှစ်က ထိခိုက်ခံစားခဲ့ရတဲ့ ကားမတော်တဆမှုနှစ်ခုက ဖြစ်လာခဲ့တဲ့ထိခိုက်မှုတွေကြောင့် သူရဲ့မဖြစ်မနေထမ်းဆောင်ရမယ့် စစ်မှုထမ်းတာဝန်အတွက် အစားထိုးအနေနဲ့၊ Seoul တောင်ပိုင်းရှိ လူမှုဖူလုံရေး စင်တာတစ်ခုမှာ ပြီးခဲ့တဲ့လကတည်းက Lee အလုပ်လုပ်နေခဲ့တာ ဖြစ်ပါတယ်။

နာမည်ကျော် သရုပ်ဆောင် မင်းသမီး Jun Ji-hyun နဲ့အတူ SBS TV ရဲ့ စိတ်ကူးယဉ်ဒရာမာ “The Legend of the Blue Sea” မှာ ပြီးခဲ့တဲ့နှစ်က Lee ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မင်းသားကတော့ 2009 ခုနှစ်က ဇာတ်လမ်းတွဲဖြစ်တဲ့ “Boys Over Flowers” မှာ သရုပ်ဆောင်ခဲ့ပြီး အောင်မြင်ကျော်ကြားမှုအများကြီးရခဲ့ကာ သူ့ရဲ့နောက်ဆက်တွဲ ရုပ်ရှင်တွေဖြစ်တဲ့ “City Hunter” (2011) နဲ့ “The Heirs” (2013) တို့နောက်မှာတော့ အောင်မြင်မှုတွေ ဆက်တိုက်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။



MBC TV မှတ်တမ်းရုပ်ရှင် “DMZ, the Wild” ရဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ရိုက်ကွက်တွေကို ဖော်ပြတဲ့ ပေါင်းစပ်ဓာတ်ပုံ (Yonhap)

odissy@yna.co.kr

Provided by Yonhap News.