Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

လေးနှစ်ကြာပြီးတဲ့နောက် အယ်လ်ဘမ်အသစ်ထွက်ရှိတော့မယ့် အဆိုတော် Lee Hyo-ri

Fri, Jun 16 2017

SEOUL၊ ဇွန်လ (12) ရက် (Yonhap) -- အဖွဲ့ကွဲသွားပြီဖြစ်တဲ့အမျိုးသမီးအဖွဲ့ Fin.K.L ရဲ့ Lee Hyo-ri ဟာ လေးနှစ်ကြာပျောက်ချက်သားကောင်းနေပြီးတဲ့နောက် အယ်လ်ဘမ်အသစ်တစ်ခွေနဲ့အတူ ပြန်လာတော့မှာ ဖြစ်တယ်လို့ သူ့ရဲ့အေဂျင်စီက ဇွန်လ (12) ရက်နေ့မှာပြောကြားခဲ့ပါတယ်။

“သူက မူလကစီစဉ်ထားတာထက်တစ်လနောက်ကျပြီး ဇူလိုင်လအစောပိုင်းမှာ အယ်လ်ဘမ်ထွက်ရှိဖို့ ဆုံးဖြတ် ထားပါတယ်” လို့ Kiwi Media Group ကပြောကြားခဲ့ပြီး သူဟာ အခုဆိုရင် အယ်လ်ဘမ်ကို နောက်ဆုံးအဆင့် အချောသတ်နေပြီဖြစ်တယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဆက်စီအကအထင်ကရဟောင်းတစ်ဦးဖြစ်တဲ့ အဆိုပါအဆိုတော်ဟာ သူမကိုယ်တိုင်ထုတ်လုပ်ဖြန့်ချိမယ့် အယ်လ်ဘမ်အတွက် တေးရေးဆရာ Kim Do-hyun နဲ့လက်တွဲဆောင်ရွက်နေပြီး အဆိုပါအခွေဟာ (2013) ခုနှစ်၊ မေလမှာထွက်ရှိခဲ့တဲ့ သူ့ရဲ့ငါးခွေမြောက် full-length အယ်လ်ဘမ် "Monochrome"နောက်ပိုင်း ပထမဆုံးပြန်လည်ထွက်ရှိတဲ့အခွေလည်းဖြစ်ပါတယ်။

အယ်လ်ဘမ်အသစ်မှာ ယင်းအဆိုတော်ကိုယ်တိုင် သီကုံးရေးစပ်ထားတဲ့သီချင်းတွေပါဝင်မှာဖြစ်တယ်လို့ အေဂျင်စီရဲ့ပြောကြားချက်အရ သိရှိရပါတယ်။



အဖွဲ့ကွဲသွားပြီဖြစ်တဲ့ အမျိုးသမီးအဆိုတော်အဖွဲ့ Fin.K.L ရဲ့ အဆိုတော် Lee Hyo-ri ပုံ (Yonhap)

sshim@yna.co.kr

Provided by Yonhap News.