Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

YG ကအနုပညာရှင်တွေရဲ့ အယ်လ်ဘမ်အသစ်တွေနဲ့ပြည့်နှက်နေတဲ့ဈေးကွက်

Tue, Jun 20 2017

SEOUL၊ ဇွန်လ (13) ရက် (Yonhap) -- တောင်ကိုရီးယားရဲ့ အကြီးဆုံး K-pop အေဂျင်စီတွေထဲကတစ်ခုဖြစ် တဲ့ YG Entertainment မှစီမံအုပ်ချုပ်တဲ့အနုပညာရှင်တွေရဲ့ အယ်လ်ဘမ်အသစ်တွေဟာ ယခုနှစ်ရဲ့ ပထမ နှစ်ဝက်မှာတင် ဆက်တိုက်ဆိုသလိုထွက်ရှိနေလျှက်ရှိပါတယ်။

ဇန်နဝါရီလမှာ Akdong Musician နဲ့စတင်ခဲ့ပြီး အခြား YG အနုပညာရှင်ငါးဦးဖြစ်တဲ့ -- Winner နဲ့ Sechskies တို့က ဧပြီလတွင်လည်းကောင်း၊ Psy နဲ့ iKON တို့က မေလတွင်လည်းကောင်း၊ G-Dragon က ဇွန်လတွင် လည်းကောင်း အယ်လ်ဘမ်အသစ်တွေဟာ ဆက်တိုက်ထွက်ရှိလာခဲ့တာပါ။ မိန်းကလေးအဖွဲ့ BLACKPINK ရဲ့အယ်လ်ဘမ်ဟာလည်း ဇွန်လ (22) ရက်နေ့မှာ ထွက်ရှိမှာဖြစ်တယ်လို့ အေဂျင်စီထံမှသိရှိရပါတယ်။



YG Entertainment ထံမှရရှိတဲ့ BLACKPINK ၏ဓာတ်ပုံ (Yonhap)

မကြာသေးမီက သတင်းဆိုးအချို့လည်းရှိခဲ့ပါတယ်။ BIGBANG အဖွဲ့ဝင် T.O.P ဟာ marijuana သုံးစွဲတယ် ဆိုတဲ့စွဲဆိုချက်တွေနဲ့ရင်ဆိုင်နေရပြီး benzodiazepine စိတ်ငြိမ်ဆေးကိုအလွန်အကျွံသောက်သုံးကာ ဆေးရုံ တင်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဆိုပါ Entertainment agency နဲ့ ၎င်းရဲ့အနုပညာရှင်တွေကတော့ ထိုသို့ စွပ်စွဲခံရမှုနဲ့ပတ်သက်ပြီး ကြီးကြီးမားမားထိခိုက်ခဲ့တာမျိုးမရှိတဲ့ပုံပေါ်ပါတယ်။

ဇွန်လ (13) ရက်နေ့က BIGBANG အဖွဲ့ခေါင်းဆောင် G-Dragon ရဲ့ လေးခွေမြောက် တစ်ကိုယ်တော်အခွေ ထဲက “Untitled” လို့အမည်ရတဲ့သီချင်းဟာ Melon music chart ရဲ့ထိပ်ဆုံးမှာ ခြောက်ရက်ကြာရပ်တည်နေခဲ့ ပါတယ်။ “Untitled” အပါအဝင် YG ကအနုပညာရှင်တွေရဲ့ စုစုပေါင်းသီချင်းငါးပုဒ်ဟာ chart ရဲ့ ထိပ်ဆုံး သီချင်း (10) ပုဒ်နေရာကို ရောက်ရှိအောင်မြင်ခဲ့ပါတယ်။



Psy နှင့် G-Dragon ၏ဓာတ်ပုံ (Yonhap)

တစ်နေ့တည်းမှာပဲ YG ဟာ BLACKPINK ရဲ့မကြာမီပြန်လည်ပေါ်ထွက်လာမည့်အကြောင်းနဲ့ပတ်သက်ပြီး fan တွေကိုအသိပေးဖို့ ၎င်းတို့ရဲ့တရားဝင်ဘလော့ဂ်မှာ ပန်းရောင်အလင်းတွေထိန်ညီးနေတဲ့ ဂရိဘုရားကျောင်း ပုံနဲု့ ကြော်ငြာပုံကို လွှင့်တင်ခဲ့ပါတယ်။

အဆိုပါအယ်လ်ဘမ်ဟာ ၎င်းတို့အဖွဲ့ရဲ့ ဒုတိယမြောက် single “Square Two” ထွက်ရှိပြီးနောက် ခုနစ်လကြာပြီး မှ အဖွဲ့ရဲ့ပြန်လည်ပေါ်ထွက်လာမှုအပေါ်မီးမောင်းထိုးပြထားတာပဲဖြစ်ပါတယ်။

(2016) ခုနှစ် သြဂုတ်လမှာ single သီချင်း “Square Two” နဲ့ပွဲဦးထွက်လာခဲ့ပြီးနောက် အဖွဲ့ဝင်လေးဦးပါအဖွဲ့ ဟာ နိုင်ငံတကာမှာ လူသိများကျော်ကြားလာခဲ့ခြင်းဖြစ်ပါတယ်။ ၎င်းတို့အဖွဲ့ဟာ YouTube မှာ “Playing With Fire” ၊ “Boombayah” နဲ့ “Whistle” တို့ဖြင့် သုံးကြိမ်တိုင်တိုင် ကြည့်ရှုသူ (100) မီလီယမ်ကျော်ရရှိခဲ့ပါတယ်။



2017 ခုနှစ် ဇွန်လ (13) ရက်နေ့တွင် YG Entertainment ၏ တရားဝင်ဘလော့ဂ်၌လွှင့်တင်ခဲ့သည့် BLACKPINK ၏ ထွက်ရှိလာမည့်အယ်လ်ဘမ်အတွက် ကြော်ငြာပုံ (Yonhap)

Provided by Yonhap News.