Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

တောင်ကိုရီးယားလူမျိုးတွေရဲ့ 70 ရာခိုင်နှုန်းကျော်ဟာ CD ဖြင့်သီချင်းနားထောင်ခြင်းမရှိတော့

Mon, Jun 26 2017

SEOUL၊ ဇွန်လ (18) ရက် (Yonhap) -- တောင်ကိုရီးယားလူမျိုး (10) ယောက်အနက် (7) ယောက်ထက် မနည်းတဲ့သူတွေဟာ စမတ်ဖုန်းတွေနဲ့ ကွန်ပြူတာသုံးစွဲမှုတွေမြင့်မားလာတာနဲ့အတူ CD နဲ့သီချင်းနားထောင်တာ မျိုး မလုပ်ကြတော့ဘူးလို့ ဇွန်လ (18) ရက်နေ့ လူဦးရေစာရင်းမှာ ဖော်ပြသွားခဲ့ပါတယ်။

ကိုရီးယားဖန်တီးမှုအကြောင်းအရာအေဂျင်စီ (KCCA) ဟာ များစွာသောတုန့်ပြန်မှုတွေကို ရရှိခဲ့တဲ့ လူတွေရဲ့ သီချင်းနားထောင်တဲ့အလေ့အကျင့်တွေနဲ့ပတ်သက်ပြီး အသက် (10) နှစ်က (59) နှစ်ကြား ကိုရီးယားလူမျိုး 1,200 ကို 2016 ခုနှစ်စစ်တမ်းအတွက် စစ်တမ်းကောက်တဲ့ရလဒ်တွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စစ်တမ်းအရ “2016 Music Industry White Paper” မှာပါဝင်သူတွေအနက် (91) ရာခိုင်နှုန်းသောလူတွေဟာ စမတ်ဖုန်းတွေကနေသီချင်းနားထောင်ကြပြီး တီဗီကနေ (78.8 ရာခိုင်နှုန်း)၊ ကွန်ပြူတာကနေ (44.3 ရာခိုင်နှုန်း) နဲ့ ရေဒီယိုကနေ (29.8 ရာခိုင်နှုန်း) ဖြစ်ပါတယ်။

(25.6) ရာခိုင်နှုန်းသောလူတွေကသာ DVDs နဲ့ Blu-ray အချပ်စတာတွေနဲ့ သီချင်းတွေကို CD တွေ (သို့) အခြားအချပ်တွေကနေ သီချင်းနားထောင်တယ်လို့ ပြောကြားခဲ့ပါတယ်။

အကန့်အသတ်မရှိသော စမတ်ဖုန်းနဲ့နားထောင်သူတွေဟာ အွန်လိုင်းမှာသာနေဖို့ရွေးချယ်ခဲ့ကြပါတယ်။ စစ်တမ်းမှာဆိုရင် (89.4) ရာခိုင်နှုန်းဟာ ၎င်းတို့အနေနဲ့ တကယ့်အယ်လ်ဘမ်တွေကိုမဝယ်ဖြစ်ကြဘဲ အွန်လိုင်း ကနေသာ သီချင်းနားထောင်ဖြစ်တယ်လို့ ပြောကြားခဲ့ကြပါတယ်။

လိုချင်တဲ့သီချင်းအတွက် ရုပ်ဝတ္ထုဖြစ်တဲ့အချပ်တွေနေရာမှာ စမတ်ဖုန်းတွေနေရာယူလာတာနဲ့အတူ အနုပညာ ရှင်တစ်ဦးကလည်း လတ်တလောမှာ အယ်လ်ဘမ်ရဲ့ကန့်သတ်ချက်တွေကို တွန်းအားပေးလိုက်ပါတယ်။

ကျော်ကြားတဲ့ တေးသံရှင်ငါးဦးအဖွဲ့ BIGBANG ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ G-Dragon ဟာလည်း “Kwon Ji Yong” ဆိုတဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်ကို USD flash drive နဲ့ ထုတ်ဝေခဲ့ပါတယ်။ USB စတစ်မှာ တကယ့် သီချင်းတွေမပါဝင်တာကြောင့် ၎င်းကို တကယ့်အယ်လ်ဘမ်လို့အသိအမှတ်ပြုဖို့ကို Korea Music Content Industry Association ကငြင်းဆိုခဲ့ပါတယ်။ အသုံးပြုဖို့လုပ်လိုက်တဲ့အခါမှာ အဲဒါဟာ သီချင်းတွေ၊ သီချင်း ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကိုဒေါင်းလုဒ်ဆွဲနိုင်တဲ့ အထူးဆိုက်ထဲကို အသုံးပြုသူကိုလမ်းညွှန်ပေးလိုက်မှာဖြစ်ပါ တယ်။ နိုင်ငံရဲ့မူပိုင်ခွင့်ဥပဒေမှာတော့ အယ်လ်ဘမ်ဆိုတာ သီချင်းတွေပါဝင်တဲ့ ရုပ်ပိုင်းဆိုင်ရာအရာဝတ္ထုဖြစ် တယ်လို့ ညွှန်းဆိုထားပါတယ်။

G-Dragon ကလည်း မည်သူမဆို မည်သည့်နေရာမှာမဆို သူရဲ့သီချင်းတွေကို နားထောင်နေနိုင်သရွေ့ အပြင်ပိုင်းထုပ်ပိုးမှုဟာ အရေးမကြီးကြောင်းတုန့်ပြန်ခဲ့ပြီး ပုံစံအသစ်ကိုဆုံးဖြတ်စီစဉ်စဉ်မှာပဲ တိမ်ကောနေတဲ့ အဆင့်အတန်းပေါ်မှာ နယ်ပယ်တစ်ခုလုံးဟာလည်း မှီခိုနေလျှက်ရှိပါတယ်။

odissy@yna.co.kr

Provided by Yonhap News.


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။