Mon, Jun 26 2017
SEOUL၊ ဇွန်လ (21) ရက် (Yonhap) -- တောင်ကိုရီးယားအဆိုတော် Hwang Chi-yeul ရဲ့ EP အယ်လ်ဘမ် အသစ် “Be Ordinary” ဟာ ကော်ပီပေါင်း 100,000 ကျော်ရောင်းချခဲ့ရတယ်လို့ သီချင်းရောင်းချရမှုစုံစမ်းချက် အရ ဇွန်လ (21) ရက်နေ့မှာ သိရှိရပါတယ်။
“Be Ordinary” ဟာ ထွက်ရှိပြီး ပထမအပတ်ဖြစ်တဲ့ ဇွန်လ (14-20) ရက်အတွင်း ကော်ပီစုစုပေါင်း 103,787 ကို ရောင်းချခဲ့ရတယ်လို့ Hanteo Chart အရသိရှိရပြီး အဲဒါဟာ 2013 ခုနှစ်က Cho Yong-pil ရဲ့ “Hello” ပြီးတဲ့နောက်မှာတော့ မှတ်ကျောက်တင်နိုင်တော့မယ့် ပထမဆုံး တစ်ကိုယ်တော်အနုပညာရှင်ဖြစ်လာခဲ့ပါတယ်။
“Hwang Chi-yeul ဟာ တစ်ကိုယ်တော်အမျိုးသားအဆိုတော်တွေအတွင်းမှာ လစ်ဟာနေတာကိုဖြည့်ပေးမယ့် မျက်နှာသစ်တစ်ဦးဖြစ်လာခဲ့ပါပြီ” လို့ အဆိုတော်ရဲ့အေဂျင်စီဖြစ်တဲ့ HOW Entertainment ကပြောကြားခဲ့ ပါတယ်။
“Be Ordinary” ဟာ Hwang ရဲ့ 2007 ခုနှစ်က ပွဲဦးထွက်အယ်လ်ဘမ်ဖြစ်တဲ့ “Five Senses” ပြီးတဲ့နောက် (10) နှစ်အတွင်းမှာ ပထမဆုံးထွက်ရှိမှုပါပဲ။ HOW Entertainment ရဲ့အဆိုအရ သရုပ်ဖော်တေးသီချင်းအများစု ဟာ လူတွေရဲ့ ပုံမှန်ဘဝအတွင်းဖြစ်ပျက်တာတွေကို ခံစားရေးဖွဲ့ထားတာပါ။
Hwang ဟာ သူ့ရဲ့ပွဲဦးထွက်ပြီးကတည်းက (10) နှစ်ခန့်အထိ မှေးမှိန်တဲ့အဆိုတော်တစ်ဦးအနေနဲ့ တည်ရှိနေခဲ့ ရာကနေ ပြီးခဲ့တဲ့နှစ်အစောပိုင်းက တောင်ကိုရီးယား TV သီချင်းဆိုပြိုင်ပွဲကို မှီငြမ်းထားတဲ့ တရုတ်နိုင်ငံရဲ့ “I Am a Singer” season 4 မှာပါဝင်ပေးဖို့ တရုတ်နိုင်ငံရဲ့ Hunan ဂြိုလ်တု TV ကဖိတ်ကြားခဲ့ရာကနေပြီးတော့ တစ်ကျော့ပြန် ထွက်ပေါ်လာခဲ့ဖြစ်ပါတယ်။
တရုတ်ရှိုးရဲ့ season နှစ်ခုမှာ နံပါတ် (1) နေရာကိုချိတ်နိုင်ခဲ့တဲ့ Hwang ဟာ နိုင်ငံအနှံ့မှာ အလွန်တစ်ရာကျော် ကြားလာခဲ့ပြီး “Man of the Continent” ဘွဲ့ကိုလည်း ရရှိခဲ့ပါတယ်။
တောင်ကိုရီးယားမှာကျင်းပမယ့် သူရဲ့ပထမဆုံးဖျော်ဖြေပွဲကို ဆိုးလ်ရဲ့အရှေ့တောင်ဘက်ရှိ အိုလံပစ်ပန်းခြံမှာ ယခုလာမယ့်အပတ်မှာကျင်းပသွားဖို့ စီစဉ်ထားပါတယ်။odissy@yna.co.kr
Copyright © Yonhap News. Reprint and redistribution prohibited.