contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

အယ်လ်ဘမ်အသစ်နဲ့အတူ “ခုနှစ် နှစ်ဆိုတဲ့ အကျပ်အတည်းကာလ” ကို ဖြတ်ကျော်လာခဲ့တဲ့ Nine Muses

Tue, Jun 27 2017

SEOUL၊ ဇွန်လ (19) ရက် (Yonhap) – k-pop အဖွဲ့တွေရဲ့ အဖွဲ့သက်တမ်းက ဘယ်လောက်လဲ။ ဘယ်သူမှ တိတိကျကျ မပြောနိုင်ပါဘူး၊ ဒါပေမယ့် Girls’ Generation၊ BTS (သို့) EXO တို့လို ကမ္ဘာအနှံ့က ပရိတ်သတ်တွေရဲ့ အချစ်တော်မဖြစ်သရွေ့တော့ “ခုနှစ်နှစ်ဆိုတဲ့ အကျပ်အတည်းကာလကို” ကို အနုပညာ သက်မွေးဝမ်းကြောင်းရဲ့ စံနှုန်းလို့ လေ့လာသူတွေက ဆိုကြပါတယ်။

ခုနှစ်နှစ်မြောက် အကျပ်အတည်းကာလ ဆိုတာကတော့ အဖွဲ့တွေရဲ့ခုနှစ်နှစ်မြောက်မှာ အကြောင်း အမျိုးမျိုးကြောင့် အဖွဲ့ဖျက်သိမ်းဖို့ ဆုံးဖြတ်နေတဲ့ အထိုက်အလျောက်အောင်မြင်နေတဲ့ အဖွဲ့တွေရဲ့ ပြောင်းလဲမှုတွေကနေ ပေါ်ထွက်လာတာတဲ့ အသုံးအနှုန်းတစ်မျိုးဖြစ်ပါတယ်။ Sistar၊ BEAST၊ 2NE1၊ KARA နဲ့ 4 minute တို့ကတော့ အဲ့လိုမျိုးဖြစ်ခဲ့ပြီးပါပြီလို့ သိရပါတယ်။

အမျိုးသမီးအဖွဲ့ဖြစ်တဲ့ Nine Muses ကတော့ အဖွဲ့ဝင်တွေရဲ့ မော်ဒယ်ပုံပေါက်တဲ့ အလှအပတွေကြောင့် နာမည်ကျော်ကြားလာခဲ့ခြင်းဖြစ်ပြီး၊ သူတို့အဖွဲ့အနေနဲ့ကတော့ ခပ်လန့်လန့်ဖြစ်ရတဲ့ ခုနှစ်နှစ်ပြည့်ကာလကို ဖြတ်ကျော်ထားပြီး အဖွဲ့နာမည် လူပိုသိအောင်နဲ့ အောင်မြင်မှုတွေပိုရအောင် သူတို့ ဆက်ပြီးတော့ ကြိုးစားလိုပါသေးတယ်လို့ ဇွန်လ (19) ရက်နေ့ ကဆိုပါတယ်။



Seoul မြို့ အနောက်မြောက်ဘက်မှာရှိတဲ့ Yes24 Live Hall တွင် 2017 ခုနှစ် ဇွန်လ (9) ရက်နေ့က အဖွဲ့ရဲ့ အယ်လ်ဘမ်အသစ်အတွက် ကျင်းပခဲ့တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ဓာတ်ပုံအရိုက်ခံနေတဲ့ K-pop အဖွဲ့ Nine Muses ရဲ့ ဓာတ်ပုံ (Yonhap)

“ကျွန်မတို့အဖွဲ့ သက်တမ်း ရှစ်နှစ်ထဲမှာရှိနေပေမယ့်လည်း ကျွန်မတို့အရိုးသားဆုံး စိတ်ဓာတ်တွေနဲ့ အလုပ်လုပ်နေတယ်လို့ ကျွန်မထင်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်မတို့ကအခုလက်ရှိ တော်တော်လေး ကြိုးစားရမယ့် အနေအထားမှာ ရှိနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်” လို့ Nine Muses အဖွဲ့ဝင် Kyungri က Seoul မြို့အနောက်မြောက်ပိုင်းမှာရှိတဲ့ Yes24 Live Hall မှာ အဖွဲ့ရဲ့အယ်လ်ဘမ် အသစ်အတွက် ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ သတင်းထောက်တွေကို ပြောသွားပါတယ်။

“အဲ့ဒါကိုကျွန်မစဉ်းစားကြည့်တော့၊ အခုလက်ရှိအချိန်က Nine Muses အတွက် အသစ်အသစ်တွေ ဖန်တီးရမယ့်အချိန်လို့ ကျွန်မထင်ပါတယ်။ မနက်ဖြန်ကစပြီးတော့ Nine Muses ရှိနေသေးတယ်ဆိုတာကို ကျွန်မဖော်ပြလိုပါတယ်” လို့ Hyemi က ဆိုပါတယ်။

အဖွဲ့ဝင်လေးဦးသာရှိတော့တဲ့ အဖွဲ့အနေနဲ့ ခေါင်းစီးသီချင်း “Remember” အပါအဝင်၊ သီချင်းအသစ် ခြောက်ပုဒ်ပါတဲ့ “Muses Diary Part 2:Identity” လို့ အမည်ပေးထားတဲ့ နှစ်နှစ်တာအတွင်း သူတို့ရဲ့ ပထမဆုံးအယ်လ်ဘမ်အသစ်မှာ ပါတဲ့သီချင်းတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။

ဒါပေမယ့် idol အဖွဲ့တွေရဲ့ တခြားမြူးမြူးကြွကြွနဲ့ နွေရာသီ သီချင်းတွေလိုမဟုတ်ဘဲ၊ Nine Muses ရဲ့ ခေါင်းစည်းသီချင်းအသစ်ဖြစ်တဲ့ “Remember” ကတော့ ထုံထုံမှိုင်းမှိုင်း၊ မလှုပ်မရှားချင်ဘဲ မရိုးမရွလေး ဖြစ်တဲ့ ခံစားချက်မျိုးဖြစ်စေတဲ့ ခပ်အေးအေး သီဆိုထားတဲ့ အကနဲ့တွဲဆိုထားတဲ့ သီချင်းပဲ ဖြစ်ပါတယ်။

“အခုအချိန်မှာ အခြားအဖွဲ့တွေဆိုထားတဲ့ သီချင်းအမြူးလေးတွေနဲ့မတူဘဲ မရိုးမရွ ဖြစ်စေတဲ့ သီချင်းလေးကို ကျွန်မတို့ယူဆောင်လာတာပါ” လို့ Kyungri က ပြောပါတယ်။

“တခြား idol အဖွဲ့တွေနဲ့ ယှဉ်ရင် ကျွန်မတို့က အတွေ့အကြုံပိုရှိပြီး ပိုရင့်ကျက်တဲ့အတွက်ကြောင့်၊ အချစ်ကို ကျွန်မတို့က ပိုပြီးလေးလေးနက်နက်ဖြစ်မယ့် နည်းလမ်းနဲ့ ဖော်ပြချင်ခဲ့တာပါ။

အဖွဲ့ရဲ့နာမည်မှာအရတော့၊ အဖွဲ့က 2010 ခုနှစ်မှာ အဖွဲ့ဝင် ကိုးဦးနဲ့ စတင်ပွဲထွက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ကြာလာတော့ အဖွဲ့ဝင်အရေအတွက် နည်းလာပါတယ်။ ယခုနှစ်အစောပိုင်းက သူမရဲ့စာချုပ် သက်တမ်းကုန်ခါနီးမှာ အဖွဲ့ကနေထွက်ခွာမလား ဆက်နေမလားဆိုတဲ့ ရွေးချယ်ရတဲ့အချိန်ကိုလည်း သူမကိုယ်တိုယ် ကြုံတွေခဲ့ရပါတယ်လို့ Hyemi ဆိုပါတယ်။ သူမကတော့ သူမရဲ့ Nine Muses ခရီးရှည်ကြီးကို ဆက်လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“စာချုပ်သက်တမ်း ကုန်ခါနီးတုန်းက ကျွန်မတော်တော်လေး စိတ်ပူခဲ့ရတယ်လေ။ စိတ်ပျက်လက်ပျက် ဖြစ်ရတဲ့ အချိန်တွေလည်း ကျွန်မဖြတ်သန်းခဲ့ရပါတယ်၊ ဒါပေမယ့် အဲ့ဒါတွေအားလုံးကို ကျော်ဖြတ်ပြီး နောက်မှာတော့၊ ကျွန်မအခုဒီမှာရှိနေပါတယ်” လို့ Hyemi က ဆိုပါတယ်။

အဖွဲ့ပွဲထွက်ပြီးကတည်းကဆိုရင် အဖွဲ့ဝင်ထက်ဝက်နီးပါက အဖွဲ့ကနေ နုတ်ထွက်ခဲ့တဲ့အတွက်ကြောင့်၊ အဖွဲ့ရဲ့အနာဂတ် အောင်မြင်မှုတွေနဲ့ စင်မြင့်ဖျော်ဖြေတင်ဆက်မှုတွေအတွက် “တာဝန်ကြီးကြီး” တွေကို တာဝန်ယူထားရပါတယ်လို့ Sojin က ဆိုပါတယ်။

“အဖွဲ့ဝင် ရှစ်ယောက် (သို့) ကိုးယောက်နဲ့တုန်းက၊ စင်ပေါ်မှာ ဖျော်ဖြေတင်ဆက်နေချိန်တွေတုန်းက ဆိုရင် စင်ပေါ်မှာ အရောင်စုံတွေနဲ့ပြည့်နေခဲ့တယ်လေ။ အခုနောက်ပိုင်းစင်ပေါ်မှာ ကတဲ့အချိန်မှာတော့၊ ကကွက်တစ်ခုရဲ့ လှုပ်ရှားမှု တစ်ခုကိုတောင် လွတ်မသွားဖို့နဲ့ ချော်မသွားဖို့ ကျွန်မတို့ကြိုးစားရပါတယ်” လို့ Sojin က ဆိုပါတယ်။



Seoul မြို့ အနောက်မြောက်ပိုင်းရှိ Yes24 Live Hall တွင် 2017 ခုနှစ်၊ ဇွန်လ (19) ရက်နေ့က ကျင်းပခဲ့တဲ့ အဖွဲ့ရဲ့အယ်လ်ဘမ်အသစ်အတွက် မီဒီယာတွေ့ဆုံပွဲတစ်ခုမှာ ဓာတ်ပုံအရိုက်ခံနေတဲ့ အမျိုးသမီးအဖွဲ့ Nince Muses ရဲ့ Kyungri (Yonhap)

odissy@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။