contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

သရုပ်ဆောင် မင်းသမီး Song Hye-kyo နဲ့ ချိန်းတွေ့တယ်ဆိုတာကို ငြင်းလိုက်တဲ့ မင်းသား Song Joog-ki

Tue, Jun 27 2017

SEOUL၊ ဇွန်လ (19) ရက် (Yonhap) – 2016 ခုနှစ်က ထွက်ထားတဲ့ နာမည်ကျော် ဒရာမာ ဇာတ်ကားဖြစ်တဲ့ “Descendants of the Sun” ရဲ့ ကြယ်ပွင့် မင်းသမီး Song Hye-gyo နဲ့ ရိုမန်းတစ်ဆန်တဲ့ ဆက်ဆံရေးတွေ ရှိနေခဲ့ပြီး နှစ်ဦးစလုံးက အင်ဒိုနီးရှားမှာ အတူတကွ အပန်းဖြေအနားယူခဲ့ကြတယ်ဆိုတဲ့ ကောလဟာလ တွေကို မင်းသား Song Joong-ki က ငြင်းဆိုလိုက်ပါတယ်။

“Song Joon-ki ကတော့ သူ့ရဲ့ရုပ်ရှင်ကား ‘Battleship Island’ အတွက် ပရိုးမိုးရှင်းလုပ်တဲ့ လှုပ်ရှားမှုတွေ မစခင်မှာဘဲ သူ့သူငယ်ချင်းတွေနဲ့ Bali ကို အပန်းဖြေခရီးထွက်ခဲ့ပါတယ်” လို့ Blossom Entertainment က ဆိုပါတယ်။

Song Hye-gyo ရဲ့ အေဂျင်စီဖြစ်တဲ့ UAA ကတော့ မကြာသေးခင်ကမှ မင်းသမီးက Bali ကို အလည်အပတ် သွားခဲ့တာကိုတော့ လက်ခံပေမယ့် သူတို့နှစ်ဦးတွေ့ဖြစ်ခဲ့ကြတယ်ဆိုတာကိုတော့ ငြင်းဆိုခဲ့ပါတယ်။

“မင်းသမီးက Bali ကို သွားခဲ့တာတော့ အမှန်ပါ၊ ဒါပေမယ့် အဲ့ဒါက ပရောဂျက်အစည်းအဝေးအတွက်ပါ။ မင်းသမီးက Song Joon-ki နဲ့ မတွေ့ခဲ့ဘူးဆိုတာကို ကျွန်မတို့ အတည်ပြုပါတယ်၊” လို့ ကုမ္ပဏီက ဆိုပါတယ်။

စိတ်ကူးယဉ်ဆန်တဲ့ စစ်ပွဲကြောင့် ဖွတ်ဖွတ်ကြေနေတဲ့ Uruk လို့ ခေါ်တဲ့နိုင်ငံမှာ ရိုက်ကူးထားတဲ့ 2016 ခုနှစ်က နာမည်ကျော် လူကြိုက်များခဲ့တဲ့ KBS 2TV ရဲ့ ဇာတ်လမ်းတွဲမှာ စစ်သားနဲ့ ဆရာဝန် စုံတွဲအဖြစ် ကြယ်ပွင့်နှစ်ဦးက ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ အမည်မဖော်ပြထားတဲ့ အင်တာနက်အသုံးပြုသူတစ်ဦးက သူတို့နှစ်ဦး New York မှာ အတူတူ ဈေးဝယ်ထွက်ပြီး ညစာစားနေတာကို တွေ့ခဲ့တယ်လို့ အခိုင်အမာဆို လိုက်တဲ့အချိန် ပြီးခဲ့တဲ့နှစ်မှာတော့ သူတို့နှစ်ဦးချိန်းတွေ့တယ်ဆို့တဲ့ ကောလဟာလ ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့ပါတယ်။



တောင်ကိုရီးယား မင်းသား Song Joong-ki (ဝဲ) နဲ့ မင်းသမီး Song Hye-gyo တို့ရဲ့ ဓာတ်ပုံ (Yonhap)

odissy@yna.co.kr

Provided by Yonhap News.

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။