Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

လာမယ့်ဇန်နဝါရီလမှာ ဒုတိယကလေးကိုမွေးဖွားဖို့မျှော်လင့်နေတဲ့ မင်းသမီး Jun Ji-hyun

Fri, Jun 30 2017

SEOUL၊ ဇွန်လ (26) ရက် (Yonhap) – တောင်ကိုရီးယားမင်းသမီး Jun Ji-hyun ဟာ ဒုတိယမြောက်ကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း သူမရဲ့အေဂျင်စီထံကနေ ဇွန်လ (26) ရက်နေ့မှာ သိရှိရပါတယ်။

“Jun Ji-hyun ဟာ ပြီးခဲ့တဲ့အပတ်က ဆေးရုံကိုသွားရောက်ခဲ့ပြီး သူမမှာ ကိုယ်ဝန် (10) ပတ်ရှိနေပြီဆိုတာကို သိခဲ့ရတာပါ။ ကလေးကို ဇန်နဝါရီလထဲမှာမွေးဖွားမှာဖြစ်ပါတယ်။” လို့ Culture Depot ကပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့အပြင်ဘက်မှာ Gianna Jun လို့လည်းသိကြတဲ့ အသက် (36) နှစ်အရွယ်မင်းသမီးဟာ နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ Lee Jung-woo ရဲ့ဒုတိယသားဖြစ်တဲ့ Choi Jun-hyeok နဲ့ (2012) ခုနှစ်မှာ လက် ထပ်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့သားဦးလေးကိုတော့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက မွေးဖွားခဲ့တာပါ။

လက်ထပ်ပြီးနောက်မှာတော့ Jun ဟာ သူမရဲ့အသက်မွေးဝမ်းကြောင်းမှာ ဒုတိယအအောင်မြင်ဆုံးဖြစ်တဲ့ ရုပ်ရှင်တွေဖြစ်တဲ့ “The Berlin File” နှင့် “Assassination” ၊ TV စီးရီးတွေဖြစ်တဲ့ “My Love from the Star” နဲ့ “Legend of the Blue Sea” တို့နဲ့ စီးပွားရေးအရအောင်မြင်မှုတွေ ရရှိပိုင်ဆိုင်လာတာဖြစ်ပါတယ်။



မင်းသမီး Jun Ji-hun ပုံ (Yonhap)

odissy@yna.co.kr

Provided by Yonhap News.