Lotayamm

search
မာတိကာ

contents

ကိုရီးယားအနုပညာဖျော်ဖြေမှုများ > သတင်းများ

ဆေးရုံကို ဝမ်သန်း (100) တိတ်တဆိတ်လှူဒါန်းခဲ့တဲ့ သရုပ်ဆောင်မင်းသမီး Song Hye-kyo

Thu, Jul 13 2017

SEOUL၊ ဇူလိုင်လ (6) ရက် (Yonhap) – သရုပ်ဆောင်မင်းသား Song Joong-ki နဲ့ လက်ထပ်တော့မယ့် အကြောင်းကို အံ့အားသင့်ဖွယ်ကြေငြာခဲ့တဲ့ သရုပ်ဆောင်မင်းသမီး Song Hye-kyo ဟာ ကလေးဆေးရုံကို လတ်တလောမှာပဲ ဝမ်သန်း (100) တိတ်တဆိတ်လှူဒါန်းခဲ့တယ်လို့ အရင်းအမြစ်တွေထံကနေ ဇူလိုင်လ (6) ရက်နေ့မှာသိရှိရပါတယ်။

မင်းသမီးဟာ ဆိုးလ်အမျိုးသားတက္ကသိုလ်ကလေးဆေးရုံကို မေလအတွင်းကျရောက်တဲ့ ကလေးများနေ့အခမ်း အနားအတွက် လှူဒါန်းခဲ့တာဖြစ်တယ်လို့ ဆေးရုံရဲ့တာဝန်ရှိသူတွေထံမှ သိရပါတယ်။ Song ဟာ ဆေးရုံကို လှူဒါန်းတဲ့အကြောင်းကို လျှို့ဝှက်ထားပေးဖို့ပြောခဲ့တယ်လို့လည်း သိရှိရပါတယ်။

ပြီးခဲ့တဲ့နှစ်က Song ဟာ “May, Children” လို့အမည်ရတဲ့ KBS 1 TV ရဲ့ ကလေးများအတွက် မှတ်တမ်းရုပ်ရှင် မှာ သူမရဲ့အသံနဲ့ ဇာတ်ကြောင်းပြောသူအဖြစ် ပါဝင်ခဲ့ပါသေးတယ်။ အဆိုပါအစီအစဉ်ဟာ ဆေးရုံမှာရှိတဲ့ ဆေး ဝန်ထမ်းတွေနဲ့ ကလေးမိဘတွေရဲ့နေ့စဉ်ဘဝတွေကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။

Song ဟာ သူမရဲ့ အသက်မွေးဝမ်းကြောင်းတောက်လျှောက်မှာ ပုံမှန်ဆိုသလို ကြီးကြီးမားမား လှူဒါန်းမှုပြုလုပ် တတ်တာတွေကြောင့် လူသိများထင်ရှားတဲ့သူဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း ကိုယ်ကျိုး မဖက်တဲ့ Beautiful Fund ကို ဝမ် သန်း (150) လှူဒါန်းခဲ့ပါသေးတယ်။

အသက် (35) နှစ်အရွယ်မင်းသမီးဟာ အောက်တိုဘာလက အလွန့်အလွန်ထင်ရှားကျော်ကြားခဲ့တဲ့ (2016) ခုနှစ်ဒရာမာ “Descendants of the Sun” ရဲ့ တွဲဖက်ငွေကြယ်ပွင့်ဖြစ်သူ Song Joong-ki နဲ့ လက်ထပ်တော့မယ် ဆိုတဲ့ကြေငြာချက်ထုတ်ပြီးတဲ့နောက် ဇူလိုင်လ (5) ရက်နေ့မှာ လူအများစိတ်ဝင်စားတဲ့ ခေါင်းစီးသတင်းဖြစ်လာ ခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ချိန်းတွေ့နေကြပြီဆိုတဲ့ခန့်မှန်းပြောဆိုချက်နဲ့ သတင်းတွေကို ဆက်တိုက်ငြင်းဆန် လာခဲ့တာပါ။


သရုပ်ဆောင်မင်းသမီး Song Hye-kyo ပုံ (Yonhap)

odissy@yna.co.kr

Provided by Yonhap News.